Property Expo
×

 ပါကစၥတန္တြင္ တရား႐ံုးတစ္ခုကို ပစ္မွတ္ထားခဲ့သည့္ အေသခံ ဗံုးခြဲမႈ တစ္ခုအတြင္း လူ ၁၀ ဦးထက္မနည္း ေသဆံုးခဲ့ေၾကာင္း သိရသည္။

မာဒန္ၿမိဳ႕ အုပ္ခ်ဳပ္ေရး အာဏာပိုင္မ်ားက ဗံုးေပါက္ကြဲမႈအတြင္း ေနာက္ထပ္ လူ ၃၀ မွ်လည္း ထိခုိက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း ဆိုသည္။ အေသခံ ဗံုးခြဲတိုက္ခုိက္သူသည္ လက္ပစ္ဗံုး တစ္လံုးကို ကိုင္ေဆာင္လာကာ တရား႐ံုး ဧရိယာထဲ ေျပးဝင္လာေၾကာင္း၊ ထို႔ေနာက္တြင္ ခႏၶာကိုယ္၌ တြယ္ကပ္ထားသည့္ ဗံုးတစ္လံုးကို စနက္တံျဖဳတ္ ေဖာက္ခြဲလိုက္ေၾကာင္း ရဲမ်ားက ေျပာၾကားခဲ့သည္။

ေသဆံုးသူမ်ားထဲတြင္ ေ႐ွ႕ေနမ်ား၊ ရဲအရာရွိမ်ားႏွင့္ အရပ္သားမ်ား ပါဝင္ေၾကာင္း သိရသည္။ စက္တင္ဘာ ၂ ရက္ အေသခံ ဗံုးခြဲမႈ၏ အဓိက ရည္ရြယ္ခ်က္ႏွင့္ မည္သည့္ အဖြဲ႕အစည္း၏ လက္ခ်က္ျဖစ္သည္ကို မေဖာ္ထုတ္ႏုိင္ေသးေခ်။

ထိုေန႔အေစာပိုင္းကလည္း ပီရွာဝါအနီး ခရစ္ယာန္ ရပ္ကြက္တစ္ခုကို အေသခံ ဗံုးသမား ေလးဦးက ပစ္မွတ္ထား တိုက္ခုိက္ရန္ ႀကိဳးပမ္းခဲ့ေသးၿပီး လံုၿခံဳေရးမ်ားက လက္ဦးမႈယူ ပစ္သတ္ႏုိင္ခဲ့သည္။ အဆိုပါ တိုက္ခုိက္မႈ ႏွစ္ခုစလံုးသည္ ပါကစၥတန္ေျမာက္ပိုင္း ခုိင္ဘာ ပက္တြန္ခဝါ ျပည္နယ္တြင္ ေပၚေပါက္ခဲ့ျခင္း ျဖစ္သည္။

တရား႐ံုးကို တိုက္ခုိက္မႈႏွင့္ ပတ္သက္၍ မည္သည့္အဖြဲ႕အစည္းကမွ် တာဝန္ခံမႈ မရွိေသးေသာ္လည္း ခရစ္ယာန္ ရပ္ကြက္ကို တိုက္ခုိက္မည့္ အစီအစဉ္သည္ မိမိတို႔ လက္ခ်က္ဟု ဂ်မတ္အူ အာဟ္ရာ စစ္ေသြးႂကြ အဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ပါကစၥတန္တြင္ ဥပေဒ ဝန္ထမ္းမ်ားကို စစ္ေသြးႂကြမ်ားက ပစ္မွတ္ထား ရန္ျပဳမႈမ်ား ယခင္ကတည္းက ရွိခဲ့ၿပီး ျဖစ္သည္။ ၿပီးခဲ့သည့္ လကလည္း ကြတၱာတြင္ ျဖစ္ပြားေသာ ဗံုးခြဲမႈ တစ္ခုအတြင္း ေ႐ွ႕ေန ၁၈ ဦး ေသဆံုးခဲ့သည္။ အဆုိပါ ဗံုးခြဲမႈသည္လည္း ဂ်မတ္အူ အာဟ္ရာတို႔၏ လက္ခ်က္ျဖစ္ေၾကာင္း သိရွိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ပါကစ္စတန်တွင် တရားရုံးတစ်ခုကို ပစ်မှတ်ထားခဲ့သည့် အသေခံ ဗုံးခွဲမှု တစ်ခုအတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

မာဒန်မြို့ အုပ်ချုပ်ရေး အာဏာပိုင်များက ဗုံးပေါက်ကွဲမှုအတွင်း နောက်ထပ် လူ ၃၀ မျှလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဆိုသည်။ အသေခံ ဗုံးခွဲတိုက်ခိုက်သူသည် လက်ပစ်ဗုံး တစ်လုံးကို ကိုင်ဆောင်လာကာ တရားရုံး ဧရိယာထဲ ပြေးဝင်လာကြောင်း၊ ထို့နောက်တွင် ခန္ဓာကိုယ်၌ တွယ်ကပ်ထားသည့် ဗုံးတစ်လုံးကို စနက်တံဖြုတ် ဖောက်ခွဲလိုက်ကြောင်း ရဲများက ပြောကြားခဲ့သည်။

သေဆုံးသူများထဲတွင် ရှေ့နေများ၊ ရဲအရာရှိများနှင့် အရပ်သားများ ပါဝင်ကြောင်း သိရသည်။ စက်တင်ဘာ ၂ ရက် အသေခံ ဗုံးခွဲမှု၏ အဓိက ရည်ရွယ်ချက်နှင့် မည်သည့် အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို မဖော်ထုတ်နိုင်သေးချေ။

ထိုနေ့အစောပိုင်းကလည်း ပီရှာဝါအနီး ခရစ်ယာန် ရပ်ကွက်တစ်ခုကို အသေခံ ဗုံးသမား လေးဦးက ပစ်မှတ်ထား တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သေးပြီး လုံခြုံရေးများက လက်ဦးမှုယူ ပစ်သတ်နိုင်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှု နှစ်ခုစလုံးသည် ပါကစ္စတန်မြောက်ပိုင်း ခိုင်ဘာ ပက်တွန်ခဝါ ပြည်နယ်တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

တရားရုံးကို တိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ခံမှု မရှိသေးသော်လည်း ခရစ်ယာန် ရပ်ကွက်ကို တိုက်ခိုက်မည့် အစီအစဉ်သည် မိမိတို့ လက်ချက်ဟု ဂျမတ်အူ အာဟ်ရာ စစ်သွေးကြွ အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပါကစ္စတန်တွင် ဥပဒေ ဝန်ထမ်းများကို စစ်သွေးကြွများက ပစ်မှတ်ထား ရန်ပြုမှုများ ယခင်ကတည်းက ရှိခဲ့ပြီး ဖြစ်သည်။ ပြီးခဲ့သည့် လကလည်း ကွတ္တာတွင် ဖြစ်ပွားသော ဗုံးခွဲမှု တစ်ခုအတွင်း ရှေ့နေ ၁၈ ဦး သေဆုံးခဲ့သည်။ အဆိုပါ ဗုံးခွဲမှုသည်လည်း ဂျမတ်အူ အာဟ်ရာတို့၏ လက်ချက်ဖြစ်ကြောင်း သိရှိရသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top