Property Expo
×

ျမန္မာအမ်ဳိးသမီး ကို တ႐ုတ္လူမ်ဳိးထံ ေရာင္းခ်မႈျဖင့္ တရားစြဲဆုိခံရေသာ အမ်ဳိး သမီးႏွစ္ဦးကို အလုပ္ႏွင့္ေထာင္ ဒဏ္ ၁၂ ႏွစ္ က်ခံရန္ အမိန္႔ခ်မွတ္ ခဲ့ေၾကာင္း လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္း ထုတ္ျပန္သည္။
ကခ်င္ျပည္နယ္ ျမစ္ႀကီးနား ၿမိဳ႕မွ အမ်ဳိးသမီးတစ္ဦးကို တ ႐ုတ္ႏုိင္ငံသုိ႔ အလည္သြားမည္ဟု လိမ္လည္ေခၚေဆာင္ကာ တ႐ုတ္ အမ်ဳိးသားတစ္ဦးထံ တ႐ုတ္ယြမ္ ေငြသုံးေသာင္း (ျမန္မာေငြက်ပ္ ၅၂ သိန္းခန္႔)ျဖင့္ ေရာင္းစားခဲ့သည္။

ျပစ္ဒဏ္ခ်မွတ္ခံရေသာ မ ျဖဴျဖဴ၀င္း(ခ) ျဖဴျဖဴသင္းႏွင့္ မ ေဘာ္မ္၀င္း(ခ)ေမာ္၀င္းကို မတ္လ ၁၃ ရက္တြင္ ျမစ္ႀကီးနားခ႐ုိင္ တရား႐ုံးက ၄၁/၂၀၁၆ ျဖင့္ လက္ခံ စစ္ေဆးခဲ့ၿပီး စက္တင္ဘာ ၂ ရက္၌ လူကုန္ကူးမႈတားဆီးကာကြယ္ေရးဥပေဒပုဒ္မ ၂၄ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၁၂ ႏွစ္ ခ်မွတ္ခဲ့ သည္။

‘‘လူကုန္ကူးတဲ့သူႏွစ္ဦးကို သတ္မွတ္ျပစ္ဒဏ္ခ်လုိက္သလုိ လူကုန္ကူးခံရတဲ့သူကို တရား႐ုံး က သိမ္းထားတဲ့ သက္ေသခံေငြထဲကေန နစ္နာေၾကးအျဖစ္ သိန္း ေလးဆယ္ကို ထုတ္ယူေစဆုိၿပီး ေတာ့လည္း ခ်မွတ္ခဲ့တယ္’’ဟုလူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ရဲမွဴးမင္းႏုိင္ကေျပာ သည္။

ယင္းကိစၥႏွင့္ ပတ္သက္၍ ျမစ္ႀကီးနားၿမိဳ႕ လူကုန္ကူးမႈတား ဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၊ တပ္ဖြဲ႕စု (၁၂)က မျဖဴျဖဴ၀င္း(ခ)ျဖဴျဖဴသင္းႏွင့္ မေဘာ္မ္၀င္း(ခ)ေမာ္၀င္းတုိ႔ကို ျမစ္ႀကီးနားနယ္ေျမရဲစခန္း တြင္ လူကုန္ကူးမႈတားဆီးကာကြယ္ေရးဥပေဒပုဒ္မ ၂၄ ျဖင့္ အမႈဖြင့္ဖမ္းဆီးခဲ့သည္။

‘‘ပုဒ္မ ၂၄ က အနည္းဆုံး ေထာင္ ၁၀ ႏွစ္ကေန ေထာင္ဒဏ္ တစ္သက္ခ်မွတ္လုိ႔ရတယ္။ ဒါ ေပမဲ့ သူတုိ႔ကိုေတာ့ ျဖစ္စဥ္ေပၚ မူတည္ၿပီး ၁၂ ႏွစ္ပဲ ခ်လိုက္တာ’’ဟု ရဲမွဴးမင္းႏုိင္ကေျပာသည္။

ယင္းအမႈကုိ ျမစ္ႀကီးနား ခ႐ုိင္တရား႐ုံးက ေျခာက္လေက်ာ္ ၾကာ စစ္ေဆးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day News

#Unicode Version
မြန်မာအမျိုးသမီး ကို တရုတ်လူမျိုးထံ ရောင်းချမှုဖြင့် တရားစွဲဆိုခံရသော အမျိုး သမီးနှစ်ဦးကို အလုပ်နှင့်ထောင် ဒဏ် ၁၂ နှစ် ကျခံရန် အမိန့်ချမှတ် ခဲ့ကြောင်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။
ကချင်ပြည်နယ် မြစ်ကြီးနား မြို့မှ အမျိုးသမီးတစ်ဦးကို တ ရုတ်နိုင်ငံသို့ အလည်သွားမည်ဟု လိမ်လည်ခေါ်ဆောင်ကာ တရုတ် အမျိုးသားတစ်ဦးထံ တရုတ်ယွမ် ငွေသုံးသောင်း (မြန်မာငွေကျပ် ၅၂ သိန်းခန့်)ဖြင့် ရောင်းစားခဲ့သည်။

ပြစ်ဒဏ်ချမှတ်ခံရသော မ ဖြူဖြူဝင်း(ခ) ဖြူဖြူသင်းနှင့် မ ဘော်မ်ဝင်း(ခ)မော်ဝင်းကို မတ်လ ၁၃ ရက်တွင် မြစ်ကြီးနားခရိုင် တရားရုံးက ၄၁/၂၀၁၆ ဖြင့် လက်ခံ စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၂ ရက်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ သည်။

‘‘လူကုန်ကူးတဲ့သူနှစ်ဦးကို သတ်မှတ်ပြစ်ဒဏ်ချလိုက်သလို လူကုန်ကူးခံရတဲ့သူကို တရားရုံး က သိမ်းထားတဲ့ သက်သေခံငွေထဲကနေ နစ်နာကြေးအဖြစ် သိန်း လေးဆယ်ကို ထုတ်ယူစေဆိုပြီး တော့လည်း ချမှတ်ခဲ့တယ်’’ဟုလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးမင်းနိုင်ကပြော သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၁၂)က မဖြူဖြူဝင်း(ခ)ဖြူဖြူသင်းနှင့် မဘော်မ်ဝင်း(ခ)မော်ဝင်းတို့ကို မြစ်ကြီးနားနယ်မြေရဲစခန်း တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့သည်။

‘‘ပုဒ်မ ၂၄ က အနည်းဆုံး ထောင် ၁၀ နှစ်ကနေ ထောင်ဒဏ် တစ်သက်ချမှတ်လို့ရတယ်။ ဒါ ပေမဲ့ သူတို့ကိုတော့ ဖြစ်စဉ်ပေါ် မူတည်ပြီး ၁၂ နှစ်ပဲ ချလိုက်တာ’’ဟု ရဲမှူးမင်းနိုင်ကပြောသည်။

ယင်းအမှုကို မြစ်ကြီးနား ခရိုင်တရားရုံးက ခြောက်လကျော် ကြာ စစ်ဆေးခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top