Property Expo
×

၁ - မလျှော်သင့်


၂ - လှန်းသင့်


၃ - လျှော်မယ်ဆိုရင်


၎ - ရေအေးသုံး


၅ - ဆပ်ပြာမှုန့်


၆ - မီးပူမတိုက်နဲ့


Credit:  Duwun

#Unicode Version

၁ - မလျှော်သင့်

ဝတ်ပြီးတိုင်းမလျှော်သင့်ပါဘူး။ ဝတ်တဲ့ကြိမ်ရေနဲ့ အစွန်းအထင်းပေါ်မူတည်ပြီး တစ်လခြား နှစ်လခြား လျှော်သင့်ပါတယ်။ ဂျင်းဘောင်းဘီလျှော်ရင် အဓိကဂရုစိုက်သင့်တာက အပေအတေ ကိစ္စမဟုတ်ဘဲ လျှော်လိုက်လို့ အရောင်ကျွတ်သွားမယ့်ကိစ္စပါ။

၂ - လှန်းသင့်

ဝတ်ပြီးတိုင်းမလျှော်ဘူးဆိုပေမဲ့ အပြင်ထုတ်ပြီးနေပူပြတာမျိုး လုပ်သင့်ပါတယ်။ ထားမယ်ဆိုရင်လည်း တခြားအဝတ်တွေကြားထဲ ထိုးသိပ်ထားထားမျိုးမလုပ်သင့်ပါဘူး။

၃ - လျှော်မယ်ဆိုရင်

လျှော်မယ်ဆိုရင်လည်း သက်သက်လျှော်ပါ။ တခြားအဝတ်တွေနဲ့ ရောမလျှော်ပါနဲ့။

၄ - ရေအေးသုံး

လျှော်မယ်ဆိုရေအေးကိုသာ သုံးသင့်ပါတယ်။ ရေအေးက အရောင်ကျွတ်ခြင်းကို ထိန်းပေးနိုင်ပါတယ်။

၅ - ဆပ်ပြာမှုန့်

ဆပ်ပြာမှုန့်ကောင်းကောင်းသုံးပါ။ ဆပ်ပြာမှုန့်ကောင်းမှ အရောင်ကျွတ်သက်သာမှာ ဖြစ်ပါတယ်။

၆ - မီးပူမတိုက်နဲ့

ယခင်တုန်းက ဂျင်းဘောင်းဘီကို မီးပူတိုက်ဝတ်စရာမလိုခဲ့ပါဘူး။ ခုနောက်ပိုင်းလာတဲ့ဂျင်းဘောင်းဘီတွေဟာ ချည်သားရောစပ်မှုတွေရှိလာတာကြောင့် မီးပူတိုက်ပြီး ဝတ်လာတာတွေလည်း ရှိပါတယ်။ မိုးတွင်းမှာ အမြန်လိုလို့ စိုစိုစွတ်စွတ်ဖြစ်နေတာကို မီးပူတိုက်ဝတ်တာမျိုးတော့လုံးဝမလုပ်ပါနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit:  Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top