Property Expo
×






Credit:Thit Htoo Lwin

#Unicode Version
Massschusetts  က ရဲတွေက ရပ်ထားတဲ့ ကားဘော်ဒီထဲပေါ်ကို တက်သွားတဲ့ မွေးကင်းစ ကြောင်ပေါက်လေးကို ကယ်ဆယ်ခဲ့ကြပါတယ်။

Beverly ရဲဌာနက ကားထဲမှာ ပိတ်မိပြီး ဒုက္ခရောက်နေတဲ့ အသက် ၈ ပါတ် အရွယ်ကြောင်လေးပုံ ကို မျှဝေခဲ့ပါတယ်။

‘ အသက် ၈ ပါတ်အရွယ် ကြောင်လေးကို  ကားအောက်ကနေ အမြန်ဆုံး ကယ်တင်ပေးခဲ့တဲ့ Beverly ရဲတပ်ဖွဲ့ဝင်တွေနဲ့ တိရိစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့အစည်းကို ကျေးဇူးတင်ပါတယ်  ‘ လို့လဲ ရေးသားထားပါတယ်။

ကြိုးဆွဲကားတွေပါလာရောက်ပြီး ကယ်ဆယ်ရေးလွယ်ကူအောင် ကူညီဆောင်ရွက်ပေးတယ်လို့လဲ သိရပါတယ်။

ကြောင်ပေါက်လေးရဲ့ အပူလျှပ်တဲ့ဒါဏ်ကြောင့် အနာတရဖြစ်သွားတာကိုလည်း ဆေးခန်းကို ပို့ဆောင်ကုသပေးခဲ့ပြီး ခုဆိုရင်တော့ ပြန်လည်ကျန်းမာလာပြီတဲ့။


 ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top