Kantharyar Centre
×

အသီး၊ အရြက္၊ အပြင့္ တစ္ပင္လံုးေဆးဖက္ဝင္တဲ့ ဒန္႔ သလြန္ဟာ က်န္းမာေရးအတြက္ ဘာေတြေကာင္းက်ဳိး ျပဳသလဲဆိုတာ သိထားရေအာင္  မွ်ေဝခ်င္ ပါတယ္။

 ဒန္႔သလြန္သီးဟာ အေအးမိ၊ တုပ္ေကြး၊ လည္ေခ်ာင္းနာတာနဲ႔ အသက္႐ွဴလမ္းေၾကာင္းဆုိင္ရာ ေရာဂါေတြနဲ႔ အဆုတ္ေရာဂါ၊ရင္က်ပ္၊ ပန္းနာ၊ တီဘီေရာဂါေတြကိုလည္း ေပ်ာက္ကင္းေစပါတယ္။ ကိုယ္ဝန္ေဆာင္ေတြ၊ ႏို႔တိုက္မိခင္ေတြအတြက္လည္း လုိအပ္တဲ့ဗီတာမင္ေတြျဖည့္ေပးသလို ႏို႔ထြက္အားလည္းေကာင္းေစပါတယ္။ ေနာက္ၿပီးကယ္လ္
စီယမ္ဓာတ္လည္း ပါလို႔ အ႐ိုးက်န္းမာေရးအတြက္ေကာင္းေစကာ ေသြးသန္႔စင္ေအာင္ လည္း ေထာက္ကူေပးပါတယ္။

ဘက္တီးရီးယားပိုးေတြကို မဝင္လာေအာင္ ကာကြယ္ေပးတဲ့ သဘာဝကာကြယ္ေဆးျဖစ္သလို အစာေျခအဂၤါအဖြဲ႕အစည္းေကာင္းေကာင္း အလုပ္လုပ္ဖို႔ အက်ဳိးျပဳပါတယ္။ ဒန္႔သလြန္သီးအစိမ္းကို အရည္ညႇစ္၊ သံပရာ ရည္ေလးနဲ႔ေရာၿပီး ဝက္ၿခံ၊ ဆားဝက္ၿခံ၊ တင္းတိပ္နဲ႔အေရျပား ျပႆနာေတြကိုလည္း ကုသႏိုင္တယ္လို႔ဆိုပါတယ္။

ဒန္႔သလြန္သီးနဲ႔ ဒန္႔သလြန္ရြက္ ပံုမွန္စားေပးမယ္ဆိုရင္ ကင္ဆာေရာဂါ ျဖစ္ပြားမႈကို ၈၀ရာခိုင္ႏႈန္းကာကြယ္ေပးႏိုင္ၿပီး အထူးသျဖင့္ အမ်ဳိးသမီးေတြ ရင္သားကင္ဆာမျဖစ္ပြားေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ေနာက္ၿပီး အူနဲ႔ကိုယ္တြင္းပိုင္းအနာေရာဂါ ျဖစ္ပြားတာေတြကို သက္သာေပ်ာက္ကင္းေစတဲ့အျပင္ မ်က္စိအျမင္အာ႐ံုေကာင္းေစဖို႔လည္း အက်ဳိးျပဳပါတယ္။

အမ်ဳိးသမီးေတြ ဓမၼတာလာခ်ိန္ နာက်င္ကိုက္ခဲရင္လည္း ဒန္႔သလြန္သီးဟင္းခ်ဳိေလးခ်က္ေသာက္ရင္ သက္သာေစသလုိ သားအိမ္ေရာဂါေတြမျဖစ္ဖို႔လည္း ေထာက္ကူေပးတယ္လို႔ဆိုပါတယ္။

ဒါတင္မက ဒန္႔သလြန္သီးနဲ႔အရြက္ဟာ ဦးေခါင္းထိခိုက္ဒဏ္ရာ ေတြအျမန္သက္သာဖို႔အတြက္လည္း အက်ဳိးျပဳတဲ့အျပင္ ကိုယ္ခံစြမ္းအားေကာင္းေအာင္လည္း ကူညီႏိုင္ပါတယ္။

ေသြးလည္ပတ္မႈေကာင္းေစၿပီး ဆီးခ်ဳိေဝဒနာရွင္ေတြအတြက္ လည္း ေသြးတြင္း သၾကားဓာတ္ကိုေလွ်ာ့ခ်ေပးႏိုင္စြမ္းရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

အသီး၊ အရွက်၊ အပွင့် တစ်ပင်လုံးဆေးဖက်ဝင်တဲ့ ဒန့် သလွန်ဟာ ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုး ပြုသလဲဆိုတာ သိထားရအောင်  မျှဝေချင် ပါတယ်။

 ဒန့်သလွန်သီးဟာ အအေးမိ၊ တုပ်ကွေး၊ လည်ချောင်းနာတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ အဆုတ်ရောဂါ၊ရင်ကျပ်၊ ပန်းနာ၊ တီဘီရောဂါတွေကိုလည်း ပျောက်ကင်းစေပါတယ်။ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအတွက်လည်း လိုအပ်တဲ့ဗီတာမင်တွေဖြည့်ပေးသလို နို့ထွက်အားလည်းကောင်းစေပါတယ်။ နောက်ပြီးကယ်လ်စီယမ်ဓာတ်လည်း ပါလို့ အရိုးကျန်းမာရေးအတွက်ကောင်းစေကာ သွေးသန့်စင်အောင် လည်း ထောက်ကူပေးပါတယ်။

ဘက်တီးရီးယားပိုးတွေကို မဝင်လာအောင် ကာကွယ်ပေးတဲ့ သဘာဝကာကွယ်ဆေးဖြစ်သလို အစာခြေအင်္ဂါအဖွဲ့အစည်းကောင်းကောင်း အလုပ်လုပ်ဖို့ အကျိုးပြုပါတယ်။ ဒန့်သလွန်သီးအစိမ်းကို အရည်ညှစ်၊ သံပရာ ရည်လေးနဲ့ရောပြီး ဝက်ခြံ၊ ဆားဝက်ခြံ၊ တင်းတိပ်နဲ့အရေပြား ပြဿနာတွေကိုလည်း ကုသနိုင်တယ်လို့ဆိုပါတယ်။

ဒန့်သလွန်သီးနဲ့ ဒန့်သလွန်ရွက် ပုံမှန်စားပေးမယ်ဆိုရင် ကင်ဆာရောဂါ ဖြစ်ပွားမှုကို ၈၀ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပြီး အထူးသဖြင့် အမျိုးသမီးတွေ ရင်သားကင်ဆာမဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး အူနဲ့ကိုယ်တွင်းပိုင်းအနာရောဂါ ဖြစ်ပွားတာတွေကို သက်သာပျောက်ကင်းစေတဲ့အပြင် မျက်စိအမြင်အာရုံကောင်းစေဖို့လည်း အကျိုးပြုပါတယ်။

အမျိုးသမီးတွေ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲရင်လည်း ဒန့်သလွန်သီးဟင်းချိုလေးချက်သောက်ရင် သက်သာစေသလို သားအိမ်ရောဂါတွေမဖြစ်ဖို့လည်း ထောက်ကူပေးတယ်လို့ဆိုပါတယ်။

ဒါတင်မက ဒန့်သလွန်သီးနဲ့အရွက်ဟာ ဦးခေါင်းထိခိုက်ဒဏ်ရာ တွေအမြန်သက်သာဖို့အတွက်လည်း အကျိုးပြုတဲ့အပြင် ကိုယ်ခံစွမ်းအားကောင်းအောင်လည်း ကူညီနိုင်ပါတယ်။

သွေးလည်ပတ်မှုကောင်းစေပြီး ဆီးချိုဝေဒနာရှင်တွေအတွက် လည်း သွေးတွင်း သကြားဓာတ်ကိုလျှော့ချပေးနိုင်စွမ်းရှိပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top