Property Expo
×

 ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ သည္ ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးခဲ့ေသာ ပုဂံၿမိဳ႕ရွိ ေစတီပုထုိးမ်ားကို လာအုိခရီးစဥ္အၿပီး စက္တင္ဘာ ဒုတိယပတ္တြင္ လာေရာက္ၾကည့္႐ႈစစ္ေဆးမည္ျဖစ္ေၾကာင္းသာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

‘‘ေနာက္တစ္ပတ္မွာ အထူး VIP ခရီးစဥ္ရွိတယ္။ ေဒၚေအာင္ ဆန္းစုၾကည္ေပါ့။ ရက္ေတာ့ အတိအက်မသိရေသးဘူး။’’ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ သည္ လာအုိႏိုင္ငံတြင္က်င္းပမည့္ (၄)ႀကိမ္ေျမာက္ အာဆီယံ-အေမရိကန္ ထိပ္သီးအစည္း အေဝး၊ (၁၁)ႀကိမ္ေျမာက္ အေရွ႕ အာရွ ထိပ္သီးအစည္းအေဝးမ်ား သ႔ို တက္ေရာက္ရန္ စက္တင္ဘာ ၆ ရက္နံနက္တြင္ လာအိုႏိုင္ငံသို႔ သြားေရာက္မည္ျဖစ္သည္။

‘‘အစ္မႀကီးေဒၚေအာင္ဆန္း စုၾကည္ လာဖို႔ရွိတယ္။ ရက္ေတာ့ မသိရေသးဘူး။ သူလည္း လံုးဝ မအားဘူးျဖစ္ေနတယ္။ တစ္ ကမၻာလံုးက သူ႔ကို ဖိတ္ေနတယ္။ မသြားႏိုင္ဘူး။ အခု ပင္လံုအစည္း အေဝးၿပီးသြားၿပီ။ လာအိုကို သြား ရမယ္။ ျပန္လာရင္ေတာ့ ျပည္ တြင္းေရးကိစၥေတြ လုပ္ႏုိင္မွာပါ။ ပုဂံကိုလည္း အရမ္းစိတ္ဝင္စား ေနတယ္။ ဖုန္းနဲ႔ပဲ ၫႊန္ၾကားႏုိင္ တယ္ေပါ့’’ဟု သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးသူရဦးေအာင္ကို က ေျပာသည္။

ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီး ခဲ့ေသာ ပုဂံၿမိဳ႕ရွိ ေစတီပုထုိး အေရအတြက္မွာ လက္ရွိအခ်ိန္တြင္ ၃၉၇ ဆူ စာရင္းရရွိထားေသာ္ လည္း ပ်က္စီးမႈဘုရား အေရ အတြက္ ထပ္တိုးလာႏိုင္ေၾကာင္း ေညာင္ဦးခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးစိုးတင့္က ေျပာသည္။

ပုဂံၿမိဳ႕ရွိ ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးသြားေသာ ေစတီပုထုိးမ်ား အနက္ မုိးယုိစိမ့္မႈျပႆနာ အဓိကႀကံဳေတြ႕ႏုိင္ေသာ ေစတီပုထုိး အဆူ ၄၀ ကို မိုးကာမ်ား မုိးထားၿပီးျဖစ္သည္။

ပ်က္စီးသြားေသာ ပုဂံၿမိဳ႕ရွိ ေစတီပုထိုးမ်ားကို ႏိုင္ငံေတာ္ သမၼတအပါအဝင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ျပည္ ေထာင္စုဝန္ႀကီးအမ်ားအျပားက လာေရာက္ၾကည့္႐ႈ စစ္ေဆးခဲ့ သည္။

ထုိ႔အျပင္ စက္တင္ဘာ ၅ ရက္ကလည္း ဒုသမၼတဦးဟင္နရီ ဗန္ထီးယူသည္ ပုဂံၿမိဳ႕သို႔ လာ ေရာက္ၿပီး ပ်က္စီးခဲ့ေသာ ေစတီပုထုိးမ်ားကို ၾကည့္႐ႈစစ္ေဆးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပုဂံမြို့ရှိ စေတီပုထိုးများကို လာအိုခရီးစဉ်အပြီး စက်တင်ဘာ ဒုတိယပတ်တွင် လာရောက်ကြည့်ရှုစစ်ဆေးမည်ဖြစ်ကြောင်းသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘နောက်တစ်ပတ်မှာ အထူး VIP ခရီးစဉ်ရှိတယ်။ ဒေါ်အောင် ဆန်းစုကြည်ပေါ့။ ရက်တော့ အတိအကျမသိရသေးဘူး။’’ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် လာအိုနိုင်ငံတွင်ကျင်းပမည့် (၄)ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်း အဝေး၊ (၁၁)ကြိမ်မြောက် အရှေ့ အာရှ ထိပ်သီးအစည်းအဝေးများ သ့ို တက်ရောက်ရန် စက်တင်ဘာ ၆ ရက်နံနက်တွင် လာအိုနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

‘‘အစ်မကြီးဒေါ်အောင်ဆန်း စုကြည် လာဖို့ရှိတယ်။ ရက်တော့ မသိရသေးဘူး။ သူလည်း လုံးဝ မအားဘူးဖြစ်နေတယ်။ တစ် ကမ္ဘာလုံးက သူ့ကို ဖိတ်နေတယ်။ မသွားနိုင်ဘူး။ အခု ပင်လုံအစည်း အဝေးပြီးသွားပြီ။ လာအိုကို သွား ရမယ်။ ပြန်လာရင်တော့ ပြည် တွင်းရေးကိစ္စတွေ လုပ်နိုင်မှာပါ။ ပုဂံကိုလည်း အရမ်းစိတ်ဝင်စား နေတယ်။ ဖုန်းနဲ့ပဲ ညွှန်ကြားနိုင် တယ်ပေါ့’’ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို က ပြောသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီး ခဲ့သော ပုဂံမြို့ရှိ စေတီပုထိုး အရေအတွက်မှာ လက်ရှိအချိန်တွင် ၃၉၇ ဆူ စာရင်းရရှိထားသော် လည်း ပျက်စီးမှုဘုရား အရေ အတွက် ထပ်တိုးလာနိုင်ကြောင်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောသည်။

ပုဂံမြို့ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော စေတီပုထိုးများ အနက် မိုးယိုစိမ့်မှုပြဿနာ အဓိကကြုံတွေ့နိုင်သော စေတီပုထိုး အဆူ ၄၀ ကို မိုးကာများ မိုးထားပြီးဖြစ်သည်။

ပျက်စီးသွားသော ပုဂံမြို့ရှိ စေတီပုထိုးများကို နိုင်ငံတော် သမ္မတအပါအဝင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည် ထောင်စုဝန်ကြီးအများအပြားက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ သည်။

ထို့အပြင် စက်တင်ဘာ ၅ ရက်ကလည်း ဒုသမ္မတဦးဟင်နရီ ဗန်ထီးယူသည် ပုဂံမြို့သို့ လာ ရောက်ပြီး ပျက်စီးခဲ့သော စေတီပုထိုးများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top