Kantharyar Centre
×

စေနနဲ႕ တနဂၤေႏြႏွစ္ရက္တည္းကသာ သင့္ရဲ႕ ကိုယ္ပိုင္အခ်ိန္ပါ။ ဘာမွမလုပ္ျဖစ္ပဲနဲ႕ အိမ္ထဲေခြေနၿပီး ေနာက္ႏွစ္ရက္အၾကာ အလုပ္ခြင္ျပန္၀င္တဲ့အခါ သင္ဟာ ပ်င္းရိျခင္းအရွိန္မေသစြာနဲ႕ ျဖစ္ေနပါလိမ့္မယ္။

          ဒီေတာ့ အဓိပၸါယ္အျပည့္အ၀ရွိၿပီး ဘ၀မွာေနရထုိင္ရတာ တိုးတက္ေစဖုိ႕အတြက္ေတာ့ ဒီအားလပ္ခ်ိန္ကို အက်ိဳးရွိေအာင္ ဘယ္လုိသုံးမလဲ ဆံုးျဖတ္ဖုိ႕လုိပါတယ္။

(၁)     ခိုးကိုးရာမဲ့ေသာ သနားစရာ သတၱ၀ါမ်ားကို ကယ္တင္ပါ။

          တစ္ဦးတည္းေနရတဲ့ အခ်ိန္ေတြဟာ အထီးက်န္စရာေကာင္းတာအမွန္ပါပဲ။ ဒီအခါ သင့္ရဲ႕ ခ်စ္ေမတၱာေတြ ၊ ဂရုစိုက္မႈေတြကို လူသားတစ္ဦးအေပၚ မသက္ေရာက္ႏုိင္ခင္ ဒီလို သတၱ၀ါေလးေတြအေပၚ အရင္ ထားၾကည့္ပါ။ လမ္းလြဲေနတဲ့ အိမ္ေမြးေခြးေလးေတြ နဲ႔ ေၾကာင္ေလးေတြကို ကယ္တင္ၾကည့္ပါ။ လူတုိင္းကဒီလို အိမ္ေမြးတိရစၦာန္ေလးေတြကို ခ်စ္ၾကပါတယ္။ စိတ္ခ်ရတဲ့ ေမတၱာတရား အသြားအျပန္တစ္ခု ကေတာ့ သူတုိ႕ကလည္း သင့္ကုိက်ိန္းေသခ်စ္ၾကမွာပါ။ ဒါ့အျပင္ သစၥာရွိမႈကိုပါ ပူးတြဲရႏုိင္ပါေသးတယ္။ သင့္မွာမ်ား သံုးစရာပိုက္ဆံေပါေနမယ္ဆုိရင္ ဒီလို အေကာင္ေလးေတြအေပၚမွာ သံုးၿပီး ပိတ္ရက္ကို အခ်ိန္ျဖဳန္းၾကည့္ပါ။

(၂)     ဟင္းခ်က္ၾကည့္ပါ။

          တနလၤာကေန ေသာၾကာအထိ အသင့္စား အစာမ်ိဳးစံုနဲ႕ အခ်ိန္ျဖဳန္းေနခဲ့တဲ့အတြက္ သင့္ခႏၶာကိုယ္ကို ျပန္ၿပီး အာဟာရမွ်တေအာင္ ျဖည့္ရပါေတာ့မယ္။ ဒီလုိပိတ္ရက္မ်ိဳးမွာ ကိုယ္စားခ်င္တာေတြ ခ်က္စားၿပီး စိတ္ေက်နပ္မႈရွာတာဟာ ကိုယ္ေရာစိတ္ပါ မွ်တေစပါတယ္။

(၃)     ရႈပ္ပြေနေသာ အိမ္ကိုရွင္းပါ။

          ရႈပ္ပြေနတဲ့ သင့္အိမ္နဲ႔ ပတ္၀န္းက်င္က စိတ္ညစ္ညဴး ရႈပ္ေထြးမႈကို ေပးတတ္သလို သန္႔ရွင္းသပ္ရပ္တဲ့ ပတ္၀န္းက်င္က သင့္ကို လန္းဆန္းမႈေပးစြမ္းႏုိင္ပါတယ္။ ဒါေၾကာင့္ ပိတ္ရက္မွာ အိမ္ကအရႈပ္ေတြကို ရွင္းလင္းထားပါ။ ဒါမွ အလုပ္ဖြင့္ရက္ေတြမွာ ဖိစီးေနတတ္တဲ့ သင့္စိတ္က သင့္အိပ္ခန္း ၀န္းက်င္ေၾကာင့္ တိုးၿပီး မရႈပ္ေထြးရမွာပါ။

(၄)     ရယ္ပါ ။ ထပ္ခါထပ္ခါ ရယ္ေပးပါ။

          ရယ္ေမာျခင္းက အေကာင္းဆံုး ေဆးတစ္ပါးပါ။ ဒါက ဖိအားေတြကို ေလ်ာ့ခ်ေပးႏုိင္တဲ့ အေကာင္းဆံုး နည္းလမ္းေတြထဲက တစ္ခုပါပဲ။ ဒါေၾကာင့္ ပိတ္ရက္မွာ ေပ်ာ္ရႊင္ရယ္ေမာႏုိင္ေအာင္ ႀကိဳးစားပါ။

(၅)     ၀ါသနာပါရာကို အေကာင္အထည္ေဖာ္ၾကည့္ပါ။

          အလုပ္ခြင္ထဲမွာပဲ က်င္လည္ေနရတဲ့ သင့္ဘ၀ကို လူျဖစ္ရံႈးလွခ်ည္ရဲ႕လုိ႕ ေတြးမိေနတတ္ပါတယ္။ ဒါေပမယ့္ သင္၀ါသနာပါရာ အလုပ္တစ္ခုကို အားလပ္ခ်ိန္မွာ လုပ္ခြင့္ရတဲ့အခါမွာေတာ့ သင့္ဘ၀ႀကီးက အဓိပၸါယ္ျပည့္၀လာပါလိမ့္မယ္။ သင့္၀ါသနာကို အေထာက္အပံ့ေပးေနတဲ့ လက္ရွိအလုပ္ကိုလည္း ပိုၿပီး ခင္တြယ္လာတတ္ပါလိမ့္မယ္။ ဒီအလုပ္ရွိလုိ႕သာ သင္စိတ္ပါရာကို အေကာင္အထည္ေဖာ္ခြင့္ ရေနတာကိုး။

          ဒီနည္းလမ္းေလးေတြနဲ႕ သင့္ရဲ႕ အားလပ္ရက္ကို အခ်ိန္ျဖဳန္းၾကည့္မယ္ဆုိရင္ေတာ့ အဓိပၸါယ္ျပည့္၀ၿပီး ပိုေနေပ်ာ္လာမယ့္ ဘ၀တစ္ခုကို ပိုင္ဆုိင္ႏုိင္မွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode version

 ရက်သတ္တပတ်အဆုံုးရဲ့ ပိတ်ရက်တွေဆိုတာ ဘုရားသခင်ဆီက ထုပ်ပိုးပေးလိုက်တဲ့ လက်ဆောင်ပါပဲ။ စနေနဲ့ တနင်္ဂနွေနှစ်ရက်တည်းကသာ သင့်ရဲ့ ကိုယ်ပိုင်အချိန်ပါ။ ဘာမှမလုပ်ဖြစ်ပဲနဲ့ အိမ်ထဲခွေနေပြီး နောက်နှစ်ရက်အကြာ အလုပ်ခွင်ပြန်ဝင်တဲ့အခါ သင်ဟာ ပျင်းရိခြင်းအရှိန်မသေစွာနဲ့ ဖြစ်နေပါလိမ့်မယ်။

          ဒီတော့ အဓိပ္ပါယ်အပြည့်အဝရှိပြီး ဘဝမှာနေရထိုင်ရတာ တိုးတက်စေဖို့အတွက်တော့ ဒီအားလပ်ချိန်ကို အကျိုးရှိအောင် ဘယ်လိုသုံးမလဲ ဆုံးဖြတ်ဖို့လိုပါတယ်။

(၁)     ခိုးကိုးရာမဲ့သော သနားစရာ သတ္တဝါများကို ကယ်တင်ပါ။

          တစ်ဦးတည်းနေရတဲ့ အချိန်တွေဟာ အထီးကျန်စရာကောင်းတာအမှန်ပါပဲ။ ဒီအခါ သင့်ရဲ့ ချစ်မေတ္တာတွေ ၊ ဂရုစိုက်မှုတွေကို လူသားတစ်ဦးအပေါ် မသက်ရောက်နိုင်ခင် ဒီလို သတ္တဝါလေးတွေအပေါ် အရင် ထားကြည့်ပါ။ လမ်းလွဲနေတဲ့ အိမ်မွေးခွေးလေးတွေ နဲ့ ကြောင်လေးတွေကို ကယ်တင်ကြည့်ပါ။ လူတိုင်းကဒီလို အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်ကြပါတယ်။ စိတ်ချရတဲ့ မေတ္တာတရား အသွားအပြန်တစ်ခု ကတော့ သူတို့ကလည်း သင့်ကိုကျိန်းသေချစ်ကြမှာပါ။ ဒါ့အပြင် သစ္စာရှိမှုကိုပါ ပူးတွဲရနိုင်ပါသေးတယ်။ သင့်မှာများ သုံးစရာပိုက်ဆံပေါနေမယ်ဆိုရင် ဒီလို အကောင်လေးတွေအပေါ်မှာ သုံးပြီး ပိတ်ရက်ကို အချိန်ဖြုန်းကြည့်ပါ။

(၂)     ဟင်းချက်ကြည့်ပါ။

          တနင်္လာကနေ သောကြာအထိ အသင့်စား အစာမျိုးစုံနဲ့ အချိန်ဖြုန်းနေခဲ့တဲ့အတွက် သင့်ခန္ဓာကိုယ်ကို ပြန်ပြီး အာဟာရမျှတအောင် ဖြည့်ရပါတော့မယ်။ ဒီလိုပိတ်ရက်မျိုးမှာ ကိုယ်စားချင်တာတွေ ချက်စားပြီး စိတ်ကျေနပ်မှုရှာတာဟာ ကိုယ်ရောစိတ်ပါ မျှတစေပါတယ်။

(၃)     ရှုပ်ပွနေသော အိမ်ကိုရှင်းပါ။

          ရှုပ်ပွနေတဲ့ သင့်အိမ်နဲ့ ပတ်ဝန်းကျင်က စိတ်ညစ်ညူး ရှုပ်ထွေးမှုကို ပေးတတ်သလို သန့်ရှင်းသပ်ရပ်တဲ့ ပတ်ဝန်းကျင်က သင့်ကို လန်းဆန်းမှုပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ပိတ်ရက်မှာ အိမ်ကအရှုပ်တွေကို ရှင်းလင်းထားပါ။ ဒါမှ အလုပ်ဖွင့်ရက်တွေမှာ ဖိစီးနေတတ်တဲ့ သင့်စိတ်က သင့်အိပ်ခန်း ဝန်းကျင်ကြောင့် တိုးပြီး မရှုပ်ထွေးရမှာပါ။

(၄)     ရယ်ပါ ။ ထပ်ခါထပ်ခါ ရယ်ပေးပါ။

          ရယ်မောခြင်းက အကောင်းဆုံး ဆေးတစ်ပါးပါ။ ဒါက ဖိအားတွေကို လျော့ချပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါပဲ။ ဒါကြောင့် ပိတ်ရက်မှာ ပျော်ရွှင်ရယ်မောနိုင်အောင် ကြိုးစားပါ။

(၅)     ဝါသနာပါရာကို အကောင်အထည်ဖော်ကြည့်ပါ။

          အလုပ်ခွင်ထဲမှာပဲ ကျင်လည်နေရတဲ့ သင့်ဘဝကို လူဖြစ်ရှုံးလှချည်ရဲ့လို့ တွေးမိနေတတ်ပါတယ်။ ဒါပေမယ့် သင်ဝါသနာပါရာ အလုပ်တစ်ခုကို အားလပ်ချိန်မှာ လုပ်ခွင့်ရတဲ့အခါမှာတော့ သင့်ဘဝကြီးက အဓိပ္ပါယ်ပြည့်ဝလာပါလိမ့်မယ်။ သင့်ဝါသနာကို အထောက်အပံ့ပေးနေတဲ့ လက်ရှိအလုပ်ကိုလည်း ပိုပြီး ခင်တွယ်လာတတ်ပါလိမ့်မယ်။ ဒီအလုပ်ရှိလို့သာ သင်စိတ်ပါရာကို အကောင်အထည်ဖော်ခွင့် ရနေတာကိုး။

          ဒီနည်းလမ်းလေးတွေနဲ့ သင့်ရဲ့ အားလပ်ရက်ကို အချိန်ဖြုန်းကြည့်မယ်ဆိုရင်တော့ အဓိပ္ပါယ်ပြည့်ဝပြီး ပိုနေပျော်လာမယ့် ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top