Property Expo
×

ယေန႕စက္တင္ဘာ၁၈ရက္ေန ့နံနက္ ၁၁ နာရီခန္႔က လားရႈိးျမိဳ႕ ရပ္ကြက္ ၃ ၾကာနီလမ္းရွိ အိမ္တစ္လုံး တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း လားရွိဳးၿမိဳ႕ခံတစ္ဦးက ယေန႕ေန႕လယ္ပိုင္းတြင္AHN သုိ႔ေျပာသည္။

" လားရႈိးျမိဳ႕ ရပ္ကြက္ ၃ ၾကာနီလမ္း ေအာင္တာယာဆိုင္အနီး ပစၥည္းသိုေလွာင္ရုံ အိမ္ကေန မီးစတင္ေလာင္းကြ်မ္းတာပါ။ ပ်ဥ္ေထာင္အိမ္ျဖစ္ေနေတာ့ ပိုဆိုးတာေပါ့ ။မီးသတ္က အျမန္ေရာက္လာလို ့ေတာ္ေသးတယ္။


မီးသတ္တပ္ဖြဲ႕၀င္ေတြ ၀ုိင္းဝန္းမီးျငိမ္းသတ္တာေၾကာင့္ ၁၅မိနစ္အတြင္းျငိမ္းသတ္နိုင္ခဲ့ျပီး ေဘးအိမ္ေတြကို မီးကူစက္ေလာင္ကြ်မ္းမႈ မျဖစ္ခ့ဲပါဘူး။ မီးေလာင္မႈေၾကာင့္ ထိခိုက္ေသဆံုးတယ္လုိ႔လည္း မၾကားမိပါဘူး “ ဟု ၄င္းကေျပာသည္။

မီးေလာင္ကြ်မ္းရသည့္အေၾကာင္းအရင္းႏွင့္ ဆံုးရွံဳးမႈတန္ဖုိးကုိ သက္ဆုိင္ရာက ထုတ္ျပန္မႈမရွိေသးေၾကာင္း မီးေလာင္သည့္ေနရာသုိ႔သြားေရာက္သတင္းရယူခဲ့သည့္ AHN သတင္းေထာက္ကသတင္းေပးပုိ႔သည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Asia Heart News

#Unicode Version
ယနေ့စက်တင်ဘာ၁၈ရက်နေ့နံနက် ၁၁ နာရီခန့်က လားရှိုးမြို့ ရပ်ကွက် ၃ ကြာနီလမ်းရှိ အိမ်တစ်လုံး တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့ခံတစ်ဦးက ယနေ့နေ့လယ်ပိုင်းတွင်AHN သို့ပြောသည်။

" လားရှိုးမြို့ ရပ်ကွက် ၃ ကြာနီလမ်း အောင်တာယာဆိုင်အနီး ပစ္စည်းသိုလှောင်ရုံ အိမ်ကနေ မီးစတင်လောင်းကျွမ်းတာပါ။ ပျဉ်ထောင်အိမ်ဖြစ်နေတော့ ပိုဆိုးတာပေါ့ ။မီးသတ်က အမြန်ရောက်လာလို့တော်သေးတယ်။


မီးသတ်တပ်ဖွဲ့ဝင်တွေ ဝိုင်းဝန်းမီးငြိမ်းသတ်တာကြောင့် ၁၅မိနစ်အတွင်းငြိမ်းသတ်နိုင်ခဲ့ပြီး ဘေးအိမ်တွေကို မီးကူစက်လောင်ကျွမ်းမှု မဖြစ်ခဲ့ပါဘူး။ မီးလောင်မှုကြောင့် ထိခိုက်သေဆုံးတယ်လို့လည်း မကြားမိပါဘူး “ ဟု ၎င်းကပြောသည်။

မီးလောင်ကျွမ်းရသည့်အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက ထုတ်ပြန်မှုမရှိသေးကြောင်း မီးလောင်သည့်နေရာသို့သွားရောက်သတင်းရယူခဲ့သည့် AHN သတင်းထောက်ကသတင်းပေးပို့သည်။



 ဖိုးသူတော် (www.phothutaw.com)
Credit:The Asia Heart News 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top