Kantharyar Centre
×

ျဖတ္သန္းခဲ့တဲ့ ဘ၀တစ္ေလွ်ာက္မွာ ခ်စ္တဲ့သူေတြ၊ မုန္းတဲ့သူေတြ ဘယ္သူမဆို ရွိဖူးၾကမွာပါ။  သူငယ္ခ်င္းမဟုတ္တဲ့ ဆက္ႏြယ္မႈေတြနဲ႔ ပတ္သက္လာခဲ့သူေတြထဲမွာ ကိုယ္ကေကာင္းရက္နဲ႔ ကုိယ့္ရင္ကို ခြဲၿပီး မထင္မွတ္ထားတဲ့ တုံ႕ျပန္မႈေတြနဲ႔ ရက္စက္ျပသြားသူေတြလည္း သင့္မွာ ရွိေကာင္းရွိမွာပါ။ ဒီလူေတြကို ကလဲ့စားေခ်ခ်င္တဲ့အခါ ဘယ္နည္းလမ္းဟာ အေကာင္းဆံုးျဖစ္မလဲ စဥ္းစားဖူးၾကမွာေပါ့။ တကယ္ေတာ့ သူတုိ႔ထက္ ေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့၊ စိတ္ခ်မ္းသာဖြယ္ေကာင္းတဲ့ ဘ၀တစ္ခုမွာ ေနထုိင္ျခင္းဟာ အေကာင္းဆံုး ကလဲ့စားေခ်နည္းပါပဲ။

ဒီလိုေျပာလုိက္လုိ႔ လူမႈကြန္ယက္မွာ ေနာက္တစ္ေယာက္နဲ႔ ပလူးပလဲေတြ လုပ္ျပ၊ ပံုေတြတင္၊ ဘယ္ေလာက္ေပ်ာ္ေၾကာင္းလုပ္ျပေနစရာေတာ့ မလိုပါဘူး။ သူတုိ႔ေတြ ကိုယ့္ဘ၀ထဲက ထြက္ခြာသြားခ်ိန္ ကိုယ္ရင္နာနာ နဲ႔ ေ၀ဒနာေတြ ခံစားေနရပါလိမ့္မယ္။ ဒါမထူးဆန္းပါဘူး။ သူတုိ႔နဲ႔ အဆက္အသြယ္မရွိေတာ့တဲ့အခ်ိန္ ကိုယ့္ဘ၀ကို ကုိယ္တည့္မတ္ေအာင္ ႀကိဳးစားပါ။ စိတ္ဓာတ္က်ခဲ့တယ္ ဆုိရင္ေတာင္ ခဏသာ ျဖစ္သင့္ပါတယ္။ သူတုိ႔နဲ႔ တစ္သက္လံုး အတူေနရရင္ေတာင္ ငါ့ဘ၀ ေပ်ာ္ရႊင္စရာေကာင္းမွာပဲလုိ႔ ေတြးလုိ႔မရတဲ့ ေလာကၾကီးမွာ ဘယ္အရာမွာ မေသခ်ာဘူးဆုိတာ စိတ္ထဲအၿမဲထည့္ထားပါ။

လုပ္ရမယ့္အရာေတြကို ေျပာျပပါရေစ။ ဒီလို အသည္းကြဲေ၀ဒနာ ခံစားေနရခ်ိန္ ကိုယ္၀ါသနာပါတဲ့ အလုပ္ေတြကို မစြန္႔လႊတ္လိုက္ပါနဲ႔။ အိပ္မက္ေတြ ပိုမက္ရမယ့္အခ်ိန္ေရာက္ပါၿပီ။ ခုခံစားေနရတာေတြကို တြန္းအားတစ္ခုအျဖစ္သံုးပါ။ သင္တန္းေတြတက္တာမ်ိဳး လုပ္ပါ။ ေလ့က်င့္ခန္းလုပ္တာ GYM ေဆာ့တာလည္း ေကာင္းပါတယ္။ အားကစားတစ္ခုခုလုုပ္တာ၊ ကိုယ္လက္ေလ့က်င့္ခန္းလုပ္တာမ်ိဳးဟာ သင့္ကို ကုိယ့္ကိုယ္ကုိယံုၾကည္မႈတိုးေစသလို စိတ္တည္ၿငိမ္ေစတယ္ဆုိတာ မယံုမရွိပါနဲ႔။ အလုပ္မွာ အာရံုစိုက္ပါ။ ဒီလိုနဲ႔ အသည္းတစ္ခါကြဲလိုက္တာ ေကာင္းက်ိဳးတစ္ခ်ိဳ႕ေတာင္ ခံစားႏိုင္ပါလားလုိ႔ သိရေအာင္ အသံုးခ်လိုက္ပါ။

အဲ့ဒီေနာက္မွာေတာ့ ကိုယ့္ကိုတကယ္နားလည္ေပးမယ့္သူကို ရွာေဖြပါ။ ဒီလိုရွာတဲ့အခါ အရင္တစ္ခါတုန္းက သင္ယူခဲ့ရတဲ့ အမွားေတြကို အေျခခံၿပီး ကုိယ္တကယ္လိုခ်င္တာ ဘယ္လိုမ်ိဳးလဲဆိုတာ ေသခ်ာေတြးပါ။ ကိုယ့္စိတ္ကို ကုိယ္သိေအာင္လုပ္ပါ။ ငါတကယ္ရည္းစား ထပ္ထားသင့္ၿပီလား ဆိုတာ ေသခ်ာေအာင္လုပ္ပါ။ အဆင္သင့္မျဖစ္ေသးရင္ ဇြတ္အတင္းမထားပါနဲ႔။ သူ႕ဘာသာသူ ႀကံဳဆံုလာမယ့္ ကံတရားကလည္း ရွိေနပါေသးတယ္။ က်ိန္းေသေျပာခ်င္တာ ကေတာ့ ေန႔စဥ္ဘ၀ေတြကို ကိုယ္ခ်စ္ရသူေတြ၊ မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ ျဖတ္သန္းေနထုိင္ပါ။ ေန႔တုိင္းဟာ သင့္အတြက္ အက်ိဳးရွိေနပါေစ။ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ရွိေနပါေစ။

လူတုိင္းဟာ ကိုယ့္ဘ၀နဲ႔ ကိုယ္ သီးျခားစီ ရွိေနၾကပါတယ္။ ရႈပ္ေထြးသြားခဲ့တဲ့ စိတ္ေတြ အနည္ထုိင္စျပဳလာတဲ့အခါ အရင္ျဖစ္ခဲ့တာေတြကို ဟားတုိက္ပစ္ႏိုင္မွာပါ။ ငါရူးခဲ့ပါလားလို႔ေတာင္ ေတြးမိႏိုင္ပါတယ္။ ကုိယ္နဲ႔မထိုက္တဲ့သူကို အတင္းႀကိဳးစားၿပီး လက္မတြဲပါနဲ႔။ ဒီေတာ့ သူတုိ႔ကို လက္စားေခ်ခ်င္ေနေသးတယ္ဆုိရင္ သင္ ကိုယ့္ကိုယ္ကို ထူးခၽြန္ေအာင္ ႀကိဳးစားဖုိ႔ပါပဲ။ ေပ်ာ္ရႊင္စြာ ေနထုိင္ဖုိ႔ပါပဲ။

သင္တုိ႔ေတြ လူမႈကြန္ယက္မွာ အဆက္အသြယ္ မရွိေတာ့ဘူးလား၊ instagram မွာလည္း တစ္ေယာက္နဲ႔တစ္ေယာက္ follow လုပ္မထားဘူးလား။ ဘယ္လိုပဲျဖစ္ေစ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာေတာ့ သင့္သတင္းေတြ သူ႕နားထဲေရာက္သြားပါလိမ့္မယ္။ ျဖစ္ေစခ်င္တာက သင့္အေၾကာင္း ၾကားတဲ့အခါ ငါနဲ႔လြဲသြားတဲ့ ငါ့ရည္းစားက အဲ့ေလာက္ေတာင္ ျဖစ္ေနၿပီလားေပါ့။ သင္ကိုယ္တုိင္ကလည္း သူနဲ႔လြဲသြား ကြဲသြားလို႔ ငါခု ဒီေနရာေတာင္ ေရာက္ေနၿပီ။ သူနဲ႔ဆို ငါ ဒံုရင္းက ဒံုရင္းျဖစ္ေနမယ္လို႔ ေတြးမိသြားပါလိမ့္မယ္။

ဘ၀ဆိုတာ တုိေတာင္းပါတယ္။ ဒီအခ်ိန္ကာလေလးအတြင္းမွာ စိတ္ညစ္စရာ၊ နာက်င္မႈ၊ ေ၀ဒနာေတြနဲ႔ ျဖတ္သန္းေနဖုိ႔ မထိုက္တန္ပါဘူး။ အေကာင္းဆံုး ႀကိဳးစားျဖတ္သန္းၿပီး သင္ဘာလည္း ဆိုတာ ျပသရမယ့္အခ်ိန္ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်မှာ ချစ်တဲ့သူတွေ၊ မုန်းတဲ့သူတွေ ဘယ်သူမဆို ရှိဖူးကြမှာပါ။  သူငယ်ချင်းမဟုတ်တဲ့ ဆက်နွယ်မှုတွေနဲ့ ပတ်သက်လာခဲ့သူတွေထဲမှာ ကိုယ်ကကောင်းရက်နဲ့ ကိုယ့်ရင်ကို ခွဲပြီး မထင်မှတ်ထားတဲ့ တုံ့ပြန်မှုတွေနဲ့ ရက်စက်ပြသွားသူတွေလည်း သင့်မှာ ရှိကောင်းရှိမှာပါ။ ဒီလူတွေကို ကလဲ့စားချေချင်တဲ့အခါ ဘယ်နည်းလမ်းဟာ အကောင်းဆုံးဖြစ်မလဲ စဉ်းစားဖူးကြမှာပေါ့။ တကယ်တော့ သူတို့ထက် ပျော်ရွှင်ဖွယ်ကောင်းတဲ့၊ စိတ်ချမ်းသာဖွယ်ကောင်းတဲ့ ဘဝတစ်ခုမှာ နေထိုင်ခြင်းဟာ အကောင်းဆုံး ကလဲ့စားချေနည်းပါပဲ။

ဒီလိုပြောလိုက်လို့ လူမှုကွန်ယက်မှာ နောက်တစ်ယောက်နဲ့ ပလူးပလဲတွေ လုပ်ပြ၊ ပုံတွေတင်၊ ဘယ်လောက်ပျော်ကြောင်းလုပ်ပြနေစရာတော့ မလိုပါဘူး။ သူတို့တွေ ကိုယ့်ဘဝထဲက ထွက်ခွာသွားချိန် ကိုယ်ရင်နာနာ နဲ့ ဝေဒနာတွေ ခံစားနေရပါလိမ့်မယ်။ ဒါမထူးဆန်းပါဘူး။ သူတို့နဲ့ အဆက်အသွယ်မရှိတော့တဲ့အချိန် ကိုယ့်ဘဝကို ကိုယ်တည့်မတ်အောင် ကြိုးစားပါ။ စိတ်ဓာတ်ကျခဲ့တယ် ဆိုရင်တောင် ခဏသာ ဖြစ်သင့်ပါတယ်။ သူတို့နဲ့ တစ်သက်လုံး အတူနေရရင်တောင် ငါ့ဘ၀ ပျော်ရွှင်စရာကောင်းမှာပဲလို့ တွေးလို့မရတဲ့ လောကကြီးမှာ ဘယ်အရာမှာ မသေချာဘူးဆိုတာ စိတ်ထဲအမြဲထည့်ထားပါ။

လုပ်ရမယ့်အရာတွေကို ပြောပြပါရစေ။ ဒီလို အသည်းကွဲဝေဒနာ ခံစားနေရချိန် ကိုယ်ဝါသနာပါတဲ့ အလုပ်တွေကို မစွန့်လွှတ်လိုက်ပါနဲ့။ အိပ်မက်တွေ ပိုမက်ရမယ့်အချိန်ရောက်ပါပြီ။ ခုခံစားနေရတာတွေကို တွန်းအားတစ်ခုအဖြစ်သုံးပါ။ သင်တန်းတွေတက်တာမျိုး လုပ်ပါ။ လေ့ကျင့်ခန်းလုပ်တာ GYM ဆော့တာလည်း ကောင်းပါတယ်။ အားကစားတစ်ခုခုလုုပ်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာမျိုးဟာ သင့်ကို ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးစေသလို စိတ်တည်ငြိမ်စေတယ်ဆိုတာ မယုံမရှိပါနဲ့။ အလုပ်မှာ အာရုံစိုက်ပါ။ ဒီလိုနဲ့ အသည်းတစ်ခါကွဲလိုက်တာ ကောင်းကျိုးတစ်ချို့တောင် ခံစားနိုင်ပါလားလို့ သိရအောင် အသုံးချလိုက်ပါ။

အဲ့ဒီနောက်မှာတော့ ကိုယ့်ကိုတကယ်နားလည်ပေးမယ့်သူကို ရှာဖွေပါ။ ဒီလိုရှာတဲ့အခါ အရင်တစ်ခါတုန်းက သင်ယူခဲ့ရတဲ့ အမှားတွေကို အခြေခံပြီး ကိုယ်တကယ်လိုချင်တာ ဘယ်လိုမျိုးလဲဆိုတာ သေချာတွေးပါ။ ကိုယ့်စိတ်ကို ကိုယ်သိအောင်လုပ်ပါ။ ငါတကယ်ရည်းစား ထပ်ထားသင့်ပြီလား ဆိုတာ သေချာအောင်လုပ်ပါ။ အဆင်သင့်မဖြစ်သေးရင် ဇွတ်အတင်းမထားပါနဲ့။ သူ့ဘာသာသူ ကြုံဆုံလာမယ့် ကံတရားကလည်း ရှိနေပါသေးတယ်။ ကျိန်းသေပြောချင်တာ ကတော့ နေ့စဉ်ဘဝတွေကို ကိုယ်ချစ်ရသူတွေ၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ ဖြတ်သန်းနေထိုင်ပါ။ နေ့တိုင်းဟာ သင့်အတွက် အကျိုးရှိနေပါစေ။ ပျော်ပျော်ရွှင်ရွှင် ရှိနေပါစေ။

လူတိုင်းဟာ ကိုယ့်ဘဝနဲ့ ကိုယ် သီးခြားစီ ရှိနေကြပါတယ်။ ရှုပ်ထွေးသွားခဲ့တဲ့ စိတ်တွေ အနည်ထိုင်စပြုလာတဲ့အခါ အရင်ဖြစ်ခဲ့တာတွေကို ဟားတိုက်ပစ်နိုင်မှာပါ။ ငါရူးခဲ့ပါလားလို့တောင် တွေးမိနိုင်ပါတယ်။ ကိုယ်နဲ့မထိုက်တဲ့သူကို အတင်းကြိုးစားပြီး လက်မတွဲပါနဲ့။ ဒီတော့ သူတို့ကို လက်စားချေချင်နေသေးတယ်ဆိုရင် သင် ကိုယ့်ကိုယ်ကို ထူးချွန်အောင် ကြိုးစားဖို့ပါပဲ။ ပျော်ရွှင်စွာ နေထိုင်ဖို့ပါပဲ။

သင်တို့တွေ လူမှုကွန်ယက်မှာ အဆက်အသွယ် မရှိတော့ဘူးလား၊ instagram မှာလည်း တစ်ယောက်နဲ့တစ်ယောက် follow လုပ်မထားဘူးလား။ ဘယ်လိုပဲဖြစ်စေ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ သင့်သတင်းတွေ သူ့နားထဲရောက်သွားပါလိမ့်မယ်။ ဖြစ်စေချင်တာက သင့်အကြောင်း ကြားတဲ့အခါ ငါနဲ့လွဲသွားတဲ့ ငါ့ရည်းစားက အဲ့လောက်တောင် ဖြစ်နေပြီလားပေါ့။ သင်ကိုယ်တိုင်ကလည်း သူနဲ့လွဲသွား ကွဲသွားလို့ ငါခု ဒီနေရာတောင် ရောက်နေပြီ။ သူနဲ့ဆို ငါ ဒုံရင်းက ဒုံရင်းဖြစ်နေမယ်လို့ တွေးမိသွားပါလိမ့်မယ်။

ဘဝဆိုတာ တိုတောင်းပါတယ်။ ဒီအချိန်ကာလလေးအတွင်းမှာ စိတ်ညစ်စရာ၊ နာကျင်မှု၊ ဝေဒနာတွေနဲ့ ဖြတ်သန်းနေဖို့ မထိုက်တန်ပါဘူး။ အကောင်းဆုံး ကြိုးစားဖြတ်သန်းပြီး သင်ဘာလည်း ဆိုတာ ပြသရမယ့်အချိန်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top