Property Expo
×

သက္တမ္း ႏွစ္ ၇၀၀ ရိွေသာ မဟာတံတိုင္း၏ အပိုင္းတစ္ခုကို ကြန္ကရစ္ျဖင့္ ညီညီညာညာ ခင္းထားေသာ လမ္းေၾကာင္းတစ္ခုသဖြယ္ ေျပာင္းလဲေစခဲ့သည့္ ျပန္လည္ျပင္ဆင္ခဲ့မႈကို တ႐ုတ္လူမႈမီဒီယာ အသံုးျပဳသူမ်ားက စက္တင္ဘာ ၂၃ တြင္ ျပင္းျပင္းထန္ထန္ ေ၀ဖန္ခဲ့ၾကသည္။ တစ္ေျပးညီျဖစ္သြားေသာ လမ္းတစ္ခုအျဖစ္ ေျပာင္းသြားခဲ့သည့္ တံတိုင္းအပိုင္း၏ ဓာတ္ပံုမ်ားအား အြန္လိုင္းတြင္ တင္ခဲ့ၾကၿပီး ယင္းကဲ့သို႔ လက္ရာသည္ “မူလတန္းေက်ာင္းမၿပီးသူ တစ္စုက ေဆာင္ရြက္ခဲ့သည့္ လက္ရာႏွင့္တူေၾကာင္း” တ႐ုတ္လူမႈမီဒီယာေ၀ပိုတြင္ ေ၀ဖန္သူတစ္ဦးက ေရးသားခဲ့သည္။ မင္ မင္းဆက္လက္ထက္၊ ၁၃၈၁ ခုႏွစ္တြင္ တည္ေဆာက္ခဲ့ေသာ မဟာတံတိုင္း၏ ေလ်ာင္နင္းျပည္နယ္အတြင္းမွ ငါးမိုင္အရွည္ ေရွာင္ဟဲကူတံတိုင္း အပိုင္းသည္ မျပင္ဆင္မီက ေရွးေဟာင္းလက္ရာအတိုင္း တည္ရိွသည့္ အလွဆံုး တံတုိင္းေနရာတစ္ခုအျဖစ္ ထင္ရွားခဲ့သည္။
ေလ်ာင္နင္းျပည္နယ္၏ ယဥ္ေက်းမႈဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး တင္ေ၀ကပင္ တံတိုင္းအား ျပင္ဆင္ခဲ့မႈသည္ အလြန္အမင္း ႐ုပ္ဆိုးေၾကာင္း ႏုိင္ငံပိုင္႐ုပ္သံတြင္ ၀န္ခံေျပာၾကားခဲ့သည္။ တ႐ုတ္၏ မဟာတံတုိင္းသည္ တစ္ဆက္တည္းျဖစ္ေသာ တံတိုင္းတစ္ခု မဟုတ္ေသာ္လည္း အေရွ႕ဘက္ကမ္း႐ိုးတန္းမွသည္ ဂိုဘီသဲကႏၲာရအစြန္အထိ ဆက္စပ္တည္ရိွေသာ တံတိုင္းျဖစ္သည္။

မဟာတံတိုင္း၏ စုစုေပါင္းအလ်ားႏွင့္ ပတ္သက္၍ ကီလိုမီတာ ၉၀၀၀ မွ ၂၁၀၀၀ အထိ အမ်ဳိးမ်ဳိး ခန္႔မွန္းၾကသည္။ အခ်ဳိ႕က ေပ်ာက္ဆံုးေနေသာ တံတိုင္းအပိုင္းမ်ားကို ထည့္သြင္း တြက္ခ်က္ခန္႔မွန္းၾကသည္။ ေရႀကီးမႈႏွင့္ အျခားျပႆနာမ်ားေၾကာင့္ ထပ္မံပ်က္စီးမႈမ်ားအား ကာကြယ္ရန္အတြက္ ေရွာင္ဟဲကူရိွ တံတိုင္းအပိုင္းကို ၂၀၁၂ ခုႏွစ္ တြင္ အေရးေပၚျပင္ဆင္ရန္ အမိန္႔ခ်မွတ္ခဲ့ေၾကာင္း၊ ၂၀၁၄ ခုႏွစ္တြင္ ျပင္ဆင္မႈ ၿပီးစီးခဲ့ေၾကာင္း ၊ တ႐ုတ္ယဥ္ေက်းမႈအေမြ ထိန္းသိမ္းေရးစီမံခန္႔ခြဲေရးအဖြဲ႕က ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။

ျပင္ဆင္မႈလုပ္ငန္းမ်ား၏ သေဘာတူခြင့္ျပဳမႈ၊ အေကာင္အထည္အေဖာ္မႈႏွင့္ ရလဒ္တို႔ကို စတင္ စံုစမ္းစစ္ေဆးေနေၾကာင္း ႏုိင္ငံေတာ္ယဥ္ေက်းမႈအေမြအႏွစ္ ထိန္းသိမ္းေရးအာဏာပိုင္အဖြဲ႕က ေျပာၾကားခဲ့သည္။

မင္ မင္းဆက္ေခတ္၏ မဟာတံတိုင္းမွ ရာခိုင္ႏႈန္း ၃၀ ခန္႔သည္ ေပ်ာက္ဆံုးေနၿပီး သဘာ၀အေျခအေနႏွင့္ လူသားတို႔၏ မဆင္မျခင္ လုပ္ရပ္မ်ားေၾကာင့္ ယူနက္စကို ကမၻာ့ယဥ္ေက်းမႈ အေမြအႏွစ္ေနရာသည္ ထိခိုက္ပ်က္စီးေနေၾကာင္း ၿပီးခဲ့သည့္ ေႏြရာသီတြင္ တ႐ုတ္ႏိုင္ငံပိုင္မီဒီယာက ေဖာ္ျပခဲ့သည္။ မဟာတံတိုင္းမွ အုတ္ခဲမ်ားကို အခ်ဳိ႕က အိမ္ေဆာက္ရန္ ခိုးယူခဲ့ၾကၿပီး ယင္းအုတ္ခဲ ခိုးယူသူမ်ားသည္ ဒဏ္ေငြေဒၚလာ ၇၅၀ အထိ ခ်မွတ္ခံရႏုိင္ေၾကာင္း ဂလိုဘယ္တိုင္းမ္က ေရးသားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven news

#Unicode Version
သက်တမ်း နှစ် ၇၀၀ ရှိသော မဟာတံတိုင်း၏ အပိုင်းတစ်ခုကို ကွန်ကရစ်ဖြင့် ညီညီညာညာ ခင်းထားသော လမ်းကြောင်းတစ်ခုသဖွယ် ပြောင်းလဲစေခဲ့သည့် ပြန်လည်ပြင်ဆင်ခဲ့မှုကို တရုတ်လူမှုမီဒီယာ အသုံးပြုသူများက စက်တင်ဘာ ၂၃ တွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ တစ်ပြေးညီဖြစ်သွားသော လမ်းတစ်ခုအဖြစ် ပြောင်းသွားခဲ့သည့် တံတိုင်းအပိုင်း၏ ဓာတ်ပုံများအား အွန်လိုင်းတွင် တင်ခဲ့ကြပြီး ယင်းကဲ့သို့ လက်ရာသည် “မူလတန်းကျောင်းမပြီးသူ တစ်စုက ဆောင်ရွက်ခဲ့သည့် လက်ရာနှင့်တူကြောင်း” တရုတ်လူမှုမီဒီယာဝေပိုတွင် ဝေဖန်သူတစ်ဦးက ရေးသားခဲ့သည်။ မင် မင်းဆက်လက်ထက်၊ ၁၃၈၁ ခုနှစ်တွင် တည်ဆောက်ခဲ့သော မဟာတံတိုင်း၏ လျောင်နင်းပြည်နယ်အတွင်းမှ ငါးမိုင်အရှည် ရှောင်ဟဲကူတံတိုင်း အပိုင်းသည် မပြင်ဆင်မီက ရှေးဟောင်းလက်ရာအတိုင်း တည်ရှိသည့် အလှဆုံး တံတိုင်းနေရာတစ်ခုအဖြစ် ထင်ရှားခဲ့သည်။
လျောင်နင်းပြည်နယ်၏ ယဉ်ကျေးမှုဌာနမှ ဒုတိယညွှန်ကြားရေးမှူး တင်ဝေကပင် တံတိုင်းအား ပြင်ဆင်ခဲ့မှုသည် အလွန်အမင်း ရုပ်ဆိုးကြောင်း နိုင်ငံပိုင်ရုပ်သံတွင် ဝန်ခံပြောကြားခဲ့သည်။ တရုတ်၏ မဟာတံတိုင်းသည် တစ်ဆက်တည်းဖြစ်သော တံတိုင်းတစ်ခု မဟုတ်သော်လည်း အရှေ့ဘက်ကမ်းရိုးတန်းမှသည် ဂိုဘီသဲကန္တာရအစွန်အထိ ဆက်စပ်တည်ရှိသော တံတိုင်းဖြစ်သည်။

မဟာတံတိုင်း၏ စုစုပေါင်းအလျားနှင့် ပတ်သက်၍ ကီလိုမီတာ ၉၀၀၀ မှ ၂၁၀၀၀ အထိ အမျိုးမျိုး ခန့်မှန်းကြသည်။ အချို့က ပျောက်ဆုံးနေသော တံတိုင်းအပိုင်းများကို ထည့်သွင်း တွက်ချက်ခန့်မှန်းကြသည်။ ရေကြီးမှုနှင့် အခြားပြဿနာများကြောင့် ထပ်မံပျက်စီးမှုများအား ကာကွယ်ရန်အတွက် ရှောင်ဟဲကူရှိ တံတိုင်းအပိုင်းကို ၂၀၁၂ ခုနှစ် တွင် အရေးပေါ်ပြင်ဆင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ပြင်ဆင်မှု ပြီးစီးခဲ့ကြောင်း ၊ တရုတ်ယဉ်ကျေးမှုအမွေ ထိန်းသိမ်းရေးစီမံခန့်ခွဲရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပြင်ဆင်မှုလုပ်ငန်းများ၏ သဘောတူခွင့်ပြုမှု၊ အကောင်အထည်အဖော်မှုနှင့် ရလဒ်တို့ကို စတင် စုံစမ်းစစ်ဆေးနေကြောင်း နိုင်ငံတော်ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။

မင် မင်းဆက်ခေတ်၏ မဟာတံတိုင်းမှ ရာခိုင်နှုန်း ၃၀ ခန့်သည် ပျောက်ဆုံးနေပြီး သဘာဝအခြေအနေနှင့် လူသားတို့၏ မဆင်မခြင် လုပ်ရပ်များကြောင့် ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နေရာသည် ထိခိုက်ပျက်စီးနေကြောင်း ပြီးခဲ့သည့် နွေရာသီတွင် တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ မဟာတံတိုင်းမှ အုတ်ခဲများကို အချို့က အိမ်ဆောက်ရန် ခိုးယူခဲ့ကြပြီး ယင်းအုတ်ခဲ ခိုးယူသူများသည် ဒဏ်ငွေဒေါ်လာ ၇၅၀ အထိ ချမှတ်ခံရနိုင်ကြောင်း ဂလိုဘယ်တိုင်းမ်က ရေးသားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven news
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top