Kantharyar Centre
×

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ မုတၱမေက်းရြာတြင္ စက္တင္ဘာ ၁၉ ရက္က ေနအိမ္တြင္မိဘမ်ားမရွိခိုက္ အိပ္ေပ်ာ္ ေနေသာ အသက္မျပည့္ေသးသည့္ကေလးငယ္အား လိင္အၾကမ္းဖက္မႈက်ဳးလြန္သူကို မိခင္ျဖစ္သူက ရဲစခန္း တြင္လာေရာက္တိုင္ၾကားသျဖင့္ ဖမ္းဆီးအေရးယူထားေၾကာင္း မုတၱမနယ္ေျမရဲစခန္းမွ သိရွိရသည္။
ျဖစ္စဥ္တြင္ သားမယားျပဳက်င့္ခံရသူ၏ မိခင္ျဖစ္သူ၊ ဝါရီရူ(၂)ရပ္ကြက္၊ မုတၱမေက်းရြာ၊ ေပါင္ၿမိဳ႕နယ္ေနသူက ၎၏သမီးျဖစ္သူ လိင္အၾကမ္းဖက္မႈက်ဴးလြန္ခံရသျဖင့္ အေရးယူေပးပါရန္ မုတၱမနယ္ေျမရဲစခန္းသို႔ လာ ေရာက္တိုင္ၾကားခဲ့ျခင္းျဖစ္သည္။
“ကေလးအေမေတြက အရက္ေရာင္းေတာ့ အၿမဲလာေသာက္ေနတဲ့သူက ည(၁)နာရီေလာက္မွာ သူတို႔မိဘေတြ မရွိတဲ့အခ်ိန္ဝင္ၿပီး သားမယားျပဳက်င့္တာ။ ဒါကို ကေလးကဘယ္သူဆိုတာ မွတ္မိတယ္။ ေန႔လည္ေက်ာင္းျပန္ ထမင္းစားခ်ိန္မွာ ကေလးကမိႈင္ေနေတာ့ မေအျဖစ္သူကေမးလို႔ ကေလးက သူရဲ႕အျဖစ္ကိုေျပာျပတာ။ ဒါကို မိခင္က စခန္းမွာတိုင္ခ်က္လာဖြင့္ေတာ့ တရားခံကိုဖမ္းဆီးထားၿပီး ဥပေဒအရအေရးယူႏိုင္ေရး လုပ္ေနပါ တယ္။”ဟု မုတၱမနယ္ေျမရဲစခန္းမွ ရဲအရာရွိတစ္ဦးကေျပာသည္။

ျဖစ္စဥ္တြင္ ၎၏သမီးျဖစ္သူ ၁၂ ႏွစ္အရြယ္ သုံး တန္းေက်ာင္းသူသည္ ေန႔လည္ေက်ာင္းလႊတ္ခ်ိန္တြင္ ေနအိမ္ သို႔ထမင္းစားျပန္လာခ်ိန္ မ်က္ႏွာအမူရာပ်က္ေနသျဖင့္ မိခင္ျဖစ္သူမွ ေမးျမန္းရာ မိဘမ်ား ေနအိမ္တြင္မရွိခိုက္ ေျခာက္ ႏွစ္အရြယ္ ေမာင္ျဖစ္သူႏွင့္အတူ ျခင္ေထာင္ထဲတြင္အိပ္ေပ်ာ္ေနစဥ္ တစ္ရပ္ကြက္တည္းေန ေနအိမ္တြင္ အရက္မၾကာခဏလာေသာက္တတ္သူ မ်ိဳးထြဋ္(ခ)ထားဝယ္(၄၁)ႏွစ္၊ မုတၱမေက်းရြာေနသူမွ လိင္အၾကမ္းဖက္မႈ က်ဴးလြန္ခဲ့ေၾကာင္း ျပန္လည္ေျပာဆိုသျဖင့္ မိခင္ျဖစ္သူက ရဲစခန္းသို႔တိုင္ၾကားရျခင္းျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ အရြယ္မေရာက္ေသးသည့္ကေလးငယ္အား လိင္အၾကမ္းဖက္မႈက်ဴးလြန္သူ မ်ိဳးထြဋ္ (ခ) ထားဝယ္အား မုတၱမနယ္ေျမရဲစခန္းမွ (ပ)၁၀၀/၂၀၁၆၊ အမႈႀကီးအမွတ္စဥ္ ၂/ ၂၀၁၆၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ရတနာပံု သတင္းစာ

#Unicode Version
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာတွင် စက်တင်ဘာ ၁၉ ရက်က နေအိမ်တွင်မိဘများမရှိခိုက် အိပ်ပျော် နေသော အသက်မပြည့်သေးသည့်ကလေးငယ်အား လိင်အကြမ်းဖက်မှုကျုးလွန်သူကို မိခင်ဖြစ်သူက ရဲစခန်း တွင်လာရောက်တိုင်ကြားသဖြင့် ဖမ်းဆီးအရေးယူထားကြောင်း မုတ္တမနယ်မြေရဲစခန်းမှ သိရှိရသည်။
ဖြစ်စဉ်တွင် သားမယားပြုကျင့်ခံရသူ၏ မိခင်ဖြစ်သူ၊ ဝါရီရူ(၂)ရပ်ကွက်၊ မုတ္တမကျေးရွာ၊ ပေါင်မြို့နယ်နေသူက ၎င်း၏သမီးဖြစ်သူ လိင်အကြမ်းဖက်မှုကျူးလွန်ခံရသဖြင့် အရေးယူပေးပါရန် မုတ္တမနယ်မြေရဲစခန်းသို့ လာ ရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
“ကလေးအမေတွေက အရက်ရောင်းတော့ အမြဲလာသောက်နေတဲ့သူက ည(၁)နာရီလောက်မှာ သူတို့မိဘတွေ မရှိတဲ့အချိန်ဝင်ပြီး သားမယားပြုကျင့်တာ။ ဒါကို ကလေးကဘယ်သူဆိုတာ မှတ်မိတယ်။ နေ့လည်ကျောင်းပြန် ထမင်းစားချိန်မှာ ကလေးကမှိုင်နေတော့ မအေဖြစ်သူကမေးလို့ ကလေးက သူရဲ့အဖြစ်ကိုပြောပြတာ။ ဒါကို မိခင်က စခန်းမှာတိုင်ချက်လာဖွင့်တော့ တရားခံကိုဖမ်းဆီးထားပြီး ဥပဒေအရအရေးယူနိုင်ရေး လုပ်နေပါ တယ်။”ဟု မုတ္တမနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

ဖြစ်စဉ်တွင် ၎င်း၏သမီးဖြစ်သူ ၁၂ နှစ်အရွယ် သုံး တန်းကျောင်းသူသည် နေ့လည်ကျောင်းလွှတ်ချိန်တွင် နေအိမ် သို့ထမင်းစားပြန်လာချိန် မျက်နှာအမူရာပျက်နေသဖြင့် မိခင်ဖြစ်သူမှ မေးမြန်းရာ မိဘများ နေအိမ်တွင်မရှိခိုက် ခြောက် နှစ်အရွယ် မောင်ဖြစ်သူနှင့်အတူ ခြင်ထောင်ထဲတွင်အိပ်ပျော်နေစဉ် တစ်ရပ်ကွက်တည်းနေ နေအိမ်တွင် အရက်မကြာခဏလာသောက်တတ်သူ မျိုးထွဋ်(ခ)ထားဝယ်(၄၁)နှစ်၊ မုတ္တမကျေးရွာနေသူမှ လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြောင်း ပြန်လည်ပြောဆိုသဖြင့် မိခင်ဖြစ်သူက ရဲစခန်းသို့တိုင်ကြားရခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အရွယ်မရောက်သေးသည့်ကလေးငယ်အား လိင်အကြမ်းဖက်မှုကျူးလွန်သူ မျိုးထွဋ် (ခ) ထားဝယ်အား မုတ္တမနယ်မြေရဲစခန်းမှ (ပ)၁၀၀/၂၀၁၆၊ အမှုကြီးအမှတ်စဉ် ၂/ ၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:ရတနာပုံ သတင်းစာ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top