Property Expo
×






#Unicode Version

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တော်က အမျိုးသမီး တစ်ဦးကဆိုရင် ၁၁ နှစ်ကျော်ကြာကာလအတွင်း ပြည်နယ်တစ်ခု တည်းကပဲ အမျိုးသား ၁၀ ဦးနဲ့ လက်ထပ်ပေါင်းသင်းနေထိုင်ခဲ့ကာ တစ်ဦးကိုမှလည်း ကွာရှင်းခွင့်မရှိခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတယ် လို့ သိရပါတယ်။

လီရာနာ ဘာရီရန်တိုလို့ခေါ်တဲ့ အသက် ၃၉ နှစ်အရွယ် အဆိုပါ အမျိုးသမီးက လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်အချိန် သူမအသက် ၂၃ နှစ် အရွယ်ကတည်းက စတင်အိမ်ထောင်ပြုခဲ့ပြီးတော့ သူမ ရဲ့အိမ် ထောင်ဆက်ပေါင်း ၁၀ ဆက် မြောက်အထိကလည်း အရမ်းကိုကာ လတိုအတွင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မိုဟာမက် ဂါဘီလ် ၊ အာမတ် အာလ်၊ ဟာဘီဘာ ရေမန်၊ ဒေးဗစ် ကိုရစ်ဒ်၊ ဒူရန်ဂိုတီပီ၊ အက်လီစန်ဒါ ပါဟာရီလာအူ၊ ဘက်တန်း ဒန်နီ လာဇ်ဒီ၊ ရာရှစ် ရေပူ၊ ကာဟာဘာ ကိုလ်ဘလာဒီဇ်၊ ဆယ်လီကီတာ အစရှိသဖြင့် အမျိုးသားတွေနဲ့ အိမ်ထောင်ရက်သားပြု နေထိုင်ခဲ့ တာဖြစ်ပါတယ်။

အမျိုးသားပေါင်းများစွာကို တစ်ဦးနဲ့မှ ကွာရှင်းခြင်းမပြုပဲ ဆက်လက် ပေါင်းသင်းနေထိုင်တဲ့အမှုနဲ့ လိမ်ညာလက်ထပ်ထိမ်းမြားခြင်း ဥပဒေ အရ တရားစွဲဆိုခြင်းခံရတာပဲ ဖြစ်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top