Property Expo
×

ကမၻာ့ဖလားၿပိဳင္ပြဲအတြက္ အာရွေျခစစ္ပြဲအုပ္စု (B)ပြဲစဥ္မ်ား တြင္ ယူေအအီးက ဂ်ပန္ကို မထင္မွတ္ဘဲ ၂-၁ ဂုိးျဖင့္ အႏုိင္ ရရွိခဲ့ကာ ၾသစေၾတးလ်က အီရတ္ ကို ၂-၀ ဂုိးျဖင့္ အႏုိင္ရရိွခဲ့သည္။ အေစာပုိင္းက ကစားခဲ့ေသာ အုပ္စု(A) ပြဲစဥ္တြင္ ေတာင္ကိုရီးယားက ႀကံ႕ႀကံ႕ခံ၍ ဦးေဆာင္ဂုိး ကုိ ကာကြယ္ခဲ့ၿပီး တ႐ုတ္ကုိ ၃-၂ဂုိးျဖင့္ ေအာင္ပြဲခံခဲ့သည္။

ဂ်ပန္ႏုိင္ငံတြင္ ကစားေသာ ပြဲစဥ္၌ ဂ်ပန္ကုိ ၁-၀ဂုိးျဖင့္ ႐ႈံးေနေသာ ယူေအအီးအတြက္ အာမက္ခါလီလ္က မိနစ္ ၂၀ ႏွင့္  ၅၄ မိနစ္တုိ႔တြင္ ဂိုးမ်ားသြင္းယူခဲ့ ၿပီး ႏုိင္ပဲြအျဖစ္ ေျပာင္းလဲခဲ့သည္။ ၾသစေၾတးလ်တြင္ ကစားေသာ ပဲြစဥ္၌ အိမ္ရွင္အသင္းက ဒုတိ ယပုိင္းတြင္ ေျခာက္မိနစ္သာ ျခား ၍ ႏွစ္ဂုိးသြင္းယူၿပီး အီရတ္ကုိ အႏုိင္ရရိွခဲ့သည္။

အုပ္စု (A) လက္က်န္ပြဲစဥ္ မ်ားတြင္ ဆီးရီးယားက ဥဇဘက္ ကစၥတန္သုိ႔ သြားေရာက္ကစားရ မည္ျဖစ္ကာ ကာတာအသင္းက အီရန္သို႔ သြားကစားရမည္ျဖစ္ သည္။ အုပ္စု (B) တြင္ ထုိင္းက ေဆာ္ဒီအာေရးဗီးယား၌ ကစားရမည္ျဖစ္သည္။

ၾသစေၾတးလ်သည္ ပြဲက်ပ္ အျဖစ္ အဂၤါေန႔တြင္ ယူေအအီးသုိ႔ သြားေရာက္ကစားရမည္ျဖစ္ သည္။

အုပ္စု ႏွစ္စုမွ ထိပ္တန္း ႏွစ္သင္းစီသည္ ၂၀၁၈ ကမၻာ့ဖလား သို႔ တိုက္႐ိုက္ေျခစစ္ပြဲ ေအာင္ျမင္ မည္ျဖစ္သည္။

‘‘အံ့ၾသစရာမဟုတ္ပါဘူး။ ယူေအအီးဟာ အရမ္းေကာင္းတဲ့ အသင္းပါ။ ခက္ခဲတဲ့ အုပ္စုပါ’’ ဟု ယူေအအီးက ဂ်ပန္ကုိ အႏုိင္ ရသြားေၾကာင္း သိၿပီးေနာက္ ၾသစေၾတးလ်နည္းျပ ေပါ့စ္တီကုိဂလူ က ေျပာသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရှခြေစစ်ပွဲအုပ်စု (B)ပွဲစဉ်များ တွင် ယူအေအီးက ဂျပန်ကို မထင်မှတ်ဘဲ ၂-၁ ဂိုးဖြင့် အနိုင် ရရှိခဲ့ကာ သြစတြေးလျက အီရတ် ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အစောပိုင်းက ကစားခဲ့သော အုပ်စု(A) ပွဲစဉ်တွင် တောင်ကိုရီးယားက ကြံ့ကြံ့ခံ၍ ဦးဆောင်ဂိုး ကို ကာကွယ်ခဲ့ပြီး တရုတ်ကို ၃-၂ဂိုးဖြင့် အောင်ပွဲခံခဲ့သည်။

ဂျပန်နိုင်ငံတွင် ကစားသော ပွဲစဉ်၌ ဂျပန်ကို ၁-ဝဂိုးဖြင့် ရှုံးနေသော ယူအေအီးအတွက် အာမက်ခါလီလ်က မိနစ် ၂၀ နှင့်  ၅၄ မိနစ်တို့တွင် ဂိုးများသွင်းယူခဲ့ ပြီး နိုင်ပွဲအဖြစ် ပြောင်းလဲခဲ့သည်။ သြစတြေးလျတွင် ကစားသော ပွဲစဉ်၌ အိမ်ရှင်အသင်းက ဒုတိ ယပိုင်းတွင် ခြောက်မိနစ်သာ ခြား ၍ နှစ်ဂိုးသွင်းယူပြီး အီရတ်ကို အနိုင်ရရှိခဲ့သည်။

အုပ်စု (A) လက်ကျန်ပွဲစဉ် များတွင် ဆီးရီးယားက ဥဇဘက် ကစ္စတန်သို့ သွားရောက်ကစားရ မည်ဖြစ်ကာ ကာတာအသင်းက အီရန်သို့ သွားကစားရမည်ဖြစ် သည်။ အုပ်စု (B) တွင် ထိုင်းက ဆော်ဒီအာရေးဗီးယား၌ ကစားရမည်ဖြစ်သည်။

သြစတြေးလျသည် ပွဲကျပ် အဖြစ် အင်္ဂါနေ့တွင် ယူအေအီးသို့ သွားရောက်ကစားရမည်ဖြစ် သည်။

အုပ်စု နှစ်စုမှ ထိပ်တန်း နှစ်သင်းစီသည် ၂၀၁၈ ကမ္ဘာ့ဖလား သို့ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင် မည်ဖြစ်သည်။

‘‘အံ့သြစရာမဟုတ်ပါဘူး။ ယူအေအီးဟာ အရမ်းကောင်းတဲ့ အသင်းပါ။ ခက်ခဲတဲ့ အုပ်စုပါ’’ ဟု ယူအေအီးက ဂျပန်ကို အနိုင် ရသွားကြောင်း သိပြီးနောက် သြစတြေးလျနည်းပြ ပေါ့စ်တီကိုဂလူ က ပြောသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top