Kantharyar Centre
×
အပြာရောင်
အနီရောင်
မီးခိုးရောင်
ခရမ်းရောင်
အမည်းရောင်
အစိမ်းရောင်
အဖြူရောင်
Credit:Trend Myanmar
#Unicode Version
သင်အမြဲတမ်း နှစ်ခြိုက်စွာ ရွေးချယ်ဝတ်ဆင်တတ်တဲ့ အဝတ်အစားအရောင်က ဘာအရောင်များ ဖြစ်လိမ့်မလဲ။ သင်အများဆုံး ဝတ်ဆင်တတ်တဲ့ အဝတ်အစား၊အကျီအရောင်က သင့်အကြောင်းကို ပြောပြပေးနေတယ်ဆိုတာ သိပါသလား။
အပြာရောင်
အပြာရောင်သည် အလုပ်အင်တာဗျူး ဖြေဆိုရာတွင် ဝတ်ဆင်သင့်သောအရောင် ဖြစ်သည်။အလုပ်အကိုင် ခန့်ထားခြင်းဆိုင်ရာ စစ်တမ်းတစ်ခုအရ မန်နေဂျာ ရာထူးရွေးချယ်ရာတွင် အပြာရောင် ဝတ်ဆင်ထားသူများကို အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်နိုင်သည်ဟု ယူဆခဲ့ကြောင်း ရွေးချယ်သူများက ဆိုသည်။ အပြာရောင်သည် စိတ်သက်သာရာရခြင်း ၊သစ္စာရှိခြင်း ၊
ယုံကြည်မှုရှိခြင်း နှင့် ထိန်းချုပ်နိုင်ခြင်း တို့ကို ကိုယ်စားပြုသည်။
အနီရောင်
နှစ်ပေါင်းများစွာ ပြုစုလာခဲ့သော သုတေသနရလဒ်များအရ ကြက်သွေးရောင် အနီရဲရဲသည် ချစ်သူများနေ့တွင် ဖယ်ရှားထားသင့်သည် အရောင် မဟုတ်ဟုဆိုသည်။လေ့လာမှုတစ်ခုတွင် အမျိုးသားများအား အရောင်အသွေးစုံ ဝတ်ဆင်ထားသော အမျိုးသမီးများ၏ ဓာတ်ပုံများကို ပြ၍ ထိုမိန်းကလေးအတွက် မည်မျှ အကုန်အကျ ခံနိုင်ပါသလဲဟုမေးရာ အနီရောင် ဝတ်ထားသော အမျိုးသမီးများအား စိတ်ဝင်စားချစ်ခင်ပြီး ၎င်းတို့အတွက် ငွေအများဆုံး သုံးလိုကြောင်းဖြေကြားခဲ့သည်။ထို့ကြောင့် အနီရောင်သည် အချစ်စိတ်ကို နှိုုးဆွနိုင်သည့် အရောင်ဖြစ်သည်ဟု ဆိုနိုင်သည်။
မီးခိုးရောင်
ပညာရှင်များရဲ့အဆိုအရ မီးခိုးရောင်သည် ရှေးရိုးမဆန်ခြင်းဘဲ ကျက်သရေရှိခြင်း ၊ဟန်ဆောင်ခြင်းကင်း၍ တသားတည်း ရှိခြင်းကိုပြသည်ဟု ဆိုသည်။
ခရမ်းရောင်
ခရမ်းရောင်သည် တော်ဝင်ဆန်ခြင်း ၊ အာဏာရှိခြင်းကို ပြသည်။ စိတ်မသက်မသာ ဖြစ်ခြင်းကိုပြသည်။ တစ်စုံတစ်ဦးကို စိတ်အေးဆေး သက်သာစွာရှိစေလိုသော အလုပ်အင်တာဗျူးသွားခြင်း သို့ ချစ်သူနှင့် ချိန်းတွေ့သည့်အခါများတွင် ခရမ်းရောင်ကို ရှောင်ကြဉ်သင့်သည်။
အမည်းရောင်
ခေါင်းမှခြေအဆုံး အမည်းရောင် ဝတ်ဆင်ခြင်းသည် လုပ်ပိုင်ခွင့် နှင့် အာဏာ ရှိခြင်းကို ပြသည်။ဝမ်းနည်းခြင်း အဓိပ္ပါယ် ဆောင်သကဲ့သို့ စိတ်ဆန္ဒ ကြီးခြင်းကိုလည်း ပြသည်။ NHL အဖွဲ့များအားလေ့လာမှု တစ်ခုတွင် အမည်းရောင် ဝတ်စုံ ဝတ်ဆင်သော အသင်းများသည် ပင်နတီပိုမို ရရှိကြောင်း တွေ့ရသည် ဟုဆိုသည်။အမည်းရောင် ဝတ်စုံကြောင့် ကစားသမားများ၏ စိတ်ကို ပိုမို တွန်းအားပေးခြင်း ဖြစ်နိုင်သကဲ့သို့ ဒိုင်လူကြီးများ၏ အမည်းရောင်အပေါ် မသိစိတ်မှ ဘက်လိုက်မှုကြောင့်လည်း ဖြစ်နိုင်သည်ဟု ဆိုသည်။
အစိမ်းရောင်
အစိမ်းရောင်သည် တည်ငြိမ်မှု ရှိခြင်း ၊သေချာခြင်း ကိုပြ၍ တီထွင် ဖန်တီးလိုစိတ ်ကိုလည်း နှိုးဆွနိုင်သည်။အစိမ်းရောင်ကို အသုံးပြုခြင်းဖြင့် စိတ်ဝင်စားဖွယ်ကောင်းသော ၊ ဆန်းသစ်သော စိတ်ကူးစိတ်သန်းများ ရရှိလာစေသည်။
အဖြူရောင်
အဖြူရောင်သည် ပေါင်းစည်းခြင်းကို ပြသည် ။မိမိသည် အားလုံးနှင့် တသွေးတသားတည်း ဖြစ်ကြောင်း ပြလိုသော မိသားစု ညစာစားပွဲမျိုး ၊အလုပ်အင်တာဗျူးမျိုးတွင် အဖြူရောင်ကို ဝတ်ဆင်သွားသင့်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top