Property Expo
×

1 - Mammogram


2 - Colonoscopy


3 - Eye Exam


4 - Heart-Health Test


Credit : Duwun

#Unicode Version

1 - Mammogram

အမျိုးသမီးတွေကြားမှာ ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းဟာ မြင့်မားလျက်ရှိပါတယ်။ မိသားစုထဲမှာ ကင်ဆာဖြစ်ပွားဖူးသူရှိရင် အသက် ၄၀ ထက်စောပြီး Mammogram ရိုက်သင့်ပါတယ်။

2 - Colonoscopy

အူမကြီးကင်ဆာကို စစ်ဆေးဖို့ဖြစ်ပါတယ်။ အူမကြီးကင်ဆာဟာ စောစောစီးစီး သိထားရင် ၉၀ ရာခိုင်နှုန်းထိ ပျောက်ကင်းပါတယ်။ မိသားစုထဲမှာ အူမကြီးကင်ဆာဖြစ်ဖူးတယ်ဆိုရင် အသက် ၅၀ မတိုင်မီ စစ်ထားသင့်ပါတယ်။ ခဏခဏလည်း စစ်သင့်ပါတယ်။ အူမကြီးကို ကြည့်မယ့် မှန်ပြောင်းထည့်ကာ သင့်ကိ စစ်ဆေးမှာ ဖြစ်ပါတယ်။

3 - Eye Exam

မျက်လုံးကျန်းမာရေးစစ်ဆေးမှုကလည်း သင်လုပ်ရမယ့် ထိပ်ဆုံးက ကျန်းမာရေးတစ်ခုပါ။ အမြင်အာရုံအပြောင်းအလဲရှိတာ၊ အာရုံကြောတွေကိုက်တာ စတဲ့ အကြောင်းအရင်းတစ်ခုခုဖြစ်တာနဲ့ ချက်ချင်းစစ်သင့်ပါတယ်။

4 - Heart-Health Test

နှလုံးရောဂါဟာလည်း ထိပ်တန်းလူသတ်သမားတစ်ဦး ဖြစ်ပါတယ်။ သူ့ကို ကြိုတင်သိထားနိုင်ဖို့ ပုံမှန်စစ်ဆေးသင့်ပါတယ်။ အသက် ၂၀ လောက်စပြီး နှစ်စဉ်စစ်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top