Kantharyar Centre
×

စက္တင္ဘာလ (၂၃)ရက္ေန ့က ထိုင္းနိုင္ငံ ဘန္ေကာက္ျမိဳ ့ ဆူကိုဗစ္ Sukhumvit Soi 56 ၅၆လမ္းက ေနအိမ္ တစ္လံုးမွာ ေနထိုင္ေနၾကတဲ့ နိုင္ငံျခားသားေတြကို မူးယစ္ေဆးနဲ ့ နိုင္ငံကူးစာအုပ္ ၀င္ေရာက္ရွာေဖြ စစ္ေဆးရာကေန နိုင္ငံျခားသား က ေသနတ္နဲ ့ စတင္ ပစ္ခတ္ခဲ့လို ့လ၀က ရဲတပ္ဖြဲ ့ ၀င္အရာရွိတစ္ဦး ဒဏ္ရာရသြားခဲ့ပါတယ္။

အဆိုပါ အခင္းျဖစ္ပြားတဲ့ေနအိမ္ကိုရဲေတြက ပိတ္ဆို ့ထားျပီး ကြန္မန္ဒို တပ္ဖြဲ ့၀င္ေတြ က ၀င္ေရာက္စီး နင္း ဖမ္းဆီးခဲ့ရေၾကာင္း၊ ေနအိမ္အတြင္းမွာ ဖမ္းမိခဲ့တဲ့ နိုင္ငံျခားသားေတြမွာ အဂၤလန္နိုင္ငံသား (၁)ဦး အေမရိကန္နိုင္ငံ သား (၂)ဦးနဲ ့ျမန္မာနိုင္ငံသား လင္မယား (၂)ဦးတို ့ျဖစ္ပါတယ္။



ေနအိမ္အတြင္းမွာ ေသနတ္သံုးလက္ နဲ ့အတူ မူးယစ္ေဆး၀ါးေတြပါ ရွာေဖြေတြ ့ ရွိခဲ့တယ္လို ့လည္းသိရပါတယ္။ ဒါအျပင္ေနအိမ္ အခန္းတစ္ခုအတြင္းက ေရခဲေသတၱာၾကီးအတြင္းမွာ လူေသ အေလာင္းေတြကို အပိုင္းပိုင္းျဖတ္ ခြဲ ထုတ္ျပီး ထည့္ထား တာကို လည္းေတြ ့ ရွိခဲ့ၾကပါတယ္။


တာ၀န္ရွိထိုင္းရဲခ်ဳပ္က သတင္းေထာက္ေတြကို ေျပာဆိုသြားရာမွာ တရားခံေတြ ဟာ ထိုင္းနိုင္ငံမွာလာေရာက္အျခစိုက္ျပီး ဒုစရိုက္မွုေတြ က်ဴးလြန္ေနၾက သူေတြျဖစ္တယ္ ၊ ျမန္မာနိုင္ငံသားနွစ္ဦးကေတာ့ ေနအိမ္သန္ ့ရွင္းေရးအတြက္ တလ(၆၀၀၀)နဲ ့အခ်ိန္ပိုင္း ဌားရမ္းထားသူ အမ်ိဳးသမီးနဲ ့သူမရဲ ့ခင္ပြန္းသည္ျဖစ္တယ္လို ့ ေျပာၾကားသြားခဲ့ျပီး အမွုနဲ ့ ပါ၀င္ပါတ္သက္မႈ ရွိမရွိကို ဆက္လက္ စံုစမ္း စစ္ေဆးသြားမွာျဖစ္တယ္ လို ့ ေျပာၾကားခဲ့ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Social Action for Women - SAW

#Unicode Version
စက်တင်ဘာလ (၂၃)ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆူကိုဗစ် Sukhumvit Soi 56 ၅၆လမ်းက နေအိမ် တစ်လုံးမှာ နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေကို မူးယစ်ဆေးနဲ့ နိုင်ငံကူးစာအုပ် ဝင်ရောက်ရှာဖွေ စစ်ဆေးရာကနေ နိုင်ငံခြားသား က သေနတ်နဲ့ စတင် ပစ်ခတ်ခဲ့လို့လဝက ရဲတပ်ဖွဲ့ ဝင်အရာရှိတစ်ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

အဆိုပါ အခင်းဖြစ်ပွားတဲ့နေအိမ်ကိုရဲတွေက ပိတ်ဆို့ထားပြီး ကွန်မန်ဒို တပ်ဖွဲ့ဝင်တွေ က ဝင်ရောက်စီး နင်း ဖမ်းဆီးခဲ့ရကြောင်း၊ နေအိမ်အတွင်းမှာ ဖမ်းမိခဲ့တဲ့ နိုင်ငံခြားသားတွေမှာ အင်္ဂလန်နိုင်ငံသား (၁)ဦး အမေရိကန်နိုင်ငံ သား (၂)ဦးနဲ့မြန်မာနိုင်ငံသား လင်မယား (၂)ဦးတို့ဖြစ်ပါတယ်။


နေအိမ်အတွင်းမှာ သေနတ်သုံးလက် နဲ့အတူ မူးယစ်ဆေးဝါးတွေပါ ရှာဖွေတွေ့ ရှိခဲ့တယ်လို့လည်းသိရပါတယ်။ ဒါအပြင်နေအိမ် အခန်းတစ်ခုအတွင်းက ရေခဲသေတ္တာကြီးအတွင်းမှာ လူသေ အလောင်းတွေကို အပိုင်းပိုင်းဖြတ် ခွဲ ထုတ်ပြီး ထည့်ထား တာကို လည်းတွေ့ ရှိခဲ့ကြပါတယ်။


တာဝန်ရှိထိုင်းရဲချုပ်က သတင်းထောက်တွေကို ပြောဆိုသွားရာမှာ တရားခံတွေ ဟာ ထိုင်းနိုင်ငံမှာလာရောက်အခြစိုက်ပြီး ဒုစရိုက်မှုတွေ ကျူးလွန်နေကြ သူတွေဖြစ်တယ် ၊ မြန်မာနိုင်ငံသားနှစ်ဦးကတော့ နေအိမ်သန့်ရှင်းရေးအတွက် တလ(၆၀၀၀)နဲ့အချိန်ပိုင်း ဌားရမ်းထားသူ အမျိုးသမီးနဲ့သူမရဲ့ခင်ပွန်းသည်ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပြီး အမှုနဲ့ ပါဝင်ပါတ်သက်မှု ရှိမရှိကို ဆက်လက် စုံစမ်း စစ်ဆေးသွားမှာဖြစ်တယ် လို့ ပြောကြားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Social Action for Women - SAW 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top