Property Expo
×

          (အေမရိကန္ လႊတ္ေတာ္အေဆာက္အအံုကို ေတြ႔ရစဥ္) Photo: wikipedia

အေမရိကန္ အထက္လႊတ္ေတာ္ အမတ္ေတြျဖစ္ၾကတဲ့ Ben Cardin ဘင္ကာဒင္နဲ႔ John McCain ဂြ်န္မက္ကိန္း တုိ႔က ျမန္မာျပည္ရဲ႕ ႏုိင္ငံေရးျပဳျပင္ေျပာင္းလဲမႈနဲ႔ စီးပြားေရးတုိးတက္မႈေတြကုိ အေထာက္အပံ့ျပဳေရးနဲ႔ တၿပိဳင္နက္မွာ ျမန္မာအမ်ဳိးသား ျပန္လည္ရင္ၾကားေစ့ေရးနဲ႔ ဖြဲ႔စည္းပုံျပင္ဆင္ေရးေတြ ဆက္လက္ျဖစ္ထြန္းေရးအတြက္ ၂ဝ၁၆ ခုႏွစ္ ျမန္မာျပည္ဆုိင္ရာ မဟာဗ်ဴဟာ အက္ဥပေဒကုိ အေမရိကန္ အထက္လႊတ္ေတာ္ ႏုိင္ငံတကာ ဆက္ဆံေရးေကာ္မတီမွာ ဒီကေန႔ တင္သြင္းလုိက္ပါတယ္။

အထက္လႊတ္ေတာ္အမတ္ ကာဒင္က ျမန္မာျပည္ဟာ စစ္အာဏာရွင္ေတြလက္ေအာက္ အေမွာင္ေခတ္ကေန ဒီမုိကေရစီခရီးလမ္းအတြက္ အေရးပါတဲ့ေျခလွမ္းေတြကုိ ခ်မွတ္ေလွ်ာက္လွမ္းခဲ့ၿပီးျဖစ္ေၾကာင္းနဲ႔ မိမိတုိ႔ ဒီကေန႔ အဆုိျပဳခဲ့တဲ့ ဥပေဒဟာ ျမန္မာျပည္တုိးတက္ေရးအတြက္ အေထာက္အကူျပဳဖုိ႔ျဖစ္ေၾကာင္း ေျပာပါတယ္။ တၿပဳိင္နက္မွာပဲ ရုိဟင္ဂ်ာေတြရဲ႕ ပင္ပန္းဆင္းရဲမွဳေတြအပါအဝင္ လူ႔အခြင့္အေရးနဲ႔ ျမန္မာ့ႏုိင္ငံေရးမွာ ပါဝင္ေနတဲ့ တပ္မေတာ္ရဲ႕ အခန္းကဏၰေတြကုိလည္း မိမိတုိ႔ ရွင္းရွင္းလင္းလင္း ရွဳျမင္ပါေၾကာင္း ေျပာၾကားပါတယ္။

အထက္လႊတ္ေတာ္အမတ္ ဂြ်န္မက္ကိန္းကလည္း သူတုိ႔ ဒီကေန႔ တင္သြင္းတဲ့ဥပေဒဟာ ျမန္မာျပည္ ၿငိမ္းခ်မ္းေရး၊ ဒီမုိကေရစီနဲ႔ လူ႔အခြင့္အေရးရရွိေရးတုိ႔အတြက္ အေထာက္အကူျပဳဖုိ႔ျဖစ္ေၾကာင္းနဲ႔ ဒီကိစၥေတြအတြက္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဒီအပတ္အတြင္း ေတြ႔ဆုံတဲ့အခါ တုိင္ပင္ေဆြးေႏြးလုိေၾကာင္း ေျပာပါတယ္။

အဲ့ဒီအထက္လႊတ္ေတာ္အမတ္ ၂ ဦး ဒီကေန႔ ကမကထျပဳတင္သြင္းလုိက္တဲ့ ၂ဝ၁၆ ခုႏွစ္ ျမန္မာျပည္ဆုိင္ရာ မဟာဗ်ဴဟာအက္ဥပေဒမွာ စီးပြားေရးကဏၰဆုိင္ရာအျဖစ္ လူမႈအဖြဲ႔အစည္းေတြကုိ ေထာက္ပံ့ေရး၊ လူသားခ်င္းစာနာမႈ အကူအညီေတြေပးေရး၊ တုိင္းရင္းသားေတြအခ်င္းခ်င္း ရင္ၾကားေစ့ေရးကုိ တုိးတက္ေအာင္ျမွင့္တင္ေပးေရး၊ အက်င့္ပ်က္မႈတုိက္ဖ်က္ေရးအတြက္ ကူညီေရးနဲ႔ ျမန္မာျပည္က စီမံကိန္းေတြမွာ ပြင့္လင္းျမင္သာမွဳနဲ႔ တာဝန္ယူမွဳရွိေအာင္ အကူအညီေပးေရး စတဲ့အခ်က္ေတြပါဝင္ပါတယ္။

အေမရိကန္နဲ႔ ျမန္မာတပ္မေတာ္ အခ်င္းခ်င္း ဆက္ဆံေရးဆုိင္ရာကဏၰမွာေတာ့ ျမန္မာတပ္မေတာ္ကုိ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာပါဝင္ေရး၊ အဂၤလိပ္စာ သင္တန္းေပးေရး၊ အရပ္သားအစုိးရအုပ္ခ်ဳပ္ေရးကုိ အေထာက္အကူျပဳတဲ့ တျခားႏုိင္ငံေတြက တပ္မေတာ္ေတြနဲ႔ ျမန္မာ့တပ္မေတာ္ ေပါင္းကူးေရးေတြ ထည့္သြင္းထားပါတယ္။

ဒါ့အျပင္ အဲ့ဒီအက္ဥပေဒမွာ ပုဂၢလိက စီးပြားေရးကဏၰတုိးတက္ေရးနဲ႔ ပတ္သက္ၿပီး ျမန္မာ-အေမရိကန္ ဖြံ႔ျဖိဳးေရး ရန္ပုံေငြတရပ္ ထူေထာင္ကာ ရင္းႏွီးျမဳွပ္ႏွံမွဳနဲ႔ အလုပ္သမား လယ္သမားေတြကုိ ေထာက္ပံ့ကူညီေရး အခ်က္ေတြပါဝင္သလုိ ပိတ္ဆို႔မႈေတြ ရုပ္သိမ္းေရးနဲ႔ ပတ္သက္လုိ႔ေတာ့ လမ္းညြန္ခ်က္ေတြ အေသအခ်ာခ်မွတ္ျပဌာန္းဖုိ႔ ထည့္သြင္းေရးဆြဲထားပါတယ္။

ဒီကေန႔တင္သြင္းတဲ့ အက္ဥပေဒကုိ တျခားအထက္လႊတ္ေတာ္အမတ္ ၂ ဦးျဖစ္ၾကတဲ့ Dick Durbin ဒစ္ ဒါဘင္နဲ႔ Brian Schatz ဘရုိင္ရန္ ရွတ္ဇ္ တုိ႔ကလည္း ပူးတြဲအဆုိျပဳသူေတြအျဖစ္ လက္မွတ္ေရးထုိးထားပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:RFA Burmese

#Unicode Version
(အမေရိကန် လွှတ်တော်အဆောက်အအုံကို တွေ့ရစဉ်) Photo: wikipedia
အမေရိကန် အထက်လွှတ်တော် အမတ်တွေဖြစ်ကြတဲ့ Ben Cardin ဘင်ကာဒင်နဲ့ John McCain ဂျွန်မက်ကိန်း တို့က မြန်မာပြည်ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ စီးပွားရေးတိုးတက်မှုတွေကို အထောက်အပံ့ပြုရေးနဲ့ တပြိုင်နက်မှာ မြန်မာအမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ ဆက်လက်ဖြစ်ထွန်းရေးအတွက် ၂ဝ၁၆ ခုနှစ် မြန်မာပြည်ဆိုင်ရာ မဟာဗျူဟာ အက်ဥပဒေကို အမေရိကန် အထက်လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီမှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။

အထက်လွှတ်တော်အမတ် ကာဒင်က မြန်မာပြည်ဟာ စစ်အာဏာရှင်တွေလက်အောက် အမှောင်ခေတ်ကနေ ဒီမိုကရေစီခရီးလမ်းအတွက် အရေးပါတဲ့ခြေလှမ်းတွေကို ချမှတ်လျှောက်လှမ်းခဲ့ပြီးဖြစ်ကြောင်းနဲ့ မိမိတို့ ဒီကနေ့ အဆိုပြုခဲ့တဲ့ ဥပဒေဟာ မြန်မာပြည်တိုးတက်ရေးအတွက် အထောက်အကူပြုဖို့ဖြစ်ကြောင်း ပြောပါတယ်။ တပြိုင်နက်မှာပဲ ရိုဟင်ဂျာတွေရဲ့ ပင်ပန်းဆင်းရဲမှုတွေအပါအဝင် လူ့အခွင့်အရေးနဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဏတွေကိုလည်း မိမိတို့ ရှင်းရှင်းလင်းလင်း ရှုမြင်ပါကြောင်း ပြောကြားပါတယ်။

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကလည်း သူတို့ ဒီကနေ့ တင်သွင်းတဲ့ဥပဒေဟာ မြန်မာပြည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိရေးတို့အတွက် အထောက်အကူပြုဖို့ဖြစ်ကြောင်းနဲ့ ဒီကိစ္စတွေအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီအပတ်အတွင်း တွေ့ဆုံတဲ့အခါ တိုင်ပင်ဆွေးနွေးလိုကြောင်း ပြောပါတယ်။

အဲ့ဒီအထက်လွှတ်တော်အမတ် ၂ ဦး ဒီကနေ့ ကမကထပြုတင်သွင်းလိုက်တဲ့ ၂ဝ၁၆ ခုနှစ် မြန်မာပြည်ဆိုင်ရာ မဟာဗျူဟာအက်ဥပဒေမှာ စီးပွားရေးကဏ္ဏဆိုင်ရာအဖြစ် လူမှုအဖွဲ့အစည်းတွေကို ထောက်ပံ့ရေး၊ လူသားချင်းစာနာမှု အကူအညီတွေပေးရေး၊ တိုင်းရင်းသားတွေအချင်းချင်း ရင်ကြားစေ့ရေးကို တိုးတက်အောင်မြှင့်တင်ပေးရေး၊ အကျင့်ပျက်မှုတိုက်ဖျက်ရေးအတွက် ကူညီရေးနဲ့ မြန်မာပြည်က စီမံကိန်းတွေမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုရှိအောင် အကူအညီပေးရေး စတဲ့အချက်တွေပါဝင်ပါတယ်။

အမေရိကန်နဲ့ မြန်မာတပ်မတော် အချင်းချင်း ဆက်ဆံရေးဆိုင်ရာကဏ္ဏမှာတော့ မြန်မာတပ်မတော်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ရေး၊ အင်္ဂလိပ်စာ သင်တန်းပေးရေး၊ အရပ်သားအစိုးရအုပ်ချုပ်ရေးကို အထောက်အကူပြုတဲ့ တခြားနိုင်ငံတွေက တပ်မတော်တွေနဲ့ မြန်မာ့တပ်မတော် ပေါင်းကူးရေးတွေ ထည့်သွင်းထားပါတယ်။

ဒါ့အပြင် အဲ့ဒီအက်ဥပဒေမှာ ပုဂ္ဂလိက စီးပွားရေးကဏ္ဏတိုးတက်ရေးနဲ့ ပတ်သက်ပြီး မြန်မာ-အမေရိကန် ဖွံ့ဖြိုးရေး ရန်ပုံငွေတရပ် ထူထောင်ကာ ရင်းနှီးမြုှပ်နှံမှုနဲ့ အလုပ်သမား လယ်သမားတွေကို ထောက်ပံ့ကူညီရေး အချက်တွေပါဝင်သလို ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေးနဲ့ ပတ်သက်လို့တော့ လမ်းညွန်ချက်တွေ အသေအချာချမှတ်ပြဌာန်းဖို့ ထည့်သွင်းရေးဆွဲထားပါတယ်။

ဒီကနေ့တင်သွင်းတဲ့ အက်ဥပဒေကို တခြားအထက်လွှတ်တော်အမတ် ၂ ဦးဖြစ်ကြတဲ့ Dick Durbin ဒစ် ဒါဘင်နဲ့ Brian Schatz ဘရိုင်ရန် ရှတ်ဇ် တို့ကလည်း ပူးတွဲအဆိုပြုသူတွေအဖြစ် လက်မှတ်ရေးထိုးထားပါတယ်။


 ဖိုးသူတော် (www.phothutaw.com)
Credit:RFA Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top