Kantharyar Centre
×

မႏၲေလးၿမိဳ႕တြင္ ေန႔ခင္းေၾကာင္ေတာင္ ဓားေထာက္ အႏုၾကမ္းစီးမႈျဖစ္ပြားၿပီး က်ဴးလြန္သူမ်ား ထြက္ေျပးစဥ္ ကားတုိက္ခံရ၍ ေဆး႐ုံေရာက္သည့္ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ လမ္း ၈၀၊ ၁၃x၁၄ အၾကား ျပည္လုံးခ်မ္းသာ အမွတ္ (၅၄) ရပ္ကြက္တြင္ စက္တင္ဘာ ၆ ရက္ နံနက္ ၁၁ နာရီခြဲက တံခြန္တိုင္ ပီနန္ေကာ္ေစ့စက္႐ံုပိုင္ရွင္ ဦးေက်ာ္ေက်ာ္လြင္ ေနအိမ္တြင္ မရိွခုိက္ ၀န္ထမ္းေဟာင္း ေက်ာ္မင္းေအာင္မွာ အေဖာ္တစ္ဦးႏွင့္အတူ ေရာက္ရိွလာၿပီး ဦးေက်ာ္ေက်ာ္လြင္၏ ဇနီး ေဒၚနီနီေအာင္ အား ဓားျဖင့္ထိုးကာ ဆြဲႀကိဳး ႏွင့္ ဖုန္းတို႔အား ယူေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း အမွတ္ (၄) ရဲစခန္းမွ တာ၀န္ရိွသူတစ္ဦးက ေျပာၾကားသည္။

တံခြန္တိုင္ ပီနန္ေကာ္ေစ့စက္႐ံုတြင္ အလုပ္လုပ္ကိုင္ဖူးသူ ေက်ာ္မင္းေအာင္က စက္တင္ဘာ ၆ ရက္နံနက္တြင္ ေနအိမ္သုိ႔ ေရာက္လာစဥ္ ဇနီးျဖစ္သူ၏ ဖုန္းျဖင့္ ေက်ာ္မင္းေအာင္မွ မိမိထံ ဖုန္းဆက္ရာ အျပင္တြင္ ေရာက္ရိွေနၿပီး မၾကာခင္ ျပန္လာမည္ဟု ေျဖလိုက္ေၾကာင္း၊ ေက်ာ္မင္းေအာင္မွ ထမင္းဆုိင္တြင္ ေစာင့္ေနမည္ဟု ေျပာၾကားခဲ့ေၾကာင္း၊ လုယက္ခံရသူ ေဒၚနီနီေအာင္၏ အမ်ဳိးသား ဦးေက်ာ္ေက်ာ္လြင္က ေျပာၾကားသည္။

“ခဏေနေတာ့ ကြၽန္ေတာ့္အမ်ိဳးသမီးဖုန္း ထပ္၀င္လာတယ္။ ဖုန္းထဲမွာ ႐ုန္းရင္းဆန္ခတ္ျဖစ္တဲ့အသံ ၾကားေတာ့ ကြၽန္ေတာ္လည္း စိုးရိမ္ၿပီး အိမ္ကို အျမန္ျပန္လာတယ္။ အိမ္ေရာက္မွ လုယက္သြားမွန္း သိတယ္။ ၁၀ သားရွိတဲ့ ေရႊဆြဲႀကိဳးရယ္၊ ေရႊနားကပ္ရယ္၊ ဆမ္ေဆာင္း S-5 တစ္လုံးရယ္ ယူသြားတယ္”ဟု ဦးေက်ာ္ေက်ာ္လြင္က ေျပာၾကားသည္။

က်ဴးလြန္ခံရသူ ဦးေက်ာ္ေက်ာ္လြင္၏ ဇနီးႏွင့္ လူငယ္ႏွစ္ဦး လုံးေထြး သတ္ပုတ္ေနသည္ကို အိမ္နီးခ်င္းတစ္ဦးက ျမင္ေတြ႕သျဖင့္ ဘာျဖစ္ၾကတာလဲဟု ေမးစဥ္ ဦးေက်ာ္ေက်ာ္လြင္၏ ဇနီးက ကယ္ၾကပါဦးဟု ေအာ္ဟစ္ အကူအညီေတာင္းခံေၾကာင္း၊ လုယက္သူ ႏွစ္ဦးမွာ 125 ဆိုင္ကယ္ျဖင့္ ထြက္ေျပးသြားေၾကာင္း သိရသည္။

ထုိသို႔ ဆိုင္ကယ္ျဖင့္ ထြက္ေျပးစဥ္လမ္း ၈၀၊ ၃၄ လမ္းတြင္ ေကြ႕ရန္ ေစာင့္ေနေသာ ကားအား အေနာက္မွ ၀င္တုိက္မိၿပီး လုယက္သူ တစ္ဦးျဖစ္သူ ေက်ာ္မင္းေအာင္မွာ ဒဏ္ရာအျပင္းအထန္ရရိွၿပီး ေဆး႐ုံတင္ထားရေၾကာင္း အမွတ္ (၄) ရဲစခန္းတာ၀န္ရွိသူ တစ္ဦးက ေျပာၾကားသည္။

“အလုခံရတဲ့ ေဒၚနီနီေအာင္တြင္ ရင္ဘတ္၊ လက္ေမာင္း၊ ေက်ာနဲ႔ မ်က္ႏွာမွာ ဓားဒဏ္ရာေတြ ရသြားပါတယ္။ ရင္အုံညာဘက္ အေပၚက ဓားဒဏ္ရာတစ္ခ်က္က နည္းနည္း နက္သြားေတာ့ စုိးရိမ္ရပါတယ္။ နားကပ္ခြၽတ္ မရေတာ့ ဓားနဲ႔ နားရြက္ကိုျဖတ္ဖို႔ လုပ္ပါေသးတယ္။ အခု ေဆး႐ုံအေရးေပၚဌာနကို တင္ထားပါတယ္။ ၀င္လုတဲ့သူႏွစ္ေယာက္အနက္ ေက်ာ္မင္းေအာင္ဆိုတဲ့သူက ထြက္ေျပးရင္းနဲ႔ ကာတိုက္မိၿပီး အခုေဆး႐ုံႀကီးမွာ တင္ထားတယ္လို႔ သိရပါတယ္။ အဲဒီ ေက်ာ္မင္းေအာင္က အခုအထိ သတိမရေသးပါဘူး”ဟု အဆိုပါ တာ၀န္ရိွသူက ေျပာၾကားသည္။

လာေရာက္ လုယက္သည့္ ေက်ာ္မင္းေအာင္မွာ ဦးေက်ာ္ေက်ာ္လြင္ထံ အလုပ္လုပ္စဥ္ လုပ္ငန္းႀကိဳထုတ္ေငြယူကာ အလုပ္မွ ထြက္သြားျခင္းေၾကာင့္ ရပ္ကြက္႐ံုးတြင္ တိုင္ၾကားခံထားရသူ တစ္ဦးျဖစ္ေၾကာင္း သိရသည္။

လာေရာက္ လုယက္သူမ်ားမွာ ႀကိဳတင္ ၾကံစည္ထားသည့္သေဘာ ရွိႏိုင္ေၾကာင္း၊ ၎တို႔၏ ဆိုင္ကယ္ဦးထုပ္မ်ားမွာ အခင္းျဖစ္ေနအိမ္တြင္ က်န္ရစ္ခဲ့ေၾကာင္း၊ ဓားအတိုႏွင့္ အရွည္တစ္လက္ ပါလာၿပီး ဓားအတိုမွာ အိမ္တြင္ က်န္ရစ္ခဲ့ကာ ေဒၚနီနီေအာင္ကို ထုိးသည့္ဓားကိုမူ ယူေဆာင္သြားေၾကာင္း အမွတ္ (၅၄) ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈး ဦးသန္းေဇာ္က ေျပာၾကားသည္။

အဆုိပါ အမႈအား အမွတ္ (၄) ရဲစခန္းတြင္ (ပ) ၁၇၃/၂၀၁၆၊ ပုဒ္မ ၃၉၄ ျဖင့္ အမႈဖြင့္ထားၿပီး ၀န္ထမ္းေဟာင္းျဖစ္သူ ေက်ာ္မင္းေအာင္အား ေဆး႐ုံတြင္ ဖမ္းဆီး ထိန္းသိမ္းထားကာ အေဖာ္ပါသူတစ္ဦးအား စုံစမ္းရွာေဖြလ်က္ ရွိေၾကာင္း၊ လုယက္ခံရသည့္ ပစၥည္းမ်ားမွာ ေက်ာ္မင္းေအာင္၏ အေဖာ္ျဖစ္သူထံ ပါသြားႏိုင္ေၾကာင္း အမွတ္ (၄) ရဲစခန္းထံမွ သိရသည္။

မႏၲေလးတုိင္းေဒသႀကီးအတြင္း ၂၀၁၆ ခုႏွစ္ ဇန္န၀ါရီ ၁ ရက္မွ ၾသဂုတ္ ၈ ရက္အထိ အမႈႀကီး ၁၀ မႈ အပါအ၀င္ျဖစ္သည့္ လူသတ္မႈ ၇၄ မႈ၊ ဓားျပမႈ ငါးမႈႏွင့္ လုယက္မႈ ၂၂ မႈျဖစ္ပြားခဲ့ေၾကာင္း တုိင္းေဒသႀကီးရဲတပ္ဖြဲ႕မွတ္တမ္းမ်ားအရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven News

#Unicode Version
မန္တလေးမြို့တွင် နေ့ခင်းကြောင်တောင် ဓားထောက် အနုကြမ်းစီးမှုဖြစ်ပွားပြီး ကျူးလွန်သူများ ထွက်ပြေးစဉ် ကားတိုက်ခံရ၍ ဆေးရုံရောက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း ၈၀၊ ၁၃x၁၄ အကြား ပြည်လုံးချမ်းသာ အမှတ် (၅၄) ရပ်ကွက်တွင် စက်တင်ဘာ ၆ ရက် နံနက် ၁၁ နာရီခွဲက တံခွန်တိုင် ပီနန်ကော်စေ့စက်ရုံပိုင်ရှင် ဦးကျော်ကျော်လွင် နေအိမ်တွင် မရှိခိုက် ဝန်ထမ်းဟောင်း ကျော်မင်းအောင်မှာ အဖော်တစ်ဦးနှင့်အတူ ရောက်ရှိလာပြီး ဦးကျော်ကျော်လွင်၏ ဇနီး ဒေါ်နီနီအောင် အား ဓားဖြင့်ထိုးကာ ဆွဲကြိုး နှင့် ဖုန်းတို့အား ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၄) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တံခွန်တိုင် ပီနန်ကော်စေ့စက်ရုံတွင် အလုပ်လုပ်ကိုင်ဖူးသူ ကျော်မင်းအောင်က စက်တင်ဘာ ၆ ရက်နံနက်တွင် နေအိမ်သို့ ရောက်လာစဉ် ဇနီးဖြစ်သူ၏ ဖုန်းဖြင့် ကျော်မင်းအောင်မှ မိမိထံ ဖုန်းဆက်ရာ အပြင်တွင် ရောက်ရှိနေပြီး မကြာခင် ပြန်လာမည်ဟု ဖြေလိုက်ကြောင်း၊ ကျော်မင်းအောင်မှ ထမင်းဆိုင်တွင် စောင့်နေမည်ဟု ပြောကြားခဲ့ကြောင်း၊ လုယက်ခံရသူ ဒေါ်နီနီအောင်၏ အမျိုးသား ဦးကျော်ကျော်လွင်က ပြောကြားသည်။

“ခဏနေတော့ ကျွန်တော့်အမျိုးသမီးဖုန်း ထပ်ဝင်လာတယ်။ ဖုန်းထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အသံ ကြားတော့ ကျွန်တော်လည်း စိုးရိမ်ပြီး အိမ်ကို အမြန်ပြန်လာတယ်။ အိမ်ရောက်မှ လုယက်သွားမှန်း သိတယ်။ ၁၀ သားရှိတဲ့ ရွှေဆွဲကြိုးရယ်၊ ရွှေနားကပ်ရယ်၊ ဆမ်ဆောင်း S-5 တစ်လုံးရယ် ယူသွားတယ်”ဟု ဦးကျော်ကျော်လွင်က ပြောကြားသည်။

ကျူးလွန်ခံရသူ ဦးကျော်ကျော်လွင်၏ ဇနီးနှင့် လူငယ်နှစ်ဦး လုံးထွေး သတ်ပုတ်နေသည်ကို အိမ်နီးချင်းတစ်ဦးက မြင်တွေ့သဖြင့် ဘာဖြစ်ကြတာလဲဟု မေးစဉ် ဦးကျော်ကျော်လွင်၏ ဇနီးက ကယ်ကြပါဦးဟု အော်ဟစ် အကူအညီတောင်းခံကြောင်း၊ လုယက်သူ နှစ်ဦးမှာ 125 ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

ထိုသို့ ဆိုင်ကယ်ဖြင့် ထွက်ပြေးစဉ်လမ်း ၈၀၊ ၃၄ လမ်းတွင် ကွေ့ရန် စောင့်နေသော ကားအား အနောက်မှ ဝင်တိုက်မိပြီး လုယက်သူ တစ်ဦးဖြစ်သူ ကျော်မင်းအောင်မှာ ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးရုံတင်ထားရကြောင်း အမှတ် (၄) ရဲစခန်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“အလုခံရတဲ့ ဒေါ်နီနီအောင်တွင် ရင်ဘတ်၊ လက်မောင်း၊ ကျောနဲ့ မျက်နှာမှာ ဓားဒဏ်ရာတွေ ရသွားပါတယ်။ ရင်အုံညာဘက် အပေါ်က ဓားဒဏ်ရာတစ်ချက်က နည်းနည်း နက်သွားတော့ စိုးရိမ်ရပါတယ်။ နားကပ်ချွတ် မရတော့ ဓားနဲ့ နားရွက်ကိုဖြတ်ဖို့ လုပ်ပါသေးတယ်။ အခု ဆေးရုံအရေးပေါ်ဌာနကို တင်ထားပါတယ်။ ဝင်လုတဲ့သူနှစ်ယောက်အနက် ကျော်မင်းအောင်ဆိုတဲ့သူက ထွက်ပြေးရင်းနဲ့ ကာတိုက်မိပြီး အခုဆေးရုံကြီးမှာ တင်ထားတယ်လို့ သိရပါတယ်။ အဲဒီ ကျော်မင်းအောင်က အခုအထိ သတိမရသေးပါဘူး”ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

လာရောက် လုယက်သည့် ကျော်မင်းအောင်မှာ ဦးကျော်ကျော်လွင်ထံ အလုပ်လုပ်စဉ် လုပ်ငန်းကြိုထုတ်ငွေယူကာ အလုပ်မှ ထွက်သွားခြင်းကြောင့် ရပ်ကွက်ရုံးတွင် တိုင်ကြားခံထားရသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

လာရောက် လုယက်သူများမှာ ကြိုတင် ကြံစည်ထားသည့်သဘော ရှိနိုင်ကြောင်း၊ ၎င်းတို့၏ ဆိုင်ကယ်ဦးထုပ်များမှာ အခင်းဖြစ်နေအိမ်တွင် ကျန်ရစ်ခဲ့ကြောင်း၊ ဓားအတိုနှင့် အရှည်တစ်လက် ပါလာပြီး ဓားအတိုမှာ အိမ်တွင် ကျန်ရစ်ခဲ့ကာ ဒေါ်နီနီအောင်ကို ထိုးသည့်ဓားကိုမူ ယူဆောင်သွားကြောင်း အမှတ် (၅၄) ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးသန်းဇော်က ပြောကြားသည်။

အဆိုပါ အမှုအား အမှတ် (၄) ရဲစခန်းတွင် (ပ) ၁၇၃/၂၀၁၆၊ ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားပြီး ဝန်ထမ်းဟောင်းဖြစ်သူ ကျော်မင်းအောင်အား ဆေးရုံတွင် ဖမ်းဆီး ထိန်းသိမ်းထားကာ အဖော်ပါသူတစ်ဦးအား စုံစမ်းရှာဖွေလျက် ရှိကြောင်း၊ လုယက်ခံရသည့် ပစ္စည်းများမှာ ကျော်မင်းအောင်၏ အဖော်ဖြစ်သူထံ ပါသွားနိုင်ကြောင်း အမှတ် (၄) ရဲစခန်းထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၈ ရက်အထိ အမှုကြီး ၁၀ မှု အပါအဝင်ဖြစ်သည့် လူသတ်မှု ၇၄ မှု၊ ဓားပြမှု ငါးမှုနှင့် လုယက်မှု ၂၂ မှုဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top