Property Expo
×








Credit:7Day Daily

Unicode Version

၂၀၁၇ အမေရိက အလှမယ်ဆုကို အာကင်ဆက် ပြည်နယ် အလှမယ် ဆာဗီရှီးဒ်က ရရှိခဲ့သည်။ ၂၀၁၇ အမေရိက အလှမယ်ပြိုင်ပွဲတွင် အခြားသော ပြိုင်ဘက် ၅၁ ဦးအား ကျော်ဖြတ်၍ ယင်းဆုကို ရရှိခဲ့သော မစ္စစ်ရှီးဒ် (၂၁)နှစ်သည် ၂၀၁၆ အမေရိက အလှမယ် ဘတ်တီကန်ထရေးလ် ၏နေရာကို လွှဲပြောင်းရယူမည် ဖြစ်သည်။

ပြိုင်ပွဲတွင် အမေး၊ အဖြေ ကဏ္ဍအတွင်း ၎င်းကို ဒီမိုကရက် တစ်သမ္မတလောင်း ဟီလာရီက လင်တန်နှင့်ပတ်သက်၍ မေးမြန်း ခဲ့သည်။

မစ္စစ်ရှီးဒ်က ရွေးကောက်ပွဲ ဝင်ပြိုင်သူနှစ်ဦးလုံးသည် ကောင်း မွန်သောအလုပ်တစ်ခုကို လုပ် ဆောင်ကြသော်လည်း  ၎င်းတို့အနေဖြင့် စောင့်ကြည့်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အမေရိက အလှမယ်ဘွဲ့ ရရှိခဲ့သည့် မစ္စစ်ရှီးဒ်သည် အာ ကင်ဆက်တက္ကသိုလ်သို့  ပြန် တက်ကာ အကြီးတန်းအနုပညာ ဘာသာ သင်ယူမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် တောင်ကယ်ရိုလိုင်းနားမယ် ရာချယ်လ်ဝေ ယတ်ကဒုတိယရပြီး နယူးယောက်မယ် ကာမီလီဆင်းစ်မှာ တတိယ ရရှိခဲ့သည်။

သတင်းစာရှင်းလင်းပွဲ အတွင်း အမေရိကမယ် မစ္စစ်ရှီးဒ် က မိသားစုနှင့် ပရိသတ်များကို ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။

ယင်းပြိုင်ပွဲ ဒိုင်လူကြီးများ ဖြစ်ကြသော မက်ကူဘန်၊ ဂါဘီ ဒေါကလပ်စ်နှင့် စီအာရာတို့က မစ္စစ်ရှီးဒ်ကို ချီးကျူးဂုဏ်ပြုခဲ့ကြ သည်။ 


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top