Property Expo
×

 ျမန္မာေနရွင္နယ္လိဂ္ ကလပ္ ရန္ကုန္ယူႏုိက္တက္အ သင္းသည္ လာမည့္ ၂၀၁၇ ႏွစ္ဆန္းတြင္ လူငယ္ေဘာလုံးအကယ္ဒမီသင္တန္းေက်ာင္း ဖြင့္လွစ္ရန္ စီစဥ္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
 ရန္ကုန္ယူႏုိက္တက္အ သင္းသည္ လူငယ္ေဘာလုံးသမားမ်ား ေပၚထြက္လာေစေရး ဦး၀င္းသူမိုးအား ၂၀၁၄ တြင္ နည္းစနစ္ဒါ႐ုိက္တာအျဖစ္ ခန္႔အပ္ ကာ YUFC School of Football သင္တန္းေက်ာင္းကို ဖြင့္လွစ္ခဲ့ သည္။
အဆုိပါသင္တန္းကို ၂၀၁၄ ဒီဇင္ဘာက စတင္ဖြင့္လွစ္ခဲ့ၿပီး ယခုႏွစ္ စက္တင္ဘာလတန္းခဲြ (၁၇)ႀကိမ္ေျမာက္ တန္းခဲြအထိ သင္တန္းသားဦးေရ တစ္ေထာင္ ေက်ာ္ ေမြးထုတ္ႏုိင္ခဲ့ေၾကာင္း ဦး ၀င္းသူမိုးကေျပာသည္။

ရန္ကုန္ယူႏုိက္တက္အသင္း အေနျဖင့္ ေဘာလုံးအကယ္ဒမီ သင္တန္းေက်ာင္း ဖြင့္လွစ္ျဖစ္ပါ က ရန္ကုန္ယူႏုိက္တက္ကြင္းရွိ ကစားသမားအေဆာင္တြင္ သင္တန္းသားမ်ားထားရွိကာ ပုဂၢလိကစာသင္ေက်ာင္းမ်ား၌ ေက်ာင္းစာ သင္ၾကားေစမည္ျဖစ္ၿပီး အဂၤလိပ္စကားေျပာသင္တန္း၊ ေဘာလုံး သင္တန္း၊ ေရကူးသင္တန္းႏွင့္ ကိုယ္ကာလေလ့က်င့္ခန္း သင္တန္းတုိ႔ပါ သင္ၾကားေပးမည္ျဖစ္ေၾကာင္း  သတင္းရရွိသည္။

‘‘အကယ္ဒမီဖြင့္ဖို႔အတြက္ စိတ္ကူးရွိတာၾကာပါၿပီ။ ရန္ကုန္ အသင္းပိုင္ရွင္အေနနဲ႔လည္း အ ကယ္ဒမီဖြင့္လွစ္ဖို႔ စိတ္၀င္စားၾက တယ္။ ေက်ာင္းစာအျပင္ တျခား သင္တန္းေတြလည္း သင္ေပးသြား မယ္’’ ဟု ဦး၀င္းသူမိုးက ေျပာ သည္။

ရန္ကုန္ယူႏုိက္တက္လူငယ္ ေဘာလုံးအကယ္ဒမီ သင္တန္း ေက်ာင္းသို႔ တက္ေရာက္လုိသူမ်ားအေနျဖင့္ ၀င္ခြင့္စာေမးပဲြေျဖဆိုရမည္ျဖစ္သည္။ အသက္(၈)ႏွစ္မွ (၁၁)ႏွစ္ရွိ လူငယ္မ်ားအား လက္ခံသင္ၾကားေပးမည္ ျဖစ္ၿပီး သင္တန္းေၾကးေပးသြင္း ကာ တက္ေရာက္ႏုိင္ေသာ္လည္း သင္တန္းေၾကးကိုမူ ထုတ္ျပန္ ျခင္း မရွိေသးေပ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  မြန်မာနေရှင်နယ်လိဂ် ကလပ် ရန်ကုန်ယူနိုက်တက်အ သင်းသည် လာမည့် ၂၀၁၇ နှစ်ဆန်းတွင် လူငယ်ဘောလုံးအကယ်ဒမီသင်တန်းကျောင်း ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

 ရန်ကုန်ယူနိုက်တက်အ သင်းသည် လူငယ်ဘောလုံးသမားများ ပေါ်ထွက်လာစေရေး ဦးဝင်းသူမိုးအား ၂၀၁၄ တွင် နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ် ကာ YUFC School of Football သင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့ သည်။


အဆိုပါသင်တန်းကို ၂၀၁၄ ဒီဇင်ဘာက စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလတန်းခွဲ (၁၇)ကြိမ်မြောက် တန်းခွဲအထိ သင်တန်းသားဦးရေ တစ်ထောင် ကျော် မွေးထုတ်နိုင်ခဲ့ကြောင်း ဦး ဝင်းသူမိုးကပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်း အနေဖြင့် ဘောလုံးအကယ်ဒမီ သင်တန်းကျောင်း ဖွင့်လှစ်ဖြစ်ပါ က ရန်ကုန်ယူနိုက်တက်ကွင်းရှိ ကစားသမားအဆောင်တွင် သင်တန်းသားများထားရှိကာ ပုဂ္ဂလိကစာသင်ကျောင်းများ၌ ကျောင်းစာ သင်ကြားစေမည်ဖြစ်ပြီး အင်္ဂလိပ်စကားပြောသင်တန်း၊ ဘောလုံး သင်တန်း၊ ရေကူးသင်တန်းနှင့် ကိုယ်ကာလလေ့ကျင့်ခန်း သင်တန်းတို့ပါ သင်ကြားပေးမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

‘‘အကယ်ဒမီဖွင့်ဖို့အတွက် စိတ်ကူးရှိတာကြာပါပြီ။ ရန်ကုန် အသင်းပိုင်ရှင်အနေနဲ့လည်း အ ကယ်ဒမီဖွင့်လှစ်ဖို့ စိတ်ဝင်စားကြ တယ်။ ကျောင်းစာအပြင် တခြား သင်တန်းတွေလည်း သင်ပေးသွား မယ်’’ ဟု ဦးဝင်းသူမိုးက ပြော သည်။

ရန်ကုန်ယူနိုက်တက်လူငယ် ဘောလုံးအကယ်ဒမီ သင်တန်း ကျောင်းသို့ တက်ရောက်လိုသူများအနေဖြင့် ဝင်ခွင့်စာမေးပွဲဖြေဆိုရမည်ဖြစ်သည်။ အသက်(၈)နှစ်မှ (၁၁)နှစ်ရှိ လူငယ်များအား လက်ခံသင်ကြားပေးမည် ဖြစ်ပြီး သင်တန်းကြေးပေးသွင်း ကာ တက်ရောက်နိုင်သော်လည်း သင်တန်းကြေးကိုမူ ထုတ်ပြန် ခြင်း မရှိသေးပေ။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top