Property Expo
×

သားသမီးေတြကို ပိုၿပီးထက္ထက္ျမက္ျမက္ျဖစ္ေစခ်င္တဲ့ လင္မယားႏွစ္ဦးဟာ သားျဖစ္သူ ႏွစ္ဦးကို ေက်ာင္းထားရမယ့္အ႐ြယ္မွာ  ေက်ာင္းမထားပဲ ကမၻာပတ္ၿပီး ခရီးထြက္ေစခဲ့ပါတယ္။

သူတို႔စံုတြဲဟာလည္း ခရီးထြက္ရင္း ေတြ႔ဆံုဖူးစာပါခဲ့ၾကတာျဖစ္ၿပီး ၂၀၀၃ ခုႏွစ္မွာ ေတြ႔ဆံုခဲ့ၾကတာပါ။ အဲဒီေနာက္ ဆြီဒင္မွာ အေျခခ်ေနထိုင္ခဲ့ၾကပါတယ္။ သားႏွစ္ဦးေမြးဖြားထားၿပီးေနာက္ သားႀကီးျဖစ္သူ အသက္ ၆ ႏွစ္အ႐ြယ္ ဝင္စတန္အတြက္ ေက်ာင္းထားရမယ့္ အ႐ြယ္ေရာက္လာခ်ိန္မွာ ဒီလိုဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။ မစၥကင္းနဲ႔ မစၥတာကင္းတို႔ ဇနီးေမာင္ႏွံဟာ သားကိုေက်ာင္းထားဖို႔ ေက်ာင္းေပါင္း ၂၀ ေလာက္လိုက္လံစံုစမ္းခဲ့ေပမယ့္ စိတ္ႀကိဳက္မျဖစ္ခဲ့ပါဘူး။

အဲဒါေၾကာင့္ ေနထိုင္တဲ့အိမ္ကို စတာလင္ေပါင္ ႏွစ္သိန္းရွစ္ေသာင္းေလာက္ ပမာဏနဲ႔ ညီမွ်တဲ့ေငြနဲ႔ ေရာင္းခ်ခဲ့ပါတယ္။ ၿပီးေတာ့ မိသားစုေလးဦး ကမၻာပတ္ေနၾကတာပါ။အခုထိေတာ့ သူတို႔မိသားစုကမၻာပတ္တာ ရပ္ဖို႔အစီအစဥ္မ ရွိေသးဘူးလို႔ဆိုပါတယ္။ စပိန္၊ အီဂ်စ္၊ ထိုင္း၊ အေမရိက၊ အီတလီ၊ အင္ဒိုနီးရွား၊ ေမာ္ဒိုက္ဗ္ စတဲ့ေနရာေတြအပါအဝင္ ၁၅ ႏိုင္ငံေလာက္ ေရာက္ၿပီးၿပီလို႔ သိရပါတယ္။

အခုထိေတာ့ သူတို႔သားႏွစ္ဦးဟာ ကမၻာပတ္ေနတဲ့ အေတြ႔အႀကံဳေၾကာင့္ အသက္အ႐ြယ္တူ အျခားကေလးေတြထက္စာရင္ ပိုၿပီးထက္ျမက္တယ္လို႔ ကင္းတို႔ ဇနီးေမာင္ႏွံက ယံုၾကည္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

သားသမီးတွေကို ပိုပြီးထက်ထက်မြက်မြက်ဖြစ်စေချင်တဲ့ လင်မယားနှစ်ဦးဟာ သားဖြစ်သူ နှစ်ဦးကို ကျောင်းထားရမယ့်အရွယ်မှာ  ကျောင်းမထားပဲ ကမ္ဘာပတ်ပြီး ခရီးထွက်စေခဲ့ပါတယ်။

သူတို့စုံတွဲဟာလည်း ခရီးထွက်ရင်း တွေ့ဆုံဖူးစာပါခဲ့ကြတာဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ တွေ့ဆုံခဲ့ကြတာပါ။ အဲဒီနောက် ဆွီဒင်မှာ အခြေချနေထိုင်ခဲ့ကြပါတယ်။ သားနှစ်ဦးမွေးဖွားထားပြီးနောက် သားကြီးဖြစ်သူ အသက် ၆ နှစ်အရွယ် ဝင်စတန်အတွက် ကျောင်းထားရမယ့် အရွယ်ရောက်လာချိန်မှာ ဒီလိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မစ္စကင်းနဲ့ မစ္စတာကင်းတို့ ဇနီးမောင်နှံဟာ သားကိုကျောင်းထားဖို့ ကျောင်းပေါင်း ၂၀ လောက်လိုက်လံစုံစမ်းခဲ့ပေမယ့် စိတ်ကြိုက်မဖြစ်ခဲ့ပါဘူး။

အဲဒါကြောင့် နေထိုင်တဲ့အိမ်ကို စတာလင်ပေါင် နှစ်သိန်းရှစ်သောင်းလောက် ပမာဏနဲ့ ညီမျှတဲ့ငွေနဲ့ ရောင်းချခဲ့ပါတယ်။ ပြီးတော့ မိသားစုလေးဦး ကမ္ဘာပတ်နေကြတာပါ။အခုထိတော့ သူတို့မိသားစုကမ္ဘာပတ်တာ ရပ်ဖို့အစီအစဉ်မ ရှိသေးဘူးလို့ဆိုပါတယ်။ စပိန်၊ အီဂျစ်၊ ထိုင်း၊ အမေရိက၊ အီတလီ၊ အင်ဒိုနီးရှား၊ မော်ဒိုက်ဗ် စတဲ့နေရာတွေအပါအဝင် ၁၅ နိုင်ငံလောက် ရောက်ပြီးပြီလို့ သိရပါတယ်။

အခုထိတော့ သူတို့သားနှစ်ဦးဟာ ကမ္ဘာပတ်နေတဲ့ အတွေ့အကြုံကြောင့် အသက်အရွယ်တူ အခြားကလေးတွေထက်စာရင် ပိုပြီးထက်မြက်တယ်လို့ ကင်းတို့ ဇနီးမောင်နှံက ယုံကြည်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top