Property Expo
×

မႏၱေလး၊ မဟာေအာင္ၿမိဳ႕နယ္ထဲက ဓမၼာရံုတစ္ခုမွာ ဓမၼစႀကၤာရြတ္ဖတ္ေနတုန္း နယ္သာလန္ႏိုင္ငံသားတစ္ဦးက အသံခ်ဲ႕စက္ ၀င္ပိတ္ သြားလုိ႔ ပုဒ္မႏွစ္ခုနဲ႔ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

စက္တင္ဘာလ၂၃ ရက္ ည ၁၀ နာရီေလာက္က တမာကုန္းရပ္ကြက္မွာ အဖိတ္ေန႔ ဓမၼစႀကၤာရြတ္ဖတ္ေနတာကုိ ရက္ကြက္ထဲက ဟိုတယ္တစ္ခုမွာတည္းခိုေနတဲ့ ႏိုင္ငံျခားသားတစ္ဦးက ဓမၼာရံုထဲကုိဝင္ၿပီး အသံခ်ဲ႕စက္ပိတ္သြားလို႔ သာသနာညိႈးႏြမ္းမႈ၊ ဗီဇာစည္းကမ္း ေဖာက္ဖ်က္မႈတို႔နဲ႔ အမႈဖြင့္ခဲ့တယ္လို႔ အမွတ္ ၉ နယ္ေျမရဲတပ္ဖြဲ႕စခန္းမႉး ဒုရဲမႉးၾကည္စိုးက ေျပာပါတယ္။

အသံခ်ဲ႕စက္၀င္ပိတ္သြားတဲ့ ႏိုင္ငံျခားသားက ဓမၼာရံုထဲကုိ ဖိနပ္မခၽြတ္ဘဲဝင္ေရာက္ခဲ့တယ္လို႔ ရက္ကြက္ေနသူေတြက အဆိုပါ ႏိုင္ငံျခားသားကုိ ဟိုတယ္ျပင္ပကို ထုတ္ေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔  တမာရပ္ကြက္မွာ ေနထိုင္တဲ့ ကိုဇင္မင္းႏိုင္က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
မန္တလေး၊ မဟာအောင်မြို့နယ်ထဲက ဓမ္မာရုံတစ်ခုမှာ ဓမ္မစင်္ကြာရွတ်ဖတ်နေတုန်း နယ်သာလန်နိုင်ငံသားတစ်ဦးက အသံချဲ့စက် ဝင်ပိတ် သွားလို့ ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ၂၃ ရက် ည ၁၀ နာရီလောက်က တမာကုန်းရပ်ကွက်မှာ အဖိတ်နေ့ ဓမ္မစင်္ကြာရွတ်ဖတ်နေတာကို ရက်ကွက်ထဲက ဟိုတယ်တစ်ခုမှာတည်းခိုနေတဲ့ နိုင်ငံခြားသားတစ်ဦးက ဓမ္မာရုံထဲကိုဝင်ပြီး အသံချဲ့စက်ပိတ်သွားလို့ သာသနာညှိုးနွမ်းမှု၊ ဗီဇာစည်းကမ်း ဖောက်ဖျက်မှုတို့နဲ့ အမှုဖွင့်ခဲ့တယ်လို့ အမှတ် ၉ နယ်မြေရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးကြည်စိုးက ပြောပါတယ်။

အသံချဲ့စက်ဝင်ပိတ်သွားတဲ့ နိုင်ငံခြားသားက ဓမ္မာရုံထဲကို ဖိနပ်မချွတ်ဘဲဝင်ရောက်ခဲ့တယ်လို့ ရက်ကွက်နေသူတွေက အဆိုပါ နိုင်ငံခြားသားကို ဟိုတယ်ပြင်ပကို ထုတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့  တမာရပ်ကွက်မှာ နေထိုင်တဲ့ ကိုဇင်မင်းနိုင်က ပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top