Kantharyar Centre
×

ေမာ္္လၿမိဳင္၊ စက္တင္ဘာ ၁၁ ။ ။ ေမာ္လၿမိဳင္ၿမိဳ႕၊ ေရႊၿမိဳင္သီရိရပ္ကြက္တြင္ ယေန႔ စက္တင္ဘာလ ၁၁ ရက္ေန႔က အသက္ ၈ ႏွစ္အရြယ္ မိန္းကေလးငယ္ကို ၎အမျဖစ္သူ၏ ခင္ပြန္း (ခဲအိုျဖစ္သူ) က အဓမၼျပဳက်င့္ခဲ့သည္ဟု ေဇယ်ာသီရိနယ္ေျမ ရဲစခန္းတြင္ ကေလးမိခင္က အမႈဖြင့္ တိုင္ၾကားထားေၾကာင္း သိရသည္။

အဓမၼျပဳက်င့္ခံရေသာ ကေလးငယ္ႏွစ္အတူ ကေလးသံုးဦးကို ေနအိမ္တြင္ထား၍ မိခင္ျဖစ္သူမွာ ယေန႔ နံနက္ ၉ နာရီတြင္ အဝတ္မ်ားေလွ်ာ္ရန္ ေနအိမ္မွထြက္သြားခဲ့ၿပီး မြန္းလြဲ ၁ နာရီတြင္ ေနအိမ္သို႔ ျပန္လည္ေရာက္ရွိစဥ္ ေနအိမ္အနီးအနား ပတ္ဝန္းက်င္မွ အမ်ိဳးသမီးတစ္ဦးက သမီးငယ္အဓမၼျပဳက်င့္ခံရေၾကာင္း ေျပာျပျခင္းေၾကာင့္ မိခင္ျဖစ္သူသိရွိခဲ့ရေၾကာင္း ေဇယ်ာသီရိနယ္ေျမ ရဲစခန္းမွတ္တမ္းအရ သိရသည္။

သားမယားျပဳက်င့္သည္ဟု စြပ္စြဲခံထားရေသာ အမ်ိဳးသားကို ေဇယ်ာသီရိနယ္ေျမရဲစခန္းတြင္ (ပ) ၂၈၅/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ- ၃၇၆/၅၁၁ အမႈဖြင့္၍ ဖမ္းဆီးခဲ့ေၾကာင္း အဆိုပါရဲစခန္းရွိ တာဝန္ရွိသူတစ္ဦးက ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin


 #Unicode Version

မော်လမြိုင်၊ စက်တင်ဘာ ၁၁ ။ ။ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်တွင် ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့က အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ကို ၎င်းအမဖြစ်သူ၏ ခင်ပွန်း (ခဲအိုဖြစ်သူ) က အဓမ္မပြုကျင့်ခဲ့သည်ဟု ဇေယျာသီရိနယ်မြေ ရဲစခန်းတွင် ကလေးမိခင်က အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

အဓမ္မပြုကျင့်ခံရသော ကလေးငယ်နှစ်အတူ ကလေးသုံးဦးကို နေအိမ်တွင်ထား၍ မိခင်ဖြစ်သူမှာ ယနေ့ နံနက် ၉ နာရီတွင် အဝတ်များလျှော်ရန် နေအိမ်မှထွက်သွားခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် နေအိမ်အနီးအနား ပတ်ဝန်းကျင်မှ အမျိုးသမီးတစ်ဦးက သမီးငယ်အဓမ္မပြုကျင့်ခံရကြောင်း ပြောပြခြင်းကြောင့် မိခင်ဖြစ်သူသိရှိခဲ့ရကြောင်း ဇေယျာသီရိနယ်မြေ ရဲစခန်းမှတ်တမ်းအရ သိရသည်။

သားမယားပြုကျင့်သည်ဟု စွပ်စွဲခံထားရသော အမျိုးသားကို ဇေယျာသီရိနယ်မြေရဲစခန်းတွင် (ပ) ၂၈၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ- ၃၇၆/၅၁၁ အမှုဖွင့်၍ ဖမ်းဆီးခဲ့ကြောင်း အဆိုပါရဲစခန်းရှိ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top