Kantharyar Centre
×








Credit:Thit Htoo Lwin


#Unicode Version
မန္တလေးတိုင်း ဒေသကြီး သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာ အနီးတွင် စက်တင်ဘာလ (၈)ရက် ညနေ ၅နာရီ ၄၅ မိနစ်ခန့်က ကား တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

မီးလောင်နေသော ကားထဲမှ ၄ နှစ်သား ကလေးအပါအဝင် မိသားစု စုစုပေါင်း ၃ ဦးအား ကားတစ်စီးလုံး မီးမလောင်ခင်အချိန်မှီ ကယ်တင်နိုင်ခဲ့ပါတယ်။

လူနာများအား ကားအတွင်းမှ အချိန်မှီကယ်တင်ပြီးတာနဲ့ကားမှာတစ်ကားလုံး မီးလောင်သွားပါတယ် ။


ဖြစ်ပွားရာနေရာ -- သပိတ်ကျင်းမြို့နယ် လိပ်ကျ နှင့် ကျည်တောက်ပေါက် ကြားဖြစ်ပြီး လူနာများကို အချိန်မှီစွာ ကျည်တောက်ပေါက်တိုက်နယ်ဆေးရုံ သို့ပို့ဆောင် ကူညီပေးခဲ့ပါတယ်။

ကူညီဆောင်ရွက်ပေးကြသော မဏီစလ လူမှုနာမှုကူညီရေးအသင်း(မန္တလေး) အသင်း နှင့် ရွာသူရွာသားများအားလုံး အချိန် နှင့်တပြေးညီဆောင်ရွက် ကူညီပေးခဲ့ကြပါသည်ခင်ဗျာ ။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top