iGREEN Promotion Singapore
×

  ေျမာက္ဥကၠလာပၿမိဳ႕နယ္ (ဋ)ရပ္ကြက္အတြင္း ေနအိမ္ေရွ႕သုိ႔လာေရာက္ကာ ေျဗာက္အုိးေဖာက္ေနသူကို တားဆီးေျပာဆိုရာမွ အမ်ဳိးသမီးတစ္ဦးကုိ အိမ္ေပၚတက္၍ စေကဘာျဖင့္ ထုိးသြားေၾကာင္းသတင္းရရွိသည္။
 ေျမာက္ဥကၠလာပၿမိဳ႕နယ္(ဋ)ရပ္ကြက္ဥဇၨနာ(၉)လမ္းရွိ ေနအိမ္တစ္အိမ္ေရွ႕တြင္ ေျဗာက္အုိးေဖာက္ေနသည့္ အသက္ (၂၇)ႏွစ္ခန္႔အရြယ္ အမ်ဳိးသားကို စက္တင္ဘာ ၂၀ ရက္ ည ၈ နာရီခန္႔တြင္ အိမ္ရွင္အမ်ဳိးသမီးက တားဆီးရာမွ စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း ေျမာက္ဥကၠလာပၿမိဳ႕ နယ္ ရဲတပ္ဖဲြ႕မွဴး႐ုံးက ရဲအရာရွိတစ္ဦးကဆုိသည္။

 ‘‘ေျဗာက္အုိးေဖာက္တာကို တားလုိ႔ စေကဘာနဲ႔ တက္ထုိးတာ။ တရားခံကေတာ့ မမိေသးပါဘူး။ လုိက္ေနတုန္းပဲ။ ဒဏ္ရာရတဲ့ အမ်ဳိးသမီးကေတာ့ အသက္အႏၲရာယ္စိုးရိမ္စရာ မရွိေတာ့ပါဘူး’’ဟု ၎ကဆုိသည္။

 ထိုသို႔ ေနအိမ္ေရွ႕တြင္ ေျဗာက္အုိးေဖာက္ေနသည့္ ငေဇာ္ဆုိသူကို အသက္ (၃၀)ႏွစ္ေက်ာ္အရြယ္ မစမ္းစမ္းသင္းက ေနအိမ္ေရွ႕တြင္ ေျဗာက္အုိးမေဖာက္ရန္ တားဆီးသည္ကို မေက်နပ္သျဖင့္ အသင့္ပါလာ ေသာ စေကဘာျဖင့္ ေနအိမ္ေပၚသို႔တက္ကာ ထုိးျခင္းျဖစ္ေၾကာင္း ၎ကဆက္လက္ရွင္းျပသည္။

ေနအိမ္ေပၚသို႔တက္ကာ စ ေကဘာျဖင့္ ထုိးခံရသျဖင့္ မစမ္း စမ္းသင္း၏ ၀ဲဘက္ရင္ဘတ္၊ ၀ဲလက္ေမာင္းႏွင့္  ၀ဲလက္ဖ်ံတို႔တြင္ ထိုးသြင္းဒဏ္ရာမ်ား ရရွိသျဖင့္ ေျမာက္ဥကၠလာပေဆး႐ုံသို႔ အတြင္းလူနာအျဖစ္ တင္ပို႔ကုသထားေၾကာင္း ေျမာက္ဥကၠလာပၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖဲြ႕၀င္တစ္ဦးက ဆုိသည္။

ေနအိမ္ေပၚသို႔ တက္ကာ စေကဘာျဖင့္ ထိုးခဲ့သည့္ ငေဇာ္ ဆုိသူကို ေျမာက္ဥကၠလာပၿမိဳ႕မ ရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၄၅၂/၃၂၄ ျဖင့္ အမႈဖြင့္စုံစမ္း လ်က္ရွိေၾကာင္း ေျမာက္ဥကၠလာ ပၿမိဳ႕မရဲစခန္းမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  မြောက်ဥက္ကလာပမြို့နယ် (ဋ)ရပ်ကွက်အတွင်း နေအိမ်ရှေ့သို့ လာရောက်ကာ ဗြောက်အိုးဖောက်နေသူကို တားဆီးပြောဆိုရာမှ အမျိုးသမီးတစ်ဦးကို အိမ်ပေါ်တက်၍ စကေဘာဖြင့် ထိုးသွားကြောင်း သတင်းရရှိ သည်။


 မြောက်ဥက္ကလာပမြို့နယ် (ဋ)ရပ်ကွက် ဥဇ္ဇနာ(၉)လမ်းရှိ နေအိမ်တစ်အိမ်ရှေ့တွင် ဗြောက်အိုးဖောက်နေသည့် အသက် (၂၇)နှစ်ခန့်အရွယ် အမျိုးသားကို စက်တင်ဘာ ၂၀ ရက် ည ၈ နာရီခန့်တွင် အိမ်ရှင်အမျိုးသမီးက တားဆီးရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မြောက်ဥက္ကလာပမြို့ နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိတစ်ဦးကဆိုသည်။

 ‘‘ဗြောက်အိုးဖောက်တာကို တားလို့ စကေဘာနဲ့ တက်ထိုးတာ။ တရားခံကတော့ မမိသေးပါဘူး။ လိုက်နေတုန်းပဲ။ ဒဏ်ရာရတဲ့ အမျိုးသမီးကတော့ အသက်အန္တရာယ်စိုးရိမ်စရာ မရှိတော့ပါဘူး’’ဟု ၎င်းကဆိုသည်။

 ထိုသို့ နေအိမ်ရှေ့တွင် ဗြောက်အိုးဖောက်နေသည့် ငဇော်ဆိုသူကို အသက် (၃၀)နှစ်ကျော်အရွယ် မစမ်းစမ်းသင်းက နေအိမ်ရှေ့တွင် ဗြောက်အိုးမဖောက်ရန် တားဆီးသည်ကို မကျေနပ်သဖြင့် အသင့်ပါလာ သော စကေဘာဖြင့် နေအိမ်ပေါ်သို့တက်ကာ ထိုးခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

နေအိမ်ပေါ်သို့တက်ကာ စ ကေဘာဖြင့် ထိုးခံရသဖြင့် မစမ်း စမ်းသင်း၏ ဝဲဘက်ရင်ဘတ်၊ ဝဲလက်မောင်းနှင့်  ဝဲလက်ဖျံတို့တွင် ထိုးသွင်းဒဏ်ရာများ ရရှိသဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ အတွင်းလူနာအဖြစ် တင်ပို့ကုသထားကြောင်း မြောက်ဥက္ကလာပမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

နေအိမ်ပေါ်သို့ တက်ကာ စကေဘာဖြင့် ထိုးခဲ့သည့် ငဇော် ဆိုသူကို မြောက်ဥက္ကလာပမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၅၂/၃၂၄ ဖြင့် အမှုဖွင့်စုံစမ်း လျက်ရှိကြောင်း မြောက်ဥက္ကလာ ပမြို့မရဲစခန်းမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top