Property Expo
×

    မႏၲေလးၿမိဳ႕ ဘူတာတစ္ခုတြင္ ရပ္နားထားေသာ ရထားတစ္စီးႏွင့္ခရီးသြားမ်ား (ဓာတ္ပုံ-ေအအက္ဖ္ပီ)

ရန္ကုန္-မႏၲေလးရ ထားခရီးစဥ္မ်ားအတြက္ လက္ မွတ္ဝယ္ယူလိုသူမ်ား ၎တို႔ႏွင့္ အနီးစပ္ဆံုးေနရာမ်ားတြင္ အလြယ္တကူ သြားေရာက္ဝယ္ယူ ႏုိင္ေစရန္ ရထားလက္မွတ္ေရာင္း ခ်ေပးသည့္ ေနရာသစ္မ်ားကို မႏၲေလးၿမိဳ႕ရွိ ၿမိဳ႕တြင္းဘူတာ ေလးခုခန္႔၌  တိုးခ်ဲ႕ကာ ေရာင္းခ်ေပးသြားမည္ဟု ျမန္မာ့မီးရထား လုပ္ငန္း(မႏၲေလး)မွ သတင္းရရွိ သည္။

‘‘လက္ရွိမွာ ရထားလက္မွတ္ဝယ္ခ်င္ရင္ မႏၲေလးဘူတာႀကီးကို ပဲ လာဝယ္ရပါတယ္။ ေနာက္ပိုင္း မွာ ခရီးသည္ေတြ အဆင္ေျပေစ ဖို႔အတြက္ မႏၲေလးက ၿမိဳ႕တြင္းဘူ တာေလးခုေလာက္မွာပါ ရန္ကုန္ -မႏၲေလးခရီးစဥ္အတြက္ ရထား လက္မွတ္ေရာင္းခ်ေပးတဲ့ ေနရာ ေတြတိုးခ်ဲ႕ဖြင့္လွစ္သြားဖို႔ စီစဥ္ေန တာျဖစ္ပါတယ္’’ဟု ျမန္မာ့မီးရ ထားလုပ္ငန္း(မႏၲေလး)မွ လက္ ေထာက္အေထြေထြမန္ေနဂ်ာ ဦး တင့္ေဝက ေျပာသည္။

ရန္ကုန္-မႏၲေလးခရီးစဥ္အ တြက္ ရထားလက္မွတ္မ်ားတိုးခ်ဲ႕ ေရာင္းခ်ျခင္းကို ကနဦးအဆင့္ အေနျဖင့္ ႐ိုး႐ိုးတန္းမ်ားအတြက္ သာ ေရာင္းခ်ေပးမည္ ျဖစ္ၿပီး မႏၲေလးၿမိဳ႕တြင္း ဘူတာမ်ားျဖစ္ သည့္ အမရပူရ၊ သရဲေစ်း၊ သိုးၿခံႏွင့္ ၿမိဳ႕ေဟာင္းဘူတာတို႔တြင္ ေဆာင္ရြက္ရန္ လ်ာထားေၾကာင္း သိရသည္။

‘‘ရန္ကုန္-မႏၲေလးခရီးစဥ္ မွာ ႐ိုး႐ိုးတန္းက လူစီးအမ်ားဆံုး ျဖစ္တဲ့အတြက္ အဲဒါကို အရင္ဆံုး စမ္းသပ္တဲ့အေနနဲ႔ တိုးခ်ဲ႕ၿပီး ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ ရထားလက္မွတ္တုိးခ်ဲ႕ၿပီး ေရာင္း  ခ်သြားမယ့္ေနရာေတြကို အတည္ ျပဳႏိုင္ဖို႔ တင္ျပထားပါတယ္’’ဟု ဦးတင့္ေဝက ေျပာသည္။

လက္ရွိတြင္ ရန္ကုန္-မႏၲ ေလးခရီးစဥ္အား တစ္ရက္လွ်င္ အစံု-အဆန္ရထားေျခာက္စီးျဖင့္ ေျပးဆြဲေနၿပီး ေန႔စဥ္ လူႏွစ္ ေထာင္ခန္႔ လုိက္ပါစီးနင္းလ်က္ရွိ ေၾကာင္း ျမန္မာ့မီးရထားလုပ္ငန္း (မႏၲေလး)မွ သတင္းရရွိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
မန္တလေးမြို့ ဘူတာတစ်ခုတွင် ရပ်နားထားသော ရထားတစ်စီးနှင့်ခရီးသွားများ (ဓာတ်ပုံ-အေအက်ဖ်ပီ)

ရန်ကုန်-မန္တလေးရ ထားခရီးစဉ်များအတွက် လက် မှတ်ဝယ်ယူလိုသူများ ၎င်းတို့နှင့် အနီးစပ်ဆုံးနေရာများတွင် အလွယ်တကူ သွားရောက်ဝယ်ယူ နိုင်စေရန် ရထားလက်မှတ်ရောင်း ချပေးသည့် နေရာသစ်များကို မန္တလေးမြို့ရှိ မြို့တွင်းဘူတာ လေးခုခန့်၌  တိုးချဲ့ကာ ရောင်းချပေးသွားမည်ဟု မြန်မာ့မီးရထား လုပ်ငန်း(မန္တလေး)မှ သတင်းရရှိ သည်။

‘‘လက်ရှိမှာ ရထားလက်မှတ်ဝယ်ချင်ရင် မန္တလေးဘူတာကြီးကို ပဲ လာဝယ်ရပါတယ်။ နောက်ပိုင်း မှာ ခရီးသည်တွေ အဆင်ပြေစေ ဖို့အတွက် မန္တလေးက မြို့တွင်းဘူ တာလေးခုလောက်မှာပါ ရန်ကုန် -မန္တလေးခရီးစဉ်အတွက် ရထား လက်မှတ်ရောင်းချပေးတဲ့ နေရာ တွေတိုးချဲ့ဖွင့်လှစ်သွားဖို့ စီစဉ်နေ တာဖြစ်ပါတယ်’’ဟု မြန်မာ့မီးရ ထားလုပ်ငန်း(မန္တလေး)မှ လက် ထောက်အထွေထွေမန်နေဂျာ ဦး တင့်ဝေက ပြောသည်။

ရန်ကုန်-မန္တလေးခရီးစဉ်အ တွက် ရထားလက်မှတ်များတိုးချဲ့ ရောင်းချခြင်းကို ကနဦးအဆင့် အနေဖြင့် ရိုးရိုးတန်းများအတွက် သာ ရောင်းချပေးမည် ဖြစ်ပြီး မန္တလေးမြို့တွင်း ဘူတာများဖြစ် သည့် အမရပူရ၊ သရဲဈေး၊ သိုးခြံနှင့် မြို့ဟောင်းဘူတာတို့တွင် ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

‘‘ရန်ကုန်-မန္တလေးခရီးစဉ် မှာ ရိုးရိုးတန်းက လူစီးအများဆုံး ဖြစ်တဲ့အတွက် အဲဒါကို အရင်ဆုံး စမ်းသပ်တဲ့အနေနဲ့ တိုးချဲ့ပြီး ရောင်းချပေးမှာ ဖြစ်ပါတယ်။ ရထားလက်မှတ်တိုးချဲ့ပြီး ရောင်း  ချသွားမယ့်နေရာတွေကို အတည် ပြုနိုင်ဖို့ တင်ပြထားပါတယ်’’ဟု ဦးတင့်ဝေက ပြောသည်။

လက်ရှိတွင် ရန်ကုန်-မန္တ လေးခရီးစဉ်အား တစ်ရက်လျှင် အစုံ-အဆန်ရထားခြောက်စီးဖြင့် ပြေးဆွဲနေပြီး နေ့စဉ် လူနှစ် ထောင်ခန့် လိုက်ပါစီးနင်းလျက်ရှိ ကြောင်း မြန်မာ့မီးရထားလုပ်ငန်း (မန္တလေး)မှ သတင်းရရှိသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top