Property Expo
×

ထြက္ရွိေတာ့မယ့္ Allied ႐ုပ္ရွင္ဇာတ္ကားထဲမွာ ဘရတ္ပစ္နဲ႔ အတူ သ႐ုပ္ေဆာင္ထားတဲ့ မင္းသမီး မာရီယြန္ဟာ သူမမွာ ကိုယ္ဝန္ရွိေနၾကာင္း စက္တင္ဘာလ ၂၁ ရက္က အင္စတာဂရမ္ကေန ေၾကညာလိုက္ပါတယ္။

ဒါ့အျပင္ သူမက ဘရတ္ပစ္နဲ႔ သူမ ေဖာက္ျပန္လို႔ ဘရတ္ပစ္တုိ႔ အိမ္ေထာင္ေရး ၿပိဳကြဲရတယ္ဆုိတဲ့ ေကာလာလဟေတြကိုပါ တံု႔ျပန္ ေျဖရွင္းလုိက္ပါတယ္။

"လြန္ခဲ့တဲ့ ၂၄ နာရီအတြင္းမွာ ထြက္ေပၚလာတဲ့ သတင္းေတြကို ပထမဆံုးအႀကိမ္အျဖစ္ တံု႔ျပန္ပါရေစ။ ဒါမ်ဳိးေတြကို ကၽြန္မ ဘယ္ေတာ့မွ မေျဖရွင္းေပမဲ့ အေျခအေနက ပိုျပင္းထန္လာၿပီး ကၽြန္မခ်စ္တဲ့သူေတြကို သက္ေရာက္လာတဲ့အတြက္ ေျဖရွင္းရတာ ျဖစ္ပါတယ္" လို႔ သူမက ဆုိပါတယ္။

" ပထမဆံုးေျပာခ်င္တာက လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာက ကၽြန္မဘ၀ျဖစ္တဲ့ ေယာက္်ားတစ္ေယာက္ကို ေတြ႕ခဲံတယ္။ သူဟာ ကၽြန္မရဲ႕ လက္ရွိသားနဲ႔ ေနာက္ထပ္ေရာက္လာမယ့္ ကေလးေလးရဲ႕ ဖခင္ျဖစ္ပါတယ္။ သူက ကၽြန္မခ်စ္သူ၊ ကၽြန္မရဲ႕ အခ်စ္ဆံုးသူငယ္ခ်င္းနဲ႔ ကၽြန္မလိုအပ္တဲ့ တစ္ဦးတည္းေသာသူပါ" လို႔ ၂၀၀၇ ခုႏွစ္ကတည္းက ခ်စ္သူေတြျဖစ္ခဲ့ၾကတဲ့ သူမရဲ႕ခ်စ္သူ ျပင္သစ္မင္းသား ဂီအန္းကန္းနက္ကို ရည္ညႊန္းၿပီး ေျပာခဲ့ပါတယ္။

"ဒုတိယေျပာခ်င္တာက ကၽြန္မ အရမ္းကို ခံစားေနရတယ္လို႔ ေျပာေနတဲ့သူေတြကိုပါ။ ကၽြန္မ အရမ္းကို ေနေကာင္းပါတယ္..ေက်းဇူးပါ။ လုပ္ၾကံေျပာဆုိမႈေတြအတြက္ ဘာမွမခံစားရပါဘူး။ ထင္ရာကို စြပ္ေျပာၾကတဲ့ မီဒီယာေတြနဲ႔ မုန္းတီးသူေတြကို အျမန္ဆံုး ျပန္လည္နလန္ထူႏုိင္ပါေစလုိ႔ ကၽြန္မ စိတ္ရင္းနဲ႔ ဆုေတာင္းေပးပါတယ္" လုိ႔ သူမက ဆုိပါတယ္။

"ေနာက္ဆံုးေျပာခ်င္တာက ကၽြန္မ တကယ့္ကို ေလးစားရတဲ့ အန္ဂ်လီနာနဲ႔ ဘရတ္ပစ္တုိ႔ ဒီလို အုတ္ေအာ္ေသာင္းတင္းအေျခအေနကေန ၿငိမ္းခ်မ္းမႈကုိ ုရွာေတြ႕ပါေစလုိ႔ ဆႏၵျပဳပါတယ္" လုိ႔ ဆုိရင္း သူမရဲ႕ စာအရွည္ႀကီး အဆံုးသတ္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun



#Unicode Version

ထွက်ရှိတော့မယ့် Allied ရုပ်ရှင်ဇာတ်ကားထဲမှာ ဘရတ်ပစ်နဲ့ အတူ သရုပ်ဆောင်ထားတဲ့ မင်းသမီး မာရီယွန်ဟာ သူမမှာ ကိုယ်ဝန်ရှိနေကြာင်း စက်တင်ဘာလ ၂၁ ရက်က အင်စတာဂရမ်ကနေ ကြေညာလိုက်ပါတယ်။

ဒါ့အပြင် သူမက ဘရတ်ပစ်နဲ့ သူမ ဖောက်ပြန်လို့ ဘရတ်ပစ်တို့ အိမ်ထောင်ရေး ပြိုကွဲရတယ်ဆိုတဲ့ ကောလာလဟတွေကိုပါ တုံ့ပြန် ဖြေရှင်းလိုက်ပါတယ်။

"လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေကို ပထမဆုံးအကြိမ်အဖြစ် တုံ့ပြန်ပါရစေ။ ဒါမျိုးတွေကို ကျွန်မ ဘယ်တော့မှ မဖြေရှင်းပေမဲ့ အခြေအနေက ပိုပြင်းထန်လာပြီး ကျွန်မချစ်တဲ့သူတွေကို သက်ရောက်လာတဲ့အတွက် ဖြေရှင်းရတာ ဖြစ်ပါတယ်" လို့ သူမက ဆိုပါတယ်။

" ပထမဆုံးပြောချင်တာက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျွန်မဘဝဖြစ်တဲ့ ယောက်ျားတစ်ယောက်ကို တွေ့ခဲံတယ်။ သူဟာ ကျွန်မရဲ့ လက်ရှိသားနဲ့ နောက်ထပ်ရောက်လာမယ့် ကလေးလေးရဲ့ ဖခင်ဖြစ်ပါတယ်။ သူက ကျွန်မချစ်သူ၊ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ကျွန်မလိုအပ်တဲ့ တစ်ဦးတည်းသောသူပါ" လို့ ၂၀၀၇ ခုနှစ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတဲ့ သူမရဲ့ချစ်သူ ပြင်သစ်မင်းသား ဂီအန်းကန်းနက်ကို ရည်ညွှန်းပြီး ပြောခဲ့ပါတယ်။

"ဒုတိယပြောချင်တာက ကျွန်မ အရမ်းကို ခံစားနေရတယ်လို့ ပြောနေတဲ့သူတွေကိုပါ။ ကျွန်မ အရမ်းကို နေကောင်းပါတယ်..ကျေးဇူးပါ။ လုပ်ကြံပြောဆိုမှုတွေအတွက် ဘာမှမခံစားရပါဘူး။ ထင်ရာကို စွပ်ပြောကြတဲ့ မီဒီယာတွေနဲ့ မုန်းတီးသူတွေကို အမြန်ဆုံး ပြန်လည်နလန်ထူနိုင်ပါစေလို့ ကျွန်မ စိတ်ရင်းနဲ့ ဆုတောင်းပေးပါတယ်" လို့ သူမက ဆိုပါတယ်။

"နောက်ဆုံးပြောချင်တာက ကျွန်မ တကယ့်ကို လေးစားရတဲ့ အန်ဂျလီနာနဲ့ ဘရတ်ပစ်တို့ ဒီလို အုတ်အော်သောင်းတင်းအခြေအနေကနေ ငြိမ်းချမ်းမှုကို ုရှာတွေ့ပါစေလို့ ဆန္ဒပြုပါတယ်" လို့ ဆိုရင်း သူမရဲ့ စာအရှည်ကြီး အဆုံးသတ်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top