Kantharyar Centre
×

လိုအပ္လာေသာ အေျခအေနတစ္ရပ္တြင္ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ံဳအန္းကို လုပ္ႀကံရန္ အသင့္စီစဉ္ထားေၾကာင္း ေတာင္ကိုရီးယား အစိုးရက အတည္ျပဳခဲ့သည္။
အကယ္၍ မိမိတို႔ ႏုိင္ငံ၏ လံုၿခံဳေရးကို ေျမာက္ကိုရီးယား ႏ်ဴကလီးယား လက္နက္မ်ားက အမွန္တကယ္ ၿခိမ္းေျခာက္ ထိပါးလာၿပီဟု ခံစားရပါက ကင္မ္ကို လုပ္ႀကံရန္ ႀကိဳတင္ျပင္ဆင္ ေလ့က်င့္ထားသည့္ အထူးတပ္ဖြဲ႕မ်ားကို အသံုးျပဳသြားမည္ဟု ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးက ေျပာၾကားခဲ့သည္။

ယခုသီတင္းပတ္အတြင္း ေတာင္ကိုရီးယား လႊတ္ေတာ္ အစည္းအေဝးတြင္ အမတ္တစ္ဦးက မိမိတုိ႔အေနျဖင့္ ကင္မ္ကို လုပ္ႀကံႏိုင္ေလာက္ေသာ အစီအမံ ရွိမရွိ ေမးျမန္းခဲ့ရာ ကာကြယ္ေရးဝန္ႀကီး ဟန္မင္ကူးက “ဟုတ္ကဲ့ ကၽြန္ေတာ္တို႔မွာ အဲဒီလို အစီအစဉ္ ရွိထားၿပီးသားပါ။ ေတာင္ကိုရီးယား အစိုးရဟာ ရန္သူႏုိင္ငံရဲ႕ အဓိက လက္နက္စြမ္းရည္နဲ႔ ေခါင္းေဆာင္ပိုင္းကို ၿဖိဳခ်ပစ္ဖို႔ ႀကိဳတင္ေတြးေခၚမႈေရာ၊ အစီအစဉ္ေတြပါ ရွိေနၿပီးသား ျဖစ္ပါတယ္”ဟု ေျဖၾကားသြားသည္။

ကင္မ္ကို လုပ္ႀကံရန္ ေတာင္ကိုရီးယား အစိုးရအေနျဖင့္ စဉ္းစား ႀကံစည္ထားေၾကာင္း စြပ္စြဲမႈမ်ား ရွိခဲ့ေသာ္လည္း ယခုအခါ ကာကြယ္ေရး ဝန္ႀကီးကိုယ္တုိင္က ပြင့္ပြင့္လင္းလင္း ထုတ္ေျပာလာသည္မွာ အံ့ဩစရာ ျဖစ္ေနသည္။ ေတာင္ႏွင့္ေျမာက္ ကိုရီးယားတို႔သည္ စက္တင္ဘာ ၉ ရက္က ေျမာက္ကိုရီးယား၏ ေနာက္ဆံုးအႀကိမ္ ႏ်ဴကလီးယားလက္နက္ စမ္းသပ္မႈ အၿပီးတြင္ တင္းမာမႈ အျမင့္ဆံုးအဆင့္ ေရာက္လာခဲ့သည္။ ထိုႏွစ္ႏိုင္ငံသည္ ကိုရီးယားကၽြန္းဆြယ္ စစ္ပြဲတြင္ အပစ္အခတ္ ရပ္စဲခဲ့ေသာ္လည္း ၿငိမ္းခ်မ္းေရး စာခ်ဳပ္ ခ်ဳပ္ဆိုထားျခင္း မရွိေသာေၾကာင့္ သီအိုရီအရ စစ္ျဖစ္ေနဆဲဟု ယူဆႏုိင္ေၾကာင္းလည္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7day news

#Unicode Version
လိုအပ်လာသော အခြေအနေတစ်ရပ်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို လုပ်ကြံရန် အသင့်စီစဉ်ထားကြောင်း တောင်ကိုရီးယား အစိုးရက အတည်ပြုခဲ့သည်။
အကယ်၍ မိမိတို့ နိုင်ငံ၏ လုံခြုံရေးကို မြောက်ကိုရီးယား နျူကလီးယား လက်နက်များက အမှန်တကယ် ခြိမ်းခြောက် ထိပါးလာပြီဟု ခံစားရပါက ကင်မ်ကို လုပ်ကြံရန် ကြိုတင်ပြင်ဆင် လေ့ကျင့်ထားသည့် အထူးတပ်ဖွဲ့များကို အသုံးပြုသွားမည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အတွင်း တောင်ကိုရီးယား လွှတ်တော် အစည်းအဝေးတွင် အမတ်တစ်ဦးက မိမိတို့အနေဖြင့် ကင်မ်ကို လုပ်ကြံနိုင်လောက်သော အစီအမံ ရှိမရှိ မေးမြန်းခဲ့ရာ ကာကွယ်ရေးဝန်ကြီး ဟန်မင်ကူးက “ဟုတ်ကဲ့ ကျွန်တော်တို့မှာ အဲဒီလို အစီအစဉ် ရှိထားပြီးသားပါ။ တောင်ကိုရီးယား အစိုးရဟာ ရန်သူနိုင်ငံရဲ့ အဓိက လက်နက်စွမ်းရည်နဲ့ ခေါင်းဆောင်ပိုင်းကို ဖြိုချပစ်ဖို့ ကြိုတင်တွေးခေါ်မှုရော၊ အစီအစဉ်တွေပါ ရှိနေပြီးသား ဖြစ်ပါတယ်”ဟု ဖြေကြားသွားသည်။

ကင်မ်ကို လုပ်ကြံရန် တောင်ကိုရီးယား အစိုးရအနေဖြင့် စဉ်းစား ကြံစည်ထားကြောင်း စွပ်စွဲမှုများ ရှိခဲ့သော်လည်း ယခုအခါ ကာကွယ်ရေး ဝန်ကြီးကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာသည်မှာ အံ့ဩစရာ ဖြစ်နေသည်။ တောင်နှင့်မြောက် ကိုရီးယားတို့သည် စက်တင်ဘာ ၉ ရက်က မြောက်ကိုရီးယား၏ နောက်ဆုံးအကြိမ် နျူကလီးယားလက်နက် စမ်းသပ်မှု အပြီးတွင် တင်းမာမှု အမြင့်ဆုံးအဆင့် ရောက်လာခဲ့သည်။ ထိုနှစ်နိုင်ငံသည် ကိုရီးယားကျွန်းဆွယ် စစ်ပွဲတွင် အပစ်အခတ် ရပ်စဲခဲ့သော်လည်း ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုထားခြင်း မရှိသောကြောင့် သီအိုရီအရ စစ်ဖြစ်နေဆဲဟု ယူဆနိုင်ကြောင်းလည်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7day news
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top