Property Expo
×


အၾကားအာ႐ုံကို ကာကြယ္ရန္ တစ္ေန႔လွ်င္ တစ္နာရီထက္ပို၍ သီခ်င္းနားမေထာင္သင့္ဟု ကမၻာ့က်န္းမာေရးအဖဲြ႕ (WHO) က အႀကံေပးလုိက္သည္။


ဆယ္ေက်ာ္သက္မ်ားႏွင့္ လူငယ္မ်ား ၁ ဒသမ ၁ ဘီလီယံသည္ေတးသီခ်င္းမ်ားကို အလြန္အမင္းက်ယ္ေလာင္စြာ နားေထာင္ၾက ျခင္းေၾကာင့္ ၎တို႔၏ အၾကားအာ႐ုံအၿပီးတုိင္ ပ်က္စီးသြားႏုိင္သည့္ အႏၲရာယ္ႏွင့္ ႀကံဳေနရသည္္။

အသက္(၁၂)ႏွစ္ႏွင့္ (၃၅)ႏွစ္ၾကား လူေပါင္း ၄၃ သန္းသည္ အၾကားအာ႐ုံဆုံး႐ႈံးသြားၿပီး ယင္းအေရအတြက္မွာ တုိးလာေနသည္ ဟု WHO   စာရင္းဇယားမ်ားက ေဖာ္ျပသည္။

ခ်မ္းသာေသာ၊ ၀င္ေငြအလယ္အလတ္ရွိေသာ ႏုိင္ငံမ်ားမွ လူထက္၀က္မွာ တစ္ကိုယ္ေရသုံး သီခ်င္းဖြင့္စက္မ်ားမွ ေဘးမကင္းေသာ အသံအျမင့္မ်ားႏွင့္ ထိေတြ႕ေနၾကၿပီး ထိုအေတာအတြင္း ၄၀ရာခိုင္ႏႈန္းမွာ ကလပ္မ်ားႏွင့္ အရက္ဆုိင္မ်ားမွ ထိခိုက္ပ်က္စီးေစႏုိင္ ေသာအသံအျမင့္မ်ဳိးျဖင့္ ထိေတြ႕ေနေၾကာင္းသိရသည္။ အေမရိကန္ ႏုိင္ငံသား အၾကားအာ႐ုံဆုံး႐ႈံးသြားသည့္ ဆယ္ေက်ာ္သက္ အေရအ တြက္မွာ ၁၉၉၄ က ၃ ဒသမ ၅ ရာခိုင္ႏႈန္းရွိရာမွ ၂၀၀၆ အတြင္း ၅ ဒသမ ၃ ရာခိုင္ႏႈန္းသို႔ ျမင့္တက္သြားေၾကာင္း သိရသည္။

ကားတစ္စီးထဲတြင္ ဆူညံသံအဆင့္ ၈၅ dB (Decibel) ကို ရွစ္နာရီအထိသာ နားဆင္သင့္သည္။ ျမက္ရိတ္စက္တစ္လုံး၏ ဆူညံ သံ ၉၀ dB ကို နာရီ၀က္အထိသာ အမ်ားဆုံးသည္းခံသင့္သည္။ ေမာ္ေတာ္ဆုိင္ကယ္တစ္စီး၏ ပ်မ္းမွ်ဆူညံသံ ၉၅ dB ကို ၄၇ မိနစ္၊ ကား (သို႔မဟုတ္) ေျမေအာက္ရထားဟြန္းသံ၏ ဆူညံသံ ၁၀၀ dB ကို ၁၅ မိနစ္၊ MP3 ဖြင့္စက္ကို အျမင့္ဆုံးအသံျဖစ္သည့္ ၁၀၅ dB ထား၍ နားေထာင္ပါက ေလးမိနစ္မွ်အသိသာ နားေထာင္ သင့္သည္။ ေရာ့ခ္ဂီတေဖ်ာ္ေျဖပဲြတစ္ခု၏ ဆူညံသံ ၁၁၅ dB ၂၈ စကၠန္႔အထိသာ နားေထာင္သင့္ေၾကာင္း WHO ဆူညံသံကို နားေထာင္ လက္ခံသင့္ေသာ စာရင္းမ်ားအရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အကြားအာရုံကို ကာကွယ်ရန် တစ်နေ့လျှင် တစ်နာရီထက်ပို၍ သီချင်းနားမထောင်သင့်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကြံပေးလိုက်သည်။

ဆယ်ကျော်သက်များနှင့် လူငယ်များ ၁ ဒသမ ၁ ဘီလီယံသည်တေးသီချင်းများကို အလွန်အမင်းကျယ်လောင်စွာ နားထောင်ကြ ခြင်းကြောင့် ၎င်းတို့၏ အကြားအာရုံအပြီးတိုင် ပျက်စီးသွားနိုင်သည့် အန္တရာယ်နှင့် ကြုံနေရသည်။

အသက်(၁၂)နှစ်နှင့် (၃၅)နှစ်ကြား လူပေါင်း ၄၃ သန်းသည် အကြားအာရုံဆုံးရှုံးသွားပြီး ယင်းအရေအတွက်မှာ တိုးလာနေသည် ဟု WHO   စာရင်းဇယားများက ဖော်ပြသည်။

ချမ်းသာသော၊ ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများမှ လူထက်ဝက်မှာ တစ်ကိုယ်ရေသုံး သီချင်းဖွင့်စက်များမှ ဘေးမကင်းသော အသံအမြင့်များနှင့် ထိတွေ့နေကြပြီး ထိုအတောအတွင်း ၄၀ရာခိုင်နှုန်းမှာ ကလပ်များနှင့် အရက်ဆိုင်များမှ ထိခိုက်ပျက်စီးစေနိုင် သောအသံအမြင့်မျိုးဖြင့် ထိတွေ့နေကြောင်းသိရသည်။ အမေရိကန် နိုင်ငံသား အကြားအာရုံဆုံးရှုံးသွားသည့် ဆယ်ကျော်သက် အရေအ တွက်မှာ ၁၉၉၄ က ၃ ဒသမ ၅ ရာခိုင်နှုန်းရှိရာမှ ၂၀၀၆ အတွင်း ၅ ဒသမ ၃ ရာခိုင်နှုန်းသို့ မြင့်တက်သွားကြောင်း သိရသည်။

ကားတစ်စီးထဲတွင် ဆူညံသံအဆင့် ၈၅ dB (Decibel) ကို ရှစ်နာရီအထိသာ နားဆင်သင့်သည်။ မြက်ရိတ်စက်တစ်လုံး၏ ဆူညံ သံ ၉၀ dB ကို နာရီဝက်အထိသာ အများဆုံးသည်းခံသင့်သည်။ မော်တော်ဆိုင်ကယ်တစ်စီး၏ ပျမ်းမျှဆူညံသံ ၉၅ dB ကို ၄၇ မိနစ်၊ ကား (သို့မဟုတ်) မြေအောက်ရထားဟွန်းသံ၏ ဆူညံသံ ၁၀၀ dB ကို ၁၅ မိနစ်၊ MP3 ဖွင့်စက်ကို အမြင့်ဆုံးအသံဖြစ်သည့် ၁၀၅ dB ထား၍ နားထောင်ပါက လေးမိနစ်မျှအသိသာ နားထောင် သင့်သည်။ ရော့ခ်ဂီတဖျော်ဖြေပွဲတစ်ခု၏ ဆူညံသံ ၁၁၅ dB ၂၈ စက္ကန့်အထိသာ နားထောင်သင့်ကြောင်း WHO ဆူညံသံကို နားထောင် လက်ခံသင့်သော စာရင်းများအရ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top