Property Expo
×

 ဗင္နီဇြဲလားႏုိင္ငံ၏ ၿမိဳ႕ေတာ္ ကရာကက္စ္တြင္ အစိုးရ ေထာက္ခံသူႏွင့္ ဆန္႔က်င္သူမ်ား အေရအတြက္ သိန္းႏွင့္ခ်ီ အၿပိဳင္ ဆႏၵျပခဲ့ေၾကာင္း သိရသည္။

အတိုက္အခံ အင္အားစုမ်ားသည္ ၂ ႏွစ္တာအတြင္း အင္အားအႀကီးဆံုး စု႐ံုးခဲ့ၿပီး သမၼတ နစ္ကိုလက္စ္ မာဒူ႐ို ရာထူးမွ ႏုတ္ထြက္ေပးရန္ ဆႏၵျပ ေတာင္းဆိုခဲ့ၾကသည္။ ၎တို႔က ဗင္နီဇြဲလား၏ စီးပြားေရး အက်ပ္အတည္းမ်ားအတြက္ သမၼတတြင္ တိုက္႐ိုက္ တာဝန္ရွိေၾကာင္း စြပ္စြဲခဲ့ၾကသည္။ ထုိ႔အျပင္ မာဒူ႐ို၏ အာဏာသက္တမ္းကို ေလွ်ာ့ခ်ရန္ အေျခခံဥပေဒ ျပဳျပင္ေျပာင္းလဲေရး လူထုဆႏၵခံယူပြဲ တစ္ရပ္ကို ေရြးေကာက္ပြဲ ေကာ္မရွင္က လက္ေတြ႕ ျပဳလုပ္ေပးရန္ ေႏွာင့္ေႏွးေနေၾကာင္းလည္း ေဝဖန္ၾကသည္။

တစ္ခ်ိန္တည္းတြင္ပင္ မာဒူ႐ိုကို ေထာက္ခံသူမ်ားကလည္း အင္အားႀကီးမားစြာ စု႐ံုးခဲ့ၾကၿပီး သမၼတကို လိုလားေၾကာင္း ဆႏၵျပၾကသည္။ ၎တို႔က အတိုက္အခံမ်ားသည္ အာဏာသိမ္းရန္ အားထုတ္ေနၾကျခင္းဟု စြပ္စြဲခဲ့သည္။

အစိုးရက အတိုက္အခံ ႏုိင္ငံေရး အင္အားစုမ်ားသည္ လူ ၁ သန္းမွ်ကို စည္း႐ံုးဆႏၵျပရန္ ႀကိဳးစားခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ဟု ဆိုသည္။ အာဏာပိုင္မ်ားက အဆိုပါ လုပ္ရပ္သည္ ကရာကက္စ္ကို သိမ္းယူသည့္ အားထုတ္မႈမ်ိဳးဟုလည္း ႐ႈတ္ခ်ခဲ့သည္။

“ဗင္နီဇြဲလား  ျပည္သူေတြ ေအာင္ပြဲခံခဲ့ပါၿပီ။ သူတို႔ (အတိုက္အခံေတြ)က ျပည္သူေတြကို စည္း႐ံုးေနၾကေပမယ့္ ျပည္သူေတြက ဒီကိုေရာက္ေနတယ္။ ကရာကက္စ္မွာ အၾကမ္းဖက္မႈေတြ၊ ေသြးေျမက်မႈေတြ ဖံုးသြားေစမယ့္ အာဏာသိမ္းမႈဆန္ဆန္ အႀကံအစည္ကို ကၽြန္ေတာ္တုိ႔ ေခ်မႈန္းႏုိင္ခဲ့ၿပီ”ဟု သမၼတ မာဒူ႐ိုက ကဆာရက္စ္ ၿမိဳ႕လယ္တြင္ ေထာက္ခံသူမ်ားကို မိန္႔ခြန္းေျပာၾကားခဲ့သည္။

အတိုက္အခံမ်ားကမူ ၎တို႔အေနျဖင့္ လူေပါင္း တစ္သန္းမွ်ကို စု႐ံုးႏိုင္ခဲ့ေၾကာင္း အခိုင္အမာ ဆိုသည္။ “ဗင္နီဇြဲလားဟာ အေျပာင္းအလဲ တစ္ရပ္ကို ဘယ္ေလာက္ေတာင္ လိုလားေနသလဲ ဆိုတာကို ကမာၻသိေအာင္ ကၽြန္ေတာ္တို႔ ျပသခဲ့ၿပီ။ ကၽြန္ေတာ္တုိ႔ မာဒူ႐ိုကို ျဖဳတ္ခ်ပစ္ၾကမယ္”ဟု အတိုက္အခံ ႏုိင္ငံေရးေခါင္းေဆာင္ တစ္ဦးျဖစ္သည့္ ဂ်ီးဆက္စ္ ေတာ္ရယ္လ္ဘာက ေႂကြးေၾကာ္ခဲ့သည္။

အခ်ိဳ႕ေသာ ေနရာမ်ားတြင္ ဆႏၵျပသူမ်ားႏွင့္ ရဲတပ္ဖြဲ႕တို႔ၾကား အေသးစား ပဋိပကၡအခ်ိဳ႕ ရွိခဲ့ေသာ္လည္း စက္တင္ဘာ ၁ ရက္ လူထုစု႐ံုးမႈမ်ားသည္ ၿငိမ္းခ်မ္းစြာ ၿပီးဆံုးခဲ့ေၾကာင္း အာဏာပိုင္မ်ားက အတည္ျပဳခဲ့သည္။ အတိုက္အခံမ်ားက ယခုဆႏၵျပမႈမ်ားသည္ ေရြးေကာက္ပြဲ ေကာ္မရွင္ကို ဖိအားေပးႏုိင္ခဲ့ၿပီး အေျခခံ ဥပေဒ ျပင္ဆင္ေရး လူထုဆႏၵခံယူပြဲ တစ္ရပ္ အလ်င္အျမန္ အေကာင္အထည္ ေဖာ္လာႏုိင္မည္ဟု ေမွ်ာ္လင့္ေနေၾကာင္းလည္း သိရွိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Wall Street Journal

#Unicode Version
 ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော် ကရာကက်စ်တွင် အစိုးရ ထောက်ခံသူနှင့် ဆန့်ကျင်သူများ အရေအတွက် သိန်းနှင့်ချီ အပြိုင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အတိုက်အခံ အင်အားစုများသည် ၂ နှစ်တာအတွင်း အင်အားအကြီးဆုံး စုရုံးခဲ့ပြီး သမ္မတ နစ်ကိုလက်စ် မာဒူရို ရာထူးမှ နုတ်ထွက်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ ၎င်းတို့က ဗင်နီဇွဲလား၏ စီးပွားရေး အကျပ်အတည်းများအတွက် သမ္မတတွင် တိုက်ရိုက် တာဝန်ရှိကြောင်း စွပ်စွဲခဲ့ကြသည်။ ထို့အပြင် မာဒူရို၏ အာဏာသက်တမ်းကို လျှော့ချရန် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လူထုဆန္ဒခံယူပွဲ တစ်ရပ်ကို ရွေးကောက်ပွဲ ကော်မရှင်က လက်တွေ့ ပြုလုပ်ပေးရန် နှောင့်နှေးနေကြောင်းလည်း ဝေဖန်ကြသည်။

တစ်ချိန်တည်းတွင်ပင် မာဒူရိုကို ထောက်ခံသူများကလည်း အင်အားကြီးမားစွာ စုရုံးခဲ့ကြပြီး သမ္မတကို လိုလားကြောင်း ဆန္ဒပြကြသည်။ ၎င်းတို့က အတိုက်အခံများသည် အာဏာသိမ်းရန် အားထုတ်နေကြခြင်းဟု စွပ်စွဲခဲ့သည်။

အစိုးရက အတိုက်အခံ နိုင်ငံရေး အင်အားစုများသည် လူ ၁ သန်းမျှကို စည်းရုံးဆန္ဒပြရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဟု ဆိုသည်။ အာဏာပိုင်များက အဆိုပါ လုပ်ရပ်သည် ကရာကက်စ်ကို သိမ်းယူသည့် အားထုတ်မှုမျိုးဟုလည်း ရှုတ်ချခဲ့သည်။

“ဗင်နီဇွဲလား  ပြည်သူတွေ အောင်ပွဲခံခဲ့ပါပြီ။ သူတို့ (အတိုက်အခံတွေ)က ပြည်သူတွေကို စည်းရုံးနေကြပေမယ့် ပြည်သူတွေက ဒီကိုရောက်နေတယ်။ ကရာကက်စ်မှာ အကြမ်းဖက်မှုတွေ၊ သွေးမြေကျမှုတွေ ဖုံးသွားစေမယ့် အာဏာသိမ်းမှုဆန်ဆန် အကြံအစည်ကို ကျွန်တော်တို့ ချေမှုန်းနိုင်ခဲ့ပြီ”ဟု သမ္မတ မာဒူရိုက ကဆာရက်စ် မြို့လယ်တွင် ထောက်ခံသူများကို မိန့်ခွန်းပြောကြားခဲ့သည်။

အတိုက်အခံများကမူ ၎င်းတို့အနေဖြင့် လူပေါင်း တစ်သန်းမျှကို စုရုံးနိုင်ခဲ့ကြောင်း အခိုင်အမာ ဆိုသည်။ “ဗင်နီဇွဲလားဟာ အပြောင်းအလဲ တစ်ရပ်ကို ဘယ်လောက်တောင် လိုလားနေသလဲ ဆိုတာကို ကမ္ဘာသိအောင် ကျွန်တော်တို့ ပြသခဲ့ပြီ။ ကျွန်တော်တို့ မာဒူရိုကို ဖြုတ်ချပစ်ကြမယ်”ဟု အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် တစ်ဦးဖြစ်သည့် ဂျီးဆက်စ် တော်ရယ်လ်ဘာက ကြွေးကြော်ခဲ့သည်။

အချို့သော နေရာများတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ကြား အသေးစား ပဋိပက္ခအချို့ ရှိခဲ့သော်လည်း စက်တင်ဘာ ၁ ရက် လူထုစုရုံးမှုများသည် ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။ အတိုက်အခံများက ယခုဆန္ဒပြမှုများသည် ရွေးကောက်ပွဲ ကော်မရှင်ကို ဖိအားပေးနိုင်ခဲ့ပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲ တစ်ရပ် အလျင်အမြန် အကောင်အထည် ဖော်လာနိုင်မည်ဟု မျှော်လင့်နေကြောင်းလည်း သိရှိရသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:Wall Street Journal
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top