Kantharyar Centre
×





Credit : Trend Myanmar

#Unicode Version

ဟင်းသီးဟင်းရွက်စိမ်း၊ ဂျုံနဲ့ ပဲ လုံလောက်စွာ မစားသုံးပါက ဗီတာမင်ဓာတ်ချို့ပြီး မျိုးပွားနိုင်မှု ကျဆင်းနိုင်ခြေ ပိုများပါတယ်။ ဒီအစားအစာတွေက ကိုယ်ခံအား၊ မျိုးပွားနိုင်မှု အားကောင်းစေဖို့နဲ့ ကိုလက်ထရော လျှော့နည်းစေဖို့ အရေးကြီးပါတယ်။

အသက် ၂၀ အရွယ်ရှိသူ ၉၀ ရာခိုင်နှုန်းနီးပါးနဲ့ ၃၀ အရွယ်ရှိသူ ၇၀ ရာခိုင်နှုန်းတွေဟာ ဗီတာမင် E အလုံအလောက် မရရှိကြောင်း လေ့လာမှုတွေက တွေ့ရှိခဲ့ပါတယ်။ ဗီတာမင်မလုံလောက်မှုက ကလေးလိုချင်တဲ့ အသက် ၃၀ နဲ့ ၂၀ ကျော်သက်အရွယ်တွေအတွက် တကယ်အရးကြီးတဲ့ မျိုးအောင်မှုအတွက် အဓိကကျပါတယ်။

တာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာတွေ အလွန်အကျွံမစားပါက သတင်းကောင်းပါပဲ။ ဗီတာမင် E အလုံအလောက် ရရှိနိုင်ခြေရှိပါတယ်။

ဒီဗီတာမင်ဓာတ်တွေရဲ့ အကောင်းဆုံးအရင်းအမြစ်တွေက ဟင်းသီးဟင်းရွက်စိမ်း၊ ဂျုံ၊ ပဲတောင့်ရှည်ပဲမျိုး၊ အစေ့အဆန်၊ မသန့်စင်ရသေးတဲ့ သဘာဝသီးနှံဆီ အထူးသဖြင့် နေကြာ၊ နောက် ကြက်ဥနဲ့ အခွံမာအစေ့တွေ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top