Kantharyar Centre
×

ကမၻာေပၚက မတူညီကြဲျပားတဲ့ အလုပ္အကိုင္ေပါင္း ေျမာက္မ်ားစြာရွိၿပီး အခ်ိဳ႕ေသာ အလုပ္အကိုင္ေတြဟာ တကယ္ရွိတယ္လို႔ မထင္ရေအာင္ ဆန္းျပားလွပါတယ္။

၁။ ေခြးစာ၊ ေၾကာင္စာ ျမည္းသူ

အိမ္ေမြးတိရိစၦာန္ေတြ စားဖို႔ အစားအစာေတြကို ဒီအတိုင္း ထုတ္လုပ္တာမဟုတ္ပါဘူး။ စိတ္ခ်ရဖို႔အတြက္ ေခြးစာ၊ ေၾကာင္စာေတြကုိ အရင္ျမည္းေပးရတဲ့ လူေတြရွိပါတယ္။

၂။ ေပြ႔ဖက္ႏွစ္သိမ့္ေပးသူ

စိတ္အားငယ္တဲ့အခါမ်ိဳးမွာ သင့္ကို လာၿပီး ေပြ႔ဖက္ႏွစ္သိမ့္ေပးဖို႔အတြက္ ေၾကးစားေပြ႔ဖက္ေပးသူေတြ ရွိပါတယ္။ အေမရိကမွာ တစ္နာရီကို ေဒၚလာ ၆၀ ေလာက္ေပးရပါတယ္။

၃။ ေၾကးစားအရန္သတို႔သမီး

အရန္သတုိ႔သမီးဆိုတာ မိတ္ေဆြသူငယ္ခ်င္းေတြ လုပ္ေပးေလ့ရွိေပမဲ့ ေၾကးစားလုိက္လုပ္ေပးသူေတြလည္းရွိပါတယ္။ သတို႔သမီးကို လည္း အစစအရာရာ ကူညီေပးၾကသူေတြပ။

၄။ လိုက္လံငိုေၾကြးေပးသူ

အသုဘ အခမ္းအနားေတြမွာ အခေၾကးေငြယူကာ ဝမ္းပမ္းတနည္း လုိက္လံငိုေၾကးေပးတဲ့သူေတြရိွပါတယ္။

၅။ အိပ္ေပ်ာ္ေစသူ

အခ်ိဳ႕က အိပ္ေပ်ာ္ဖို႔ ခဲခဲယဥ္ယဥ္းႀကိဳးစားၾကရပါတယ္။ သူတို႔က ကုထုံးအမ်ိဳးမ်ိဳးနဲ႔ အိပ္ေပ်ာ္ေအာင္ လုပ္ေပးၿပီး အိပ္မက္လွလွလည္း မက္ေစပါတယ္။

၆။ အံစာတုံုး ပညာရွင္

အံစာတံုးေတြကို မစစ္ေဆးဘဲ ထုတ္တာမဟုတ္ပါဘူး။ အထူးသျဖင့္ ကာစီႏုိေတြမွာ အသံုးျပဳတဲ့ အံစာတံုးေတြကို တစ္တံုးခ်င္းစီ စစ္ေဆးရတဲ့ ပညာရွင္ေတြ ရွိပါတယ္။

၇။ ေဂါက္သီးရွာေဖြသူ

ေဂါက္ကြင္းထဲမွာ ႐ုိက္ထားလုိ႔ ေနရာအႏွံ႔ပ်ံ႕ေနတဲ့ ေဂါက္သီးေတြကို ျပန္လုိက္စုရတဲ့သူေတြျဖစ္ပါတယ္။ ေရငုပ္ၿပီးေတာ့လည္း ေဂါက္သီးေတြ ရွာေဖြၾကရသူေတြ ရွိပါတယ္။

၈။ စက္ဘီးမွ်ားသူ

ငါးမွ်ားသူလို႔ပဲ စက္ဘီးမွ်ားေပးရသူေတြဟာ ေရထဲက စက္ဘီးေတြကို လုိက္လံရွာေဖြရတာပါ။ နယ္သာလန္က အမ္စတာဒမ္ တူးေျမာင္းေတြထဲမွာဆိုရင္ တစ္ႏွစ္ကို စက္ဘီး တစ္ေသာင္းခြဲေလာက္ ေတြ႔ရေလ့ရွိေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ကမ္ဘာပေါ်က မတူညီကွဲပြားတဲ့ အလုပ်အကိုင်ပေါင်း မြောက်များစွာရှိပြီး အချို့သော အလုပ်အကိုင်တွေဟာ တကယ်ရှိတယ်လို့ မထင်ရအောင် ဆန်းပြားလှပါတယ်။

၁။ ခွေးစာ၊ ကြောင်စာ မြည်းသူ

အိမ်မွေးတိရိစ္ဆာန်တွေ စားဖို့ အစားအစာတွေကို ဒီအတိုင်း ထုတ်လုပ်တာမဟုတ်ပါဘူး။ စိတ်ချရဖို့အတွက် ခွေးစာ၊ ကြောင်စာတွေကို အရင်မြည်းပေးရတဲ့ လူတွေရှိပါတယ်။

၂။ ပွေ့ဖက်နှစ်သိမ့်ပေးသူ

စိတ်အားငယ်တဲ့အခါမျိုးမှာ သင့်ကို လာပြီး ပွေ့ဖက်နှစ်သိမ့်ပေးဖို့အတွက် ကြေးစားပွေ့ဖက်ပေးသူတွေ ရှိပါတယ်။ အမေရိကမှာ တစ်နာရီကို ဒေါ်လာ ၆၀ လောက်ပေးရပါတယ်။

၃။ ကြေးစားအရန်သတို့သမီး

အရန်သတို့သမီးဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ လုပ်ပေးလေ့ရှိပေမဲ့ ကြေးစားလိုက်လုပ်ပေးသူတွေလည်းရှိပါတယ်။ သတို့သမီးကို လည်း အစစအရာရာ ကူညီပေးကြသူတွေပ။

၄။ လိုက်လံငိုကြွေးပေးသူ

အသုဘ အခမ်းအနားတွေမှာ အခကြေးငွေယူကာ ဝမ်းပမ်းတနည်း လိုက်လံငိုကြေးပေးတဲ့သူတွေရှိပါတယ်။

၅။ အိပ်ပျော်စေသူ

အချို့က အိပ်ပျော်ဖို့ ခဲခဲယဉ်ယဉ်းကြိုးစားကြရပါတယ်။ သူတို့က ကုထုံးအမျိုးမျိုးနဲ့ အိပ်ပျော်အောင် လုပ်ပေးပြီး အိပ်မက်လှလှလည်း မက်စေပါတယ်။

၆။ အံစာတုံး ပညာရှင်

အံစာတုံးတွေကို မစစ်ဆေးဘဲ ထုတ်တာမဟုတ်ပါဘူး။ အထူးသဖြင့် ကာစီနိုတွေမှာ အသုံးပြုတဲ့ အံစာတုံးတွေကို တစ်တုံးချင်းစီ စစ်ဆေးရတဲ့ ပညာရှင်တွေ ရှိပါတယ်။

၇။ ဂေါက်သီးရှာဖွေသူ

ဂေါက်ကွင်းထဲမှာ ရိုက်ထားလို့ နေရာအနှံ့ပျံ့နေတဲ့ ဂေါက်သီးတွေကို ပြန်လိုက်စုရတဲ့သူတွေဖြစ်ပါတယ်။ ရေငုပ်ပြီးတော့လည်း ဂေါက်သီးတွေ ရှာဖွေကြရသူတွေ ရှိပါတယ်။

၈။ စက်ဘီးမျှားသူ

ငါးမျှားသူလို့ပဲ စက်ဘီးမျှားပေးရသူတွေဟာ ရေထဲက စက်ဘီးတွေကို လိုက်လံရှာဖွေရတာပါ။ နယ်သာလန်က အမ်စတာဒမ် တူးမြောင်းတွေထဲမှာဆိုရင် တစ်နှစ်ကို စက်ဘီး တစ်သောင်းခွဲလောက် တွေ့ရလေ့ရှိကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top