Property Expo
×

ေန႔အခ်ိန္မွာ အလုပ္အတြက္ အခ်ိန္ေပးၾကၿပီးေနာက္ ညဘက္အိမ္ေရာက္ တာနဲ႔ ေအးေအးခ်မ္းခ်မ္း နားေနခ်င္ၾကပါတယ္။ ညအခ်ိန္ေတြမွာ က်န္းမာေရးထိခိုက္ေစတဲ့ အမူအက်င့္ေတြ လုပ္မိတတ္တာေၾကာင့္ ဘာေတြကို သတိထားၿပီး ေရွာင္သင့္သလဲဆုိတာ ေဖာ္ျပေပးလုိက္ပါတယ္။

လုံေလာက္ေသာအစားမစားျခင္း - ကိုယ္အေလးခ်ိန္တက္မွာစိုးလို႔ အစားအေသာက္ေတြကို ကန္႔ သတ္စားေသာက္ရာကေန လုံ ေလာက္တဲ့ အသားဓာတ္နဲ႔ တျခား အာဟာရဓာတ္ေတြမရဘဲ အၿမဲ ဆာေလာင္ေနေစပါတယ္။ ဒီလုိ နဲ႔ အစားေသေသခ်ာခ်ာမစားရတဲ့အ တြက္ ေပါ့ေပါ့ပါးပါးဆိုၿပီး သၾကားလုံးေတြ၊ ေရခဲမုန္႔ေတြစတဲ့အခ်ဳိစာ ေ တြကို ညဘက္မွာအလိုလို စားမိ ေစပါတယ္။

ပမာဏအမ်ားႀကီးစားေသာက္ ျခင္း- အစာနည္းနည္းေလး စား တာမေကာင္းသလို တရားလြန္အ မ်ားႀကီးစားတာကိုလည္း ေရွာင္ဖို႔ လိုပါတယ္။ အကယ္၍ အခ်ဥ္ ဓာတ္ပါတဲ့ အစားအစာေတြပါရင္ အစာေခ်ဖ်က္မႈကို ဒုကၡေပးႏုိင္ပါ တယ္။

ကစီဓာတ္ပါေသာ အစာအမ်ား ႀကီးစားျခင္း- ခႏၶာကုိယ္ရဲ႕ ဇီ၀ျဖစ္ စဥ္နဲ႔ က်န္းမာေသာအေနအထား ကို ဆုိးက်ဳိးျဖစ္ေစပါတယ္။ ည ဘက္ေတြမွာ ကယ္လိုရီေလာင္ ကြၽမ္းမႈနည္းတဲ့အတြက္ ခႏၶာကိုယ္ ထဲမွာ အဆီေတြစုထားသလို ျဖစ္ ေစပါတယ္။

အစားစားေနစဥ္ ယမကာေသာက္ ျခင္း - အရက္ဟာ ခႏၶာကုိယ္ကို ေရဓာတ္ကုန္ခန္းေစသလို ဇီ၀ျဖစ္ စဥ္လုပ္ငန္းစဥ္ေတြကိုလည္း ေႏွး ေကြးေစပါတယ္။ လူကိုေဖာင္းပြပြ ျဖစ္ေစသလို မနက္မုိးလင္းအိပ္ရာ ႏုိးတဲ့အခါမွာလည္း ေႏွးေကြးေလး လံေနေစပါတယ္။

ေလ့က်င့္ခန္းလုပ္ၿပီး အကိုက္အခဲ ေပ်ာက္ေဆးေသာက္ျခင္း - ေလ့ က်င့္ခန္းလုပ္ၿပီးလို႔ ကိုယ္လက္နာ တာသက္သာေအာင္ဆိုၿပီး အ ကိုက္အခဲေပ်ာက္ေဆးေတြကို ေန႔ေရာညပါ ေသာက္တာဟာ ခႏၶာ ကိုယ္ရည္စြမ္းရည္ေတြကို က်ဆင္းေစသလို ႂကြက္သားေတြ သန္မာ မႈကိုလည္း ေလ်ာ့က်ေစပါတယ္။ နာက်င္ကိုက္ခဲရင္လည္း ေရခဲ အိတ္ကပ္ေပးတာပဲျဖစ္ျဖစ္၊ ေလ့က်င့္ခန္းလုပ္ခ်ိန္ အေျပာင္းအလဲ လုပ္တာပဲျဖစ္ျဖစ္ လုပ္သင့္ပါ တယ္။

အရမ္းပူတဲ့ ပတ္၀န္းက်င္မွာ အိပ္ စက္ျခင္း - ပူေလာင္ေနတဲ့ အခန္းထဲမွာ အိပ္တာဟာ ေခြၽးထြက္မ်ားေစ႐ုံသာမက အိပ္စက္မႈကိုပါ အ ေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ အပူကဇီ၀ျဖစ္စဥ္ လည္ပတ္မႈကို ေႏွးေကြးေစတဲ့အတြက္ ခႏၶာကိုယ္အတြက္ ဆုိးက်ဳိးျဖစ္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

နေ့အချိန်မှာ အလုပ်အတွက် အချိန်ပေးကြပြီးနောက် ညဘက်အိမ်ရောက် တာနဲ့ အေးအေးချမ်းချမ်း နားနေချင်ကြပါတယ်။ ညအချိန်တွေမှာ ကျန်းမာရေးထိခိုက်စေတဲ့ အမူအကျင့်တွေ လုပ်မိတတ်တာကြောင့် ဘာတွေကို သတိထားပြီး ရှောင်သင့်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

လုံလောက်သောအစားမစားခြင်း - ကိုယ်အလေးချိန်တက်မှာစိုးလို့ အစားအသောက်တွေကို ကန့် သတ်စားသောက်ရာကနေ လုံ လောက်တဲ့ အသားဓာတ်နဲ့ တခြား အာဟာရဓာတ်တွေမရဘဲ အမြဲ ဆာလောင်နေစေပါတယ်။ ဒီလို နဲ့ အစားသေသေချာချာမစားရတဲ့အ တွက် ပေါ့ပေါ့ပါးပါးဆိုပြီး သကြားလုံးတွေ၊ ရေခဲမုန့်တွေစတဲ့အချိုစာ ေ တွကို ညဘက်မှာအလိုလို စားမိ စေပါတယ်။

ပမာဏအများကြီးစားသောက် ခြင်း- အစာနည်းနည်းလေး စား တာမကောင်းသလို တရားလွန်အ များကြီးစားတာကိုလည်း ရှောင်ဖို့ လိုပါတယ်။ အကယ်၍ အချဉ် ဓာတ်ပါတဲ့ အစားအစာတွေပါရင် အစာချေဖျက်မှုကို ဒုက္ခပေးနိုင်ပါ တယ်။

ကစီဓာတ်ပါသော အစာအများ ကြီးစားခြင်း- ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ် စဉ်နဲ့ ကျန်းမာသောအနေအထား ကို ဆိုးကျိုးဖြစ်စေပါတယ်။ ည ဘက်တွေမှာ ကယ်လိုရီလောင် ကျွမ်းမှုနည်းတဲ့အတွက် ခန္ဓာကိုယ် ထဲမှာ အဆီတွေစုထားသလို ဖြစ် စေပါတယ်။

အစားစားနေစဉ် ယမကာသောက် ခြင်း - အရက်ဟာ ခန္ဓာကိုယ်ကို ရေဓာတ်ကုန်ခန်းစေသလို ဇီဝဖြစ် စဉ်လုပ်ငန်းစဉ်တွေကိုလည်း နှေး ကွေးစေပါတယ်။ လူကိုဖောင်းပွပွ ဖြစ်စေသလို မနက်မိုးလင်းအိပ်ရာ နိုးတဲ့အခါမှာလည်း နှေးကွေးလေး လံနေစေပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီး အကိုက်အခဲ ပျောက်ဆေးသောက်ခြင်း - လေ့ ကျင့်ခန်းလုပ်ပြီးလို့ ကိုယ်လက်နာ တာသက်သာအောင်ဆိုပြီး အ ကိုက်အခဲပျောက်ဆေးတွေကို နေ့ရောညပါ သောက်တာဟာ ခန္ဓာ ကိုယ်ရည်စွမ်းရည်တွေကို ကျဆင်းစေသလို ကြွက်သားတွေ သန်မာ မှုကိုလည်း လျော့ကျစေပါတယ်။ နာကျင်ကိုက်ခဲရင်လည်း ရေခဲ အိတ်ကပ်ပေးတာပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်ချိန် အပြောင်းအလဲ လုပ်တာပဲဖြစ်ဖြစ် လုပ်သင့်ပါ တယ်။

အရမ်းပူတဲ့ ပတ်ဝန်းကျင်မှာ အိပ် စက်ခြင်း - ပူလောင်နေတဲ့ အခန်းထဲမှာ အိပ်တာဟာ ချွေးထွက်များစေရုံသာမက အိပ်စက်မှုကိုပါ အ နှောင့်အယှက် ဖြစ်စေပါတယ်။ အပူကဇီဝဖြစ်စဉ် လည်ပတ်မှုကို နှေးကွေးစေတဲ့အတွက် ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top