Kantharyar Centre
×

ျပည္ၿမိဳ႕ ဝက္ထီးကန္တိုက္ နယ္တြင္ အသက္ (၁၀)ႏွစ္အရြယ္ ပၪၥမတန္းေက်ာင္းသူ တစ္ဦးကို ေန အိမ္သုိ႔ ဝင္ထြက္ေနသည့္ ေဆြမ်ိဳးနီးစပ္ေတာ္သူက သားမယားအျဖစ္ ျပဳက်င့္၍ ကေလးငယ္မွာ ေဆးကုသမႈခံယူေနေၾကာင္း သတင္းရရွိသည္။

စက္တင္ဘာ ၂၆ ရက္ညက အဆုိပါ ေက်ာင္းသူ အိပ္ေနသည့္ ျခင္ေထာင္ အတြင္းသို႔ တစ္ရြာတည္းေန အသက္ (၂၄) ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦး ဝင္ေရာက္ကာ အဓမၼသားမယား ျပဳက်င့္ခဲ့ေၾကာင္း ျပည္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ သိရသည္။

‘‘ေက်ာင္းသူ မိန္းကေလးရဲ႕ အိမ္မွာ မိဘေတြ မရွိတုန္း သား မယားျပဳက်င့္မႈ ျဖစ္သြားတယ္။ ေအာ္ရင္သတ္ပစ္မယ္ဆုိၿပီး သား မယား ျပဳက်င့္ခဲ့တယ္လို႔ သိရ တယ္။ မိန္းမကိုယ္မွာ ဒဏ္ရာရသြားတာေၾကာင့္ ေဆး႐ံုတက္ ေရာက္ကုသေနပါတယ္။ တရား ခံကို ဖမ္းမိထားပါတယ္’’ဟု ျပည္ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ ဦးက ေျပာသည္။

မိန္းကေလး၏ ဖခင္မွာ ေသဆံုးသြားၿပီျဖစ္ၿပီး မိခင္သည္ ယင္းေန႔ညဥ့္ဦးပိုင္းတြင္ ေလျဖတ္ေရာဂါခံစားေနရသူ အဘြားေနအိမ္သို႔ ျပဳစုေစာင့္ေရွာက္ရန္ သြားေရာက္ေနခဲ့ကာ အစ္ကိုမွာ လည္း အိမ္တြင္ မရွိခိုက္ ယခုကဲ့သို႔ ျပဳက်င့္ခံရျခင္းျဖစ္ေၾကာင္း  သိရသည္။ ည ၉ နာရီခြဲတြင္ မိဘမ်ားက ေနအိမ္သို႔ ျပန္လည္ေရာက္ရွိခဲ့ရာ ေက်ာင္းသူ မိန္းကေလးက သား မယား ျပဳက်င့္ခံရေၾကာင္း ငိုယို ေျပာျပသျဖင့္ ဝက္ထီးကန္ နယ္ ေျမရဲစခန္းသို႔ အမႈဖြင့္တုိင္ၾကား ေၾကာင္း ျပည္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ သိရသည္။

  ‘‘မိန္းကေလးက  ေဆး႐ံု တက္ေနတာ။ ေသြးအားနည္းေန တာေၾကာင့္ ေသြးလွဴရွင္အသင္း ကေန ေသြးလွဴဒါန္းတာေတြ၊ သားမယားျပဳက်င့္သူ ေကာင္ေလးရဲ႕ ဓာတ္ပံုကို ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာေပၚမွာတင္ၿပီး ဆဲဆုိေနတာေတြ ေတြ႕ရတယ္။ သမီး မိန္းကေလးငယ္ရွိတဲ့ မိဘေတြအေနနဲ႔ ကေလးကို စိတ္ခ်လက္ခ် တစ္ေယာက္တည္းထားၿပီး အျပင္မသြားသင့္ဘူး။ ေယာက်္ားေလး ျဖစ္သူကလည္း အရက္ေသစာေသာက္စားထားတာမ်ိဳး မဟုတ္ဘူးလို႔ သိရတယ္။ ကေလးေတြ ယဥ္ေက်းလိမၼာေရးျခား ရွိဖို႔အတြက္ မိဘေတြ၊ လူႀကီးေတြဘက္ကလည္း ဘာသာေရးအေျခခံေတြ သြန္သင္ဆံုးမဖို႔ လိုပါတယ္’’ဟု ျပည္ၿမိဳ႕ေဒသခံ အမ်ိဳးသမီးတစ္ဦးက ေျပာၾကားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  ပြည်မြို့ ဝက်ထီးကန်တိုက် နယ်တွင် အသက် (၁၀)နှစ်အရွယ် ပဉ္စမတန်းကျောင်းသူ တစ်ဦးကို နေအိမ်သို့ ဝင်ထွက်နေသည့် ဆွေမျိုးနီးစပ်တော်သူက သားမယားအဖြစ် ပြုကျင့်၍ ကလေးငယ်မှာ ဆေးကုသမှုခံယူနေကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၆ ရက်ညက အဆိုပါ ကျောင်းသူ အိပ်နေသည့် ခြင်ထောင် အတွင်းသို့ တစ်ရွာတည်းနေ အသက် (၂၄) နှစ်အရွယ် အမျိုးသားတစ်ဦး ဝင်ရောက်ကာ အဓမ္မသားမယား ပြုကျင့်ခဲ့ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

‘‘ကျောင်းသူ မိန်းကလေးရဲ့ အိမ်မှာ မိဘတွေ မရှိတုန်း သား မယားပြုကျင့်မှု ဖြစ်သွားတယ်။ အော်ရင်သတ်ပစ်မယ်ဆိုပြီး သား မယား ပြုကျင့်ခဲ့တယ်လို့ သိရ တယ်။ မိန်းမကိုယ်မှာ ဒဏ်ရာရသွားတာကြောင့် ဆေးရုံတက် ရောက်ကုသနေပါတယ်။ တရား ခံကို ဖမ်းမိထားပါတယ်’’ဟု ပြည် မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ် ဦးက ပြောသည်။

မိန်းကလေး၏ ဖခင်မှာ သေဆုံးသွားပြီဖြစ်ပြီး မိခင်သည် ယင်းနေ့ညဥ့်ဦးပိုင်းတွင် လေဖြတ်ရောဂါခံစားနေရသူ အဘွားနေအိမ်သို့ ပြုစုစောင့်ရှောက်ရန် သွားရောက်နေခဲ့ကာ အစ်ကိုမှာ လည်း အိမ်တွင် မရှိခိုက် ယခုကဲ့သို့ ပြုကျင့်ခံရခြင်းဖြစ်ကြောင်း  သိရသည်။ ည ၉ နာရီခွဲတွင် မိဘများက နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ ကျောင်းသူ မိန်းကလေးက သား မယား ပြုကျင့်ခံရကြောင်း ငိုယို ပြောပြသဖြင့် ဝက်ထီးကန် နယ် မြေရဲစခန်းသို့ အမှုဖွင့်တိုင်ကြား ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

  ‘‘မိန်းကလေးက  ဆေးရုံ တက်နေတာ။ သွေးအားနည်းနေ တာကြောင့် သွေးလှူရှင်အသင်း ကနေ သွေးလှူဒါန်းတာတွေ၊ သားမယားပြုကျင့်သူ ကောင်လေးရဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာတင်ပြီး ဆဲဆိုနေတာတွေ တွေ့ရတယ်။ သမီး မိန်းကလေးငယ်ရှိတဲ့ မိဘတွေအနေနဲ့ ကလေးကို စိတ်ချလက်ချ တစ်ယောက်တည်းထားပြီး အပြင်မသွားသင့်ဘူး။ ယောကျ်ားလေး ဖြစ်သူကလည်း အရက်သေစာသောက်စားထားတာမျိုး မဟုတ်ဘူးလို့ သိရတယ်။ ကလေးတွေ ယဉ်ကျေးလိမ္မာရေးခြား ရှိဖို့အတွက် မိဘတွေ၊ လူကြီးတွေဘက်ကလည်း ဘာသာရေးအခြေခံတွေ သွန်သင်ဆုံးမဖို့ လိုပါတယ်’’ဟု ပြည်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top