Property Expo
×




Credit : Duwun

#Unicode Version

ပြင်သစ်နိုင်ငံမှာ ပလတ်စတစ်ခွက်နဲ့ ပလတ်စတစ်ပန်းကန်တွေ အသုံးပြုခွင့်ကို ပိတ်ပင်ကြောင်း ကြေညာလိုက်ပါတယ်။ ကြေညာချက်ဟာ ၂၀၂၀ ခုနှစ်မှာ အပြည့်အဝ သက်ရောက်မှာဖြစ်ကြောင်း သိရပါတယ်။

စိမ်းလန်းတဲ့သဘာဝပတ်ဝန်းကျင်ဖြစ်လာစေရေး အသွင်ကူးပြောင်းမှုကဏ္ဍရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဆွေးမြေ့နိုင်ခြင်းမရှိတဲ့ တစ်ခါသုံးပစ္စည်းတွေကို ပိတ်ပင်လိုက်တာလည်းဖြစ်ပါတယ်။ ပလတ်စတစ်ခွက်နဲ့ ပန်းကန်တွေနေရာမှာ ဇီဝရင်းမြစ်မှဖန်တီးထားသောဆွေးမြေ့နိုင်တဲ့ အရာတွေနဲ့ အစားထိုးသွားမယ်လို့ ဆိုပါတယ်။

ဇူလိုင်လတုန်းကလည်း တစ်နိုင်ငံလုံးမှာ ပလတ်စတစ်အိတ်တွေ အသုံးပြုခွင့်ကို ပြင်သစ်အစိုးရက ပိတ်ပင်ခဲ့ပါသေးတယ်။ ပလတ်စတစ်ခွက်နဲ့ ပန်းကန်တွေကို ပိတ်ပင်တာကိုလည်း ပြင်သစ်အစိုးရကပဲ စတင်လိုက်တာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top