Property Expo
×

တိမ္းေမွာက္ခဲ့သည့္ယာဥ္ကို ေတြ႕ရစဥ္ (ဓာတ္ပံု − ၿဖိဳးကိုကုိေရႊ)

တြံေတးၿမိဳ႕နယ္ ေလး အိမ္စုႏွင့္ ငါးအိမ္စုေက်းရြာအနီး တြင္ ရန္ကုန္မွ တြံေတးသို႔ ေမာင္း ႏွင္လာသည့္ ကန္တာယာဥ္တစ္ စီး တိမ္းေမွာက္မႈေၾကာင့္ လူဆယ္ဦး ဒဏ္ရာရခဲ့ၿပီး ႏွစ္ဦးမွာ ဒဏ္ရာျပင္းထန္ေၾကာင္း သတင္းရရွိ သည္။


တိမ္းေမွာက္ခဲ့သည့္ ကန္ တာယာဥ္သည္ စက္တင္ဘာ၁၀ ရက္ ေန႔လယ္ ၃ နာရီခြဲေက်ာ္ တြင္ ရန္ကုန္မွ ထြက္ခြာလာၿပီး ေနာက္ ေလးအိမ္စုရြာအေက်ာ္ တြင္ လမ္းေခ်ာ္ကာ တိမ္းေမွာက္ ခဲ့ျခင္းျဖစ္ၿပီး ကားေပၚ၌ လိုက္ ပါလာသည့္ ကေလးငယ္မ်ားမွ လြဲ၍ က်န္လူမ်ား ဒဏ္ရာရရွိခဲ့ ေၾကာင္း သြားေရာက္ကယ္ဆယ္ ရာတြင္ ပါဝင္သူတစ္ဦးက ေျပာ သည္။

‘‘ကားက စလစ္ျဖစ္ၿပီး ကား လမ္းမေပၚမွာ တစ္ပတ္လည္ၿပီး လမ္းေဘး ထိုးက်သြားတာပါ။ ကားေပၚပါတဲ့သူေတြ ၁၅ ေယာက္ေက်ာ္ေလာက္ပါတယ္။ ကားပိုင္ ရွင္ကလည္း မအူပင္ကပါ။ အမ်ိဳး သားႏွစ္ဦးကေတာ့ ေတာ္ေတာ္ ေလးစိုးရိမ္ရတယ္’’ဟု စိတၱသုခ (တြံေတး)ကူညီမႈအသင္းမွ ကိုၿဖိဳးကိုကိုေရႊက ေျပာသည္။

အရွိန္လြန္ တိမ္းေမွာက္ခဲ့ သည့္ ကန္တာယာဥ္သည္ ကားလမ္းေပၚတြင္ တစ္ပတ္လည္ၿပီးေနာက္ လိုက္ပါလာသည့္ လူအခ်ိဳ႕ကားေပၚမွ လြင့္စဥ္ထြက္သြားကာ ကားမွာ လမ္းေဘးေရေျမာင္းအတြင္း ထိုးဆင္းခဲ့ေၾကာင္း မ်က္ျမင္ေတြ႕သူတစ္ဦးကေျပာသည္။

‘‘ျဖစ္ျဖစ္ခ်င္း လာကယ္တဲ့ အဖြဲ႕ေတြ႕တယ္။ ကားေပၚပါလာ တဲ့ ကေလး ေလး၊ ငါးေယာက္ ေတာ့ ဘာမွမျဖစ္ဘူး။ ကားက ေလေပၚမွာ တစ္ပတ္လည္တုန္း ျပဳတ္က်ကုန္တာ။ အမ်ိဳးသားႏွစ္ ေယာက္ေတာ့ ေခါင္းေတြထိတာ ျမင္တယ္။ အသက္ရွင္ပါ့မလား ေတာ့ မသိပါဘူး’’ဟု အဆိုပါ အမ်ိဳးသားကေျပာသည္။

 ယာဥ္ေမာင္းႏွင္သူ အမ်ိဳးသားကို တြံေတြးၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူထားၿပီး ထိခိုက္ဒဏ္ရာရသူမ်ားကို မအူပင္ေဆး ႐ံုသုိ႔ တင္ပို႔ထားရေၾကာင္း သိရ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
တိမ်းမှောက်ခဲ့သည့်ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ − ဖြိုးကိုကိုရွှေ)

တွံတေးမြို့နယ် လေး အိမ်စုနှင့် ငါးအိမ်စုကျေးရွာအနီး တွင် ရန်ကုန်မှ တွံတေးသို့ မောင်း နှင်လာသည့် ကန်တာယာဉ်တစ် စီး တိမ်းမှောက်မှုကြောင့် လူဆယ်ဦး ဒဏ်ရာရခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိ သည်။


တိမ်းမှောက်ခဲ့သည့် ကန် တာယာဉ်သည် စက်တင်ဘာ၁၀ ရက် နေ့လယ် ၃ နာရီခွဲကျော် တွင် ရန်ကုန်မှ ထွက်ခွာလာပြီး နောက် လေးအိမ်စုရွာအကျော် တွင် လမ်းချော်ကာ တိမ်းမှောက် ခဲ့ခြင်းဖြစ်ပြီး ကားပေါ်၌ လိုက် ပါလာသည့် ကလေးငယ်များမှ လွဲ၍ ကျန်လူများ ဒဏ်ရာရရှိခဲ့ ကြောင်း သွားရောက်ကယ်ဆယ် ရာတွင် ပါဝင်သူတစ်ဦးက ပြော သည်။

‘‘ကားက စလစ်ဖြစ်ပြီး ကား လမ်းမပေါ်မှာ တစ်ပတ်လည်ပြီး လမ်းဘေး ထိုးကျသွားတာပါ။ ကားပေါ်ပါတဲ့သူတွေ ၁၅ ယောက်ကျော်လောက်ပါတယ်။ ကားပိုင် ရှင်ကလည်း မအူပင်ကပါ။ အမျိုး သားနှစ်ဦးကတော့ တော်တော် လေးစိုးရိမ်ရတယ်’’ဟု စိတ္တသုခ (တွံတေး)ကူညီမှုအသင်းမှ ကိုဖြိုးကိုကိုရွှေက ပြောသည်။

အရှိန်လွန် တိမ်းမှောက်ခဲ့ သည့် ကန်တာယာဉ်သည် ကားလမ်းပေါ်တွင် တစ်ပတ်လည်ပြီးနောက် လိုက်ပါလာသည့် လူအချို့ကားပေါ်မှ လွင့်စဉ်ထွက်သွားကာ ကားမှာ လမ်းဘေးရေမြောင်းအတွင်း ထိုးဆင်းခဲ့ကြောင်း မျက်မြင်တွေ့သူတစ်ဦးကပြောသည်။

‘‘ဖြစ်ဖြစ်ချင်း လာကယ်တဲ့ အဖွဲ့တွေ့တယ်။ ကားပေါ်ပါလာ တဲ့ ကလေး လေး၊ ငါးယောက် တော့ ဘာမှမဖြစ်ဘူး။ ကားက လေပေါ်မှာ တစ်ပတ်လည်တုန်း ပြုတ်ကျကုန်တာ။ အမျိုးသားနှစ် ယောက်တော့ ခေါင်းတွေထိတာ မြင်တယ်။ အသက်ရှင်ပါ့မလား တော့ မသိပါဘူး’’ဟု အဆိုပါ အမျိုးသားကပြောသည်။

 ယာဉ်မောင်းနှင်သူ အမျိုးသားကို တွံတွေးမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပြီး ထိခိုက်ဒဏ်ရာရသူများကို မအူပင်ဆေး ရုံသို့ တင်ပို့ထားရကြောင်း သိရ သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top