Property Expo
×






Credit: 7Day Daily

Unicode Version

 တောင်ကိုရီးယားအဆို တော် လီဟိုရီနှင့် ခင်ပွန်းလီဆန်း ဆွန်တို့သည် မင်္ဂလာပွဲနှစ်ပတ် လည်ဓာတ်ပုံများဖြင့် အိမ်ထောင် သက် သုံးနှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်ခဲ့ကြသည်။

လီဟိုရီ၏ အစ်မတစ်ဦးဖြစ် သည့် လီယူရီက ပျော်ရွှင်နေသော ဇနီးမောင်နှံဓာတ်ပုံများကို စက် တင်ဘာ ၂ရက်တွင် Instagram စာမျက်နှာ၌ ဖော်ပြခဲ့သည်။ ဓာတ်ပုံများတွင် လက်တွဲ၍ ပြုံးရွှင်နေ သော လီဟိုရီတို့ ဇနီးမောင်နှံကို တွေ့ရသည်။

‘‘ညီမလေး လီဟိုရီတို့ မင်္ဂလာ သက်တမ်း သုံးနှစ်ပြည့်သွားပြီ။ ညီမလေးတို့တွေ ဂျူဂျယ်ကျွန်းကို ပြောင်းသွားပြီးတဲ့နောက်မှာ မင်း ရဲ့မျက်နှာလေးမှာ ပိုပြီးစိတ်ချမ်း သာလာတဲ့ပုံလေး တွေ့ရတယ်။ မင်းရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ မှာ ရိုက်တဲ့ ဒီဓာတ်ပုံလေးတွေကို ကြည့်မိတိုင်း အစ်မပြုံးမိတယ်’’ဟု လီယူရီက ရေးသားခဲ့သည်။

ကေပေါ့ပ်ဘုရင်မဟု နာမည် ကျော်ကြားသော လီဟိုရီသည် ၂၀၁၃ စက်တင်ဘာ ၁ရက်တွင် တေးဂီတပညာရှင် လီဆန်းဆွန် နှင့် လက်ထပ်ခဲ့ပြီးနောက် ဂျူ ဂျယ်ကျွန်း၌ အခြေချနေထိုင် လျက်ရှိသည်။

လီဟိုရီသည် အိမ်ထောင်ပြု ပြီးနောက် ၎င်း၏ ဦးစားပေး အရာများကို ပြောင်းလဲ၍ ဖျော်ဖြေရေး လောကမှ ယာယီအနားယူရန် ဆုံးဖြတ်သည်အထိဖြစ်ခဲ့သည်။ လီဟိုရီသည် ဖျော်ဖြေရေးလော ကမှ ၂ နှစ်ခန့် အနားယူမည်ဟု ၎င်း၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြီးခဲ့သည့် အောက်တိုဘာတွင် ကြေညာခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top