Property Expo
×
Credit: duwun
#Unicode Version
ချစ်တင်းနှောစဉ်မှာ ခင်ပွန်းဟောင်းရဲ့ နာမည်ကို အော်လိုက်တဲ့ မိန်းကလေးရဲ့ အူတွေကို သူမရဲ့ရည်းစားက လက်တွေနဲ့ ဆွဲထုတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
ယင်းဖြစ်ရပ်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဖြစ်ပေါ်ခဲ့တာ ဖြစ်ပေမဲ့ အသက် ၂၄ နှစ်အရွယ် ဖီဒဲလ်လိုပက်စ်ဟာ အကြောင်းရင်းမှန်ကို ဖွင့်မပြောခဲ့ပါဘူး။
"မြန်မြန်လာပါ။ ကျွန်တော့်ရည်းစား ရေချိုးခန်းထဲမှာ။ ဘာဖြစ်တာလဲ မသိဘူး။ အသက်မရှူတော့ဘူး" လို့ ၉၁၁ ကို ဖုန်းဆက်ပြီးတော့ ပြောခဲ့ပါတယ်။
ဖလော်ရီဒါမှာရှိတဲ့ သူတို့နှစ်ယောက်အတူနေတဲ့ တိုက်ခန်းမှာ ချစ်တင်းနှောကြစဉ် နမ်မက်သ်က သူမရဲ့ ခင်ပွန်းဟောင်း နာမည်ကို နှစ်ကြိမ်တိုင်တိုင် ခေါ်ခဲ့တဲ့အတွက် ဒေါသ ဘယ်လိုမှ မထိန်းနိုင် ဖြစ်ခဲ့ရတပါလို့ နောက်ပိုင်းမှ လိုပက်စ်က ဝန်ခံခဲ့တာ ဖြစ်ပါတယ်။
ပြဿနာအကြီးအကျယ် ဖြစ်ကြပြီးတဲ့နောက် ကြမ်းပြင်ပေါ်မှာ သတိမေ့ပြီး လဲနေတဲ့ နမ်မက်သ်ရဲ့ အမျိုးသမီးအင်္ဂါကို ကိရိယာမျိုးစုံသုံးပြီး လှီးဖြတ်ခဲ့ပြီးနောက် အူတွေကို လက်နဲ့ ဆွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။
နမ်မက်သ်က ချစ်တင်းနှောစဉ်မှာ ဘီယာပုလင်းကို သုံးခိုင်းခဲ့တာဖြစ်ပြီး အဲဒီနောက် မခံမရပ်နိုင်ဖြစ်ကာ ရေချိုးခန်းထဲဝင်သွားတာ ဖြစ်တယ်လို့ အစပိုင်းမှာ သူက လိမ်ညာခဲ့ပါတယ်။
နောက်ဆုံးမှာတော့ လိုပက်စ်ဟာ လူသတ်မှုအတွက် ဝန်ခံလိုက်ပြီဖြစ်ပြီး အစိုးရရှေ့နေတွေက သူ့ကို သေဒဏ်ပေးနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top