မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်
×





Credit : Duwun

#Unicode Version

လက်ရှိဘဏ္ဍာနှစ် ဧပြီလကနေ သြဂုတ်အထိ ငါးလအတွင်း ရန်ကုန်တိုင်းထဲမှာ အိမ်ခြံမြေရောင်းဝယ်တာနေ အခွန်ငွေကျပ် ၁၀ ဘီလီယံ ကောက်ခံရရှိထားတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနကနေ သိရပါတယ်။

အိမ်ခြံမြေ အရောင်းအဝယ် လုပ်တာကနေ ဝင်ငွေခွန် ကျပ်လေးဘီလီယံနဲ့ တံဆိပ်ခေါင်းခွန် ကျပ်ခြောက်ဘီလီယံ ကောက်ခံရရှိထားတယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောပါတယ်။

အိမ်ခြံမြေ အရောင်းအဝယ်ဖြစ်ရင် အရောင်းအဝယ်ဖြစ်တဲ့ ငွေကြေးနဲ့ကိုက်ညီတဲ့ တံဆိပ်ခေါင်းကပ်ရမှာဖြစ်ပြီး တံဆိပ်ခေါင်းမကပ်ဘဲ ချုပ်ဆိုထားတဲ့ စာချုပ်တွေက  တရားဥပဒေအရ အကျုံးမဝင်ဘဲ စစ်ဆေးတွေ့ရှိရင် သတ်မှတ်တန်ဖိုးရဲ့၁၀ ဆကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

အစိုးရသစ်လက်ထက်မှာ ၂၀၁၆ ဧပြီ ၁ရက်က စပြီးအသက်ဝင်တဲ့ ပြည်ထောင်စု အခွန်အကောက်ဥပဒေအရ ဝင်ငွေ ရလမ်းဖော်ပြနိုင်ရင် အိမ်ခြံမြေ ဝယ်ယူရင် အခွန်ပေးဆောင်ဖို့ မလိုတော့ဘူးလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top