Property Expo
×

အိုဘီမင္ေဆးအတြင္း သား အေရာင္ေျပာင္းလဲျခင္းမွာ သံုးစြဲသူ၏ ေဆးထားသိုမႈပံုစံ မ မွန္ျခင္းေၾကာင့္ဟု စစ္ေဆးေတြ႕ ရွိရေၾကာင္း ျမန္မာႏိုင္ငံ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲ ေရးဌာန (ေနျပည္ေတာ္)မွ သတင္းရရွိသည္။

‘‘အက္ဖ္ဒီေအအေနနဲ႔ အိုဘီ မင္ ေဆးနမူနာေတြကို စစ္ေဆးတဲ့အခါ ေျပာင္းလဲမႈမေတြ႕ရဘူး။ စစ္ေဆးမႈအရ သံုးစြဲသူအေနနဲ႔ ေဆးကို ဘယ္လိုထားသိုလဲေပၚ မူတည္တယ္။ ေဆးဘူးကို လံု ေအာင္ မပိတ္တာ၊ သတ္မွတ္ ထားတဲ့ အခန္းအပူခ်ိန္မွာ မထား တာ၊ ေရေငြ႕႐ိုက္တဲ့ေနရာမွာထား တာမ်ိဳး၊ ေဆးကို ေသာက္မယ္ဆိုၿပီး ထုတ္ထားၿပီးမွ မေသာက္ဘဲ ထားတာမ်ိဳးေၾကာင့္ ေဆးအ ေရာင္ ေျပာင္းလဲတာေတြ ျဖစ္ တယ္္’’ဟု ျမန္မာႏိုင္ငံ အစားအ ေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရး ဌာနမွ ေဒါက္တာဥကၠာၿဖိဳးကေျပာၾကားသည္။


ေဆး၀ါးမ်ား ထားသိုမႈမမွန္ သည့္အခါ ေဆးအေရာင္ေျပာင္း လဲျခင္း၊ ေဆး၏ အာနိသင္ျပည့္၀စြာ မရရွိျခင္းမ်ား ျဖစ္တတ္ေသာ ေၾကာင့္ သံုးစြဲသူမ်ားအေနျဖင့္ သတိျပဳရန္ လိုအပ္ေၾကာင္း သိရ သည္။
ကေလးမိခင္တစ္ဦးက အို ဘီမင္ေဆးအတြင္းသား အမည္္း ေရာင္အျဖစ္ အေရာင္ေျပာင္းေန ျခင္းကိုေတြ႕ရ၍ မိခင္မ်ား သတိ ျပဳေသာက္သံုးၾကရန္ လူမႈကြန္ ရက္စာမ်က္ႏွာ၌ ၾသဂုတ္လအတြင္းက ေဖာ္ျပၿပီး ယင္းျဖစ္စဥ္ ႀကံဳ ေတြ႕ခဲ့ရသည့္ မိခင္မ်ားက အခ်င္းခ်င္း ေ၀မွ်ေျပာၾကားရာမွတစ္ဆင့္ လူထုအၾကား ပ်ံ႕ႏွံ႔ခဲ့ျခင္းျဖစ္သည္။

ယင္းအိုဘီမင္ေဆး၏ မူလအတြင္းသားအေရာင္ မွာ အ၀ါေရာင္ျဖစ္သည္ဟု သိရ သည္။ ထိုကဲ့သို႔ ေဆးအတြင္းသား အေရာင္ေျပာင္းလဲျခင္းကို မသိ ဘဲ ေသာက္သံုးမိေသာ ကေလး မိခင္မ်ားက ရင္ေသြး၌ တစ္စံုတစ္ ရာ ထိခိုက္မည္ကို စိုးရိမ္ေသာ္ လည္း ယင္းေဆးတင္သြင္းသည့္ United Pharma ကုမၸဏီတာ၀န္ ရွိသူက စိုးရိမ္စရာမရွိေၾကာင္းႏွင့္ ျမန္မာႏိုင္ငံ၏ ရာသီဥတုမွာ ပူေႏြးစြတ္စိုၿပီး ထားသိုမႈမမွန္ေသာ အခါ ေဆးအေရာင္ေျပာင္းလဲ ျခင္းျဖစ္ေၾကာင္း ရွင္းလင္းေျပာ ၾကားထားသည္။

‘‘ျပည္သူေတြအေနနဲ႔ မိမိ သံုးစြဲေနတဲ့ ေဆးနဲ႔ပတ္သက္ၿပီး လူထုအၾကားမွာ ေျပာဆုိတာေတြ ရွိခဲ့ရင္ အက္ဖ္ဒီေအကို တိုက္႐ိုက္ ေမးျမန္းႏိုင္ပါတယ္။ ေသာက္ရ မယ့္ ေဆးကို ၫႊန္ၾကားထားတဲ့ ဆရာ၀န္ကို ေမးျမန္းၿပီး အႀကံ ဉာဏ္ ေတာင္းႏိုုင္ပါတယ္’’ဟု ေဒါက္တာဥကၠာၿဖိဳးကဆိုသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

အိုဘီမင်ဆေးအတွင်း သား အရောင်ပြောင်းလဲခြင်းမှာ သုံးစွဲသူ၏ ဆေးထားသိုမှုပုံစံ မ မှန်ခြင်းကြောင့်ဟု စစ်ဆေးတွေ့ ရှိရကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဌာန (နေပြည်တော်)မှ သတင်းရရှိသည်။


‘‘အက်ဖ်ဒီအေအနေနဲ့ အိုဘီ မင် ဆေးနမူနာတွေကို စစ်ဆေးတဲ့အခါ ပြောင်းလဲမှုမတွေ့ရဘူး။ စစ်ဆေးမှုအရ သုံးစွဲသူအနေနဲ့ ဆေးကို ဘယ်လိုထားသိုလဲပေါ် မူတည်တယ်။ ဆေးဘူးကို လုံ အောင် မပိတ်တာ၊ သတ်မှတ် ထားတဲ့ အခန်းအပူချိန်မှာ မထား တာ၊ ရေငွေ့ရိုက်တဲ့နေရာမှာထား တာမျိုး၊ ဆေးကို သောက်မယ်ဆိုပြီး ထုတ်ထားပြီးမှ မသောက်ဘဲ ထားတာမျိုးကြောင့် ဆေးအ ရောင် ပြောင်းလဲတာတွေ ဖြစ် တယ်’’ဟု မြန်မာနိုင်ငံ အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ ဒေါက်တာဥက္ကာဖြိုးကပြောကြားသည်။





ဆေးဝါးများ ထားသိုမှုမမှန် သည့်အခါ ဆေးအရောင်ပြောင်း လဲခြင်း၊ ဆေး၏ အာနိသင်ပြည့်ဝစွာ မရရှိခြင်းများ ဖြစ်တတ်သော ကြောင့် သုံးစွဲသူများအနေဖြင့် သတိပြုရန် လိုအပ်ကြောင်း သိရ သည်။

ကလေးမိခင်တစ်ဦးက အို ဘီမင်ဆေးအတွင်းသား အမည်း ရောင်အဖြစ် အရောင်ပြောင်းနေ ခြင်းကိုတွေ့ရ၍ မိခင်များ သတိ ပြုသောက်သုံးကြရန် လူမှုကွန် ရက်စာမျက်နှာ၌ သြဂုတ်လအတွင်းက ဖော်ပြပြီး ယင်းဖြစ်စဉ် ကြုံ တွေ့ခဲ့ရသည့် မိခင်များက အချင်းချင်း ဝေမျှပြောကြားရာမှတစ်ဆင့် လူထုအကြား ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။



ယင်းအိုဘီမင်ဆေး၏ မူလအတွင်းသားအရောင် မှာ အဝါရောင်ဖြစ်သည်ဟု သိရ သည်။ ထိုကဲ့သို့ ဆေးအတွင်းသား အရောင်ပြောင်းလဲခြင်းကို မသိ ဘဲ သောက်သုံးမိသော ကလေး မိခင်များက ရင်သွေး၌ တစ်စုံတစ် ရာ ထိခိုက်မည်ကို စိုးရိမ်သော် လည်း ယင်းဆေးတင်သွင်းသည့် United Pharma ကုမ္ပဏီတာဝန် ရှိသူက စိုးရိမ်စရာမရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ ရာသီဥတုမှာ ပူနွေးစွတ်စိုပြီး ထားသိုမှုမမှန်သော အခါ ဆေးအရောင်ပြောင်းလဲ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားထားသည်။



‘‘ပြည်သူတွေအနေနဲ့ မိမိ သုံးစွဲနေတဲ့ ဆေးနဲ့ပတ်သက်ပြီး လူထုအကြားမှာ ပြောဆိုတာတွေ ရှိခဲ့ရင် အက်ဖ်ဒီအေကို တိုက်ရိုက် မေးမြန်းနိုင်ပါတယ်။ သောက်ရ မယ့် ဆေးကို ညွှန်ကြားထားတဲ့ ဆရာဝန်ကို မေးမြန်းပြီး အကြံ ဉာဏ် တောင်းနိုုင်ပါတယ်’’ဟု ဒေါက်တာဥက္ကာဖြိုးကဆိုသည်။



 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily





 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top