Property Expo
×

အခ်ိန္ၾကာၾကာ စိတ္ဖိစီးမႈုျဖစ္ျခင္းနဲ႔ မွတ္ဥာဏ္ဆုံးရႈံးျခင္းတုိ႔ၾကား ဆက္စပ္မႈတစ္ခုရိွေၾကာင္း အေမရိကန္သုေတသီမ်ားက ရွာေဖြေတြ႔ရိွခဲ့ပါတယ္။

စိတ္ဖိစီးမႈ ထပ္ကာထပ္ကာ ျဖစ္သူေတြ မွတ္ဥာဏ္ျပသနာ ရိွၾကတယ္လုိ႔ ေဖာ္ျပထားပါတယ္။ ျပီးတဲ့အျပင္ အခ်ိန္ၾကာျမင့္စြာ စိတ္ဖိစီးမႈခံရျခင္းက လူမႈအေပါင္းအသင္းနဲ႔ ကင္းေဝးမႈ ျဖစ္ေစတတ္ပါတယ္။ ဒီ့ျပင္ အၾကိမ္ၾကိမ္ ခံစားေနရတဲ့ စိတ္ဖိစီးမႈေၾကာင့္ျဖစ္တဲ့ အျပင္ဘက္ ဖိစီးမႈဒဏ္အေပၚ ခုခံအားစနစ္ရဲ႕ တုံ႔ျပန္မႈေၾကာင့္ ခႏၶာကုိယ္ နာက်င္ကိုက္ခဲေရာင္ကုိင္းမႈလည္း ျဖစ္ေစႏုိင္ပါတယ္။

စိတ္ဖိစီးမႈက ထပ္တလဲလဲ ကာလၾကာျမင့္တဲ့ စိတ္ပုိင္းဆုိင္ရာ ထုနက္မႈဒဏ္ ျဖစ္ေစပါတယ္။ ၾကြက္ေတြမွာ
ျပဳလုပ္တဲ့ ေလ့လာမႈမွာ မၾကာခဏ သြားေရာက္ၾကည့္ရႈျပီး က်ဴးေက်ာ္ဝင္ေရာက္ ေနာက္ယွက္ စြက္ဖက္ ပိုခံရတဲ့ ၾကြက္ေတြဟာ စိတ္ဖိစီးမႈ ပိုျဖစ္ေစၾကပါတယ္။ ရန္လုိတဲ့ ေႏွာင့္ယွက္က်ဴးေက်ာ္သူတို႔နဲ႔ အဆက္မျပတ္ ရင္ဆိုၾကံဳေတြ႔တဲ့ ၾကြက္ေတြဟာ ဝကၤပါထဲက ေျပးေပါက္ရိွရာကို ရွာေဖြရန္ အခက္ေတြ႔ေနၾကပါတယ္။ ဒီၾကြက္ေတြဟာ စိတ္ဖိစီးမႈ မျဖစ္မီအခ်ိန္က ယင္းအေပါက္ကို ကြ်မ္းက်င္စြာ သိထားတဲ့ၾကြက္ေတြ ျဖစ္ပါတယ္။

စိတ္ဖိစီးမႈခံရတဲ့ ၾကြက္ေတြ မွတ္ဥာဏ္ခ်ဳိ႕တဲ့ၾကျပီး စိတ္ဖိစီးမႈ မရိွတဲ့ ၾကြက္မ်ားက်ေတာ့ အတိတ္ကိုု မွတ္မိသတိရေနၾကေၾကာင္း အေမရကႏုိင္ငံ Ohio State University က လက္ေထာက္ပါေမာကၡ ဦးစီးသုေတသီ Jonathan Godbout က ေျပာပါတယ္။ ဒီအေသးစိတ္ခြဲျခမ္းေလ့လာမႈက စိတ္ဖိစီးမႈေနာက္ကြယ္က လ်ဳိ႕ဝွက္ခ်က္မ်ားနဲ႔ ရွာေဖြေဖာ္ထုတ္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanamr

#Unicode Version
အချိန်ကြာကြာ စိတ်ဖိစီးမှုုဖြစ်ခြင်းနဲ့ မှတ်ဉာဏ်ဆုံးရှုံးခြင်းတို့ကြား ဆက်စပ်မှုတစ်ခုရှိကြောင်း အမေရကန်သုတေသီများက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

စိတ်ဖိစီးမှု ထပ်ကာထပ်ကာ ဖြစ်သူတွေ မှတ်ဉာဏ်ပြသနာ ရှိကြတယ်လို့ ဖော်ပြထားပါတယ်။ ပြီးတဲ့အပြင် အချိန်ကြာမြင့်စွာ စိတ်ဖိစီးမှုခံရခြင်းက လူမှုအပေါင်းအသင်းနဲ့ ကင်းဝေးမှု ဖြစ်စေတတ်ပါတယ်။ ဒီ့ပြင် အကြိမ်ကြိမ် ခံစားနေရတဲ့ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ အပြင်ဘက် ဖိစီးမှုဒဏ်အပေါ် ခုခံအားစနစ်ရဲ့ တုံ့ပြန်မှုကြောင့် ခန္ဓာကိုယ် နာကျင်ကိုက်ခဲရောင်ကိုင်းမှုလည်း ဖြစ်စေနိုင်ပါတယ်။

စိတ်ဖိစီးမှုက ထပ်တလဲလဲ ကာလကြာမြင့်တဲ့ စိတ်ပိုင်းဆိုင်ရာ ထုနက်မှုဒဏ် ဖြစ်စေပါတယ်။ ကြွက်တွေမှာ
ပြုလုပ်တဲ့ လေ့လာမှုမှာ မကြာခဏ သွားရောက်ကြည့်ရှုပြီး ကျူးကျော်ဝင်ရောက် နောက်ယှက် စွက်ဖက် ပိုခံရတဲ့ ကြွက်တွေဟာ စိတ်ဖိစီးမှု ပိုဖြစ်စေကြပါတယ်။ ရန်လိုတဲ့ နှောင့်ယှက်ကျူးကျော်သူတို့နဲ့ အဆက်မပြတ် ရင်ဆိုကြုံတွေ့တဲ့ ကြွက်တွေဟာ ဝင်္ကပါထဲက ပြေးပေါက်ရှိရာကို ရှာဖွေရန် အခက်တွေ့နေကြပါတယ်။ ဒီကြွက်တွေဟာ စိတ်ဖိစီးမှု မဖြစ်မီအချိန်က ယင်းအပေါက်ကို ကျွမ်းကျင်စွာ သိထားတဲ့ကြွက်တွေ ဖြစ်ပါတယ်။

စိတ်ဖိစီးမှုခံရတဲ့ ကြွက်တွေ မှတ်ဉာဏ်ချို့တဲ့ကြပြီး စိတ်ဖိစီးမှု မရှိတဲ့ ကြွက်များကျတော့ အတိတ်ကိုု မှတ်မိသတိရနေကြကြောင်း အမေရကနိုင်ငံ Ohio State University က လက်ထောက်ပါမောက္ခ ဦးစီးသုတေသီ Jonathan Godbout က ပြောပါတယ်။ ဒီအသေးစိတ်ခွဲခြမ်းလေ့လာမှုက စိတ်ဖိစီးမှုနောက်ကွယ်က လျို့ဝှက်ချက်များနဲ့ ရှာဖွေဖော်ထုတ်ခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanamr
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top