Property Expo
×

အသက္အရြယ္ႀကီးလာသည္ႏွင့္အမွ် ေမ့တတ္လာျခင္းမွာ အိပ္ေရးမ၀ျခင္း၊ စိတ္ဖိစီးျခင္း၊ ကုိယ္လက္လႈပ္ရွားမႈမရိွျခင္း (သို႔) လူေနမႈဘ၀ပံုစံႏွင့္ ပတ္၀န္းက်င္ဆုိင္ရာအေၾကာင္းကိစၥမ်ားေၾကာင့္ ျဖစ္ႏုိင္ေသာ္လည္း အဓိကအေၾကာင္းရင္းမွာ အစားအေသာက္ ေၾကာင့္ ျဖစ္ႏုိင္သည္။

ကမၻာတစ္၀န္း မွတ္ဉာဏ္ဆံုး႐ႈံးမႈႏွင့္ ႀကံဳေတြ႕ရသူ အေရအ တြက္ မ်ားျပားလာျခင္းႏွင့္ပတ္သက္၍ ကမၻာ့က်န္းမာေရးအဖြဲ႕ (WHO)က မၾကာမီက သတိေပးထားသည္။

ကမၻာတစ္၀န္းမွတ္ဉာဏ္ဆံုး႐ႈံးမႈႏွင့္ ရင္ဆုိင္ေနရသူ ၄၇ ဒသမ ၅ သန္းရိွၿပီး ႏွစ္စဥ္ထပ္မံျဖစ္ပြားသူ ၇ ဒသမ ၇ သန္းရိွသည္ဟု WHOက ေျပာသည္။

ထို႔ေၾကာင့္ ဦးေႏွာက္က်န္းမာေရးအတြက္ အားေကာင္းေစႏုိင္ သည့္အစားအစာမ်ားကုိ ေဖာ္ျပေပးလိုက္ပါသည္။

ၾကက္ဥ၊ ဘဲဥတုိ႔အပါအ၀င္ ဥမ်ားတြင္ ခႏၶာကုိယ္အတြက္ အလိုအပ္ဆံုးအာဟာရဓာတ္မ်ား ပါ၀င္ေသာေၾကာင့္ က်န္းမာေရးအက်ိဳး ေက်းဇူးမ်ားစြာ ေပးစြမ္းႏုိင္သည္။ ၾကက္ဥအႏွစ္တြင္ ဦးေႏွာက္အ တြက္ အေရးႀကီးေသာ ဘီတာမင္ဘီဓာတ္ေပါင္းစု ပါ၀င္ေသာ ေၾကာင့္ ေရတုိမွတ္ဉာဏ္လုပ္ေဆာင္ခ်က္အတြက္ အေရးႀကီးေသာ အစားအစာျဖစ္သည္။

ေနၾကာေစ့တြင္ ဗီတာမင္အီး ႂကြယ္၀စြာပါ၀င္ေသာေၾကာင့္ မွတ္ဉာဏ္လုပ္ေဆာင္ခ်က္ေခ်ာေမြ႕ေစရန္ အေရးပါသည္။ ေနၾကာ ေစ့မွ ထုတ္ယူေသာ အဆီကိုလည္း ကမၻာတစ္၀န္း အသံုးျပဳေနၾက သည္။

ငါးတြင္ပါ၀င္ေသာ အဆီမ်ားသည္ အုိမီဂါ-၃ ႂကြယ္၀စြာ ပါ၀င္ေသာေၾကာင့္ ဦးေႏွာက္လုပ္ေဆာင္ခ်က္မ်ားႏွင့္ ဖြံ႕ၿဖိဳးမႈတုိ႔အတြက္ အေရးႀကီးသည္။ ကုိယ္၀န္ေဆာင္ခ်ိန္အတြင္း ငါးစားေပးျခင္းျဖင့္ ကေလးငယ္၏ ဦးေႏွာက္လုပ္ေဆာင္ခ်က္ကုိ တိုးတက္ေစႏုိင္သည္။ ေဆာ္လမြန္ငါးႏွင့္ တူနာငါးတို႔တြင္ အုိမီဂါ-၃ ႂကြယ္၀စြာပါ၀င္သည္။စေတာ္ဘယ္ရီ၊ ဘလက္ဘယ္ရီႏွင့္ ဘလူးဘယ္ရီအသီးမ်ားတြင္ ဓာတ္တုိးဆန္႔က်င္ပစၥည္းမ်ား ႂကြယ္၀စြာပါ၀င္ၿပီး ဦးေႏွာက္က်န္းမာေရးအတြက္ အက်ိဳးရိွသည္။

ေဒါက္ခြရြက္သည္ ခႏၶာကုိယ္တည္ေဆာက္မႈဆုိင္ရာ စြမ္းအင္ ေပးစြမ္းႏုိင္သည့္ အစားအစာတစ္မ်ိဳးျဖစ္ၿပီး စဥ္းစားေတြးေတာမႈ ဆုိင္ရာ ဉာဏ္ရည္ေလ်ာ့ပါးျခင္းကုိ ကာကြယ္ႏုိင္သည္။

ဘီတြတ္ျမစ္တြင္ ဦးေႏွာက္သုိ႔ ေသြးစီးဆင္းမႈကို အားေကာင္း ေစႏုိင္သည့္ ႏုိက္ထရိစ္ဓာတ္ ပါ၀င္ေသာေၾကာင့္ ဦးေႏွာက္လုပ္ ေဆာင္ခ်က္ကို အားေကာင္းလာေစႏုိင္သည္။

ဗာဒံေစ့၊ ေျမပဲစေသာ အေစ့အဆန္မ်ားတြင္ ဗီတာမင္အီး ႂကြယ္၀စြာ ပါ၀င္ေသာေၾကာင့္ ဦးေႏွာက္က်န္းမာေရးအတြက္ စား ေပးသင့္သည္။

သဘာ၀ဆန္၊ ဂ်ံဳ၊ ပဲ၊ ေျပာင္းတုိ႔ စားေပးျခင္းျဖင့္ ခႏၶာကုိယ္အတြက္ ေသြးစီးဆင္းမႈကို အားေကာင္းေစႏုိင္သည္။

အနက္ေရာင္ေခ်ာကလက္စားေပးျခင္းျဖင့္လည္း ခႏၶာကုိယ္ အတြက္ ဓာတ္တုိးဆန္႔က်င္ပစၥည္းမ်ားရရိွႏုိင္မည္ျဖစ္ၿပီး ဦးေႏွာက္ လုပ္ေဆာင္ခ်က္ကုိ အေထာက္အကူျဖစ္ေစႏုိင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

အသက်အရွယ်ကြီးလာသည်နှင့်အမျှ မေ့တတ်လာခြင်းမှာ အိပ်ရေးမဝခြင်း၊ စိတ်ဖိစီးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း (သို့) လူနေမှုဘဝပုံစံနှင့် ပတ်ဝန်းကျင်ဆိုင်ရာအကြောင်းကိစ္စများကြောင့် ဖြစ်နိုင်သော်လည်း အဓိကအကြောင်းရင်းမှာ အစားအသောက် ကြောင့် ဖြစ်နိုင်သည်။

ကမ္ဘာတစ်ဝန်း မှတ်ဉာဏ်ဆုံးရှုံးမှုနှင့် ကြုံတွေ့ရသူ အရေအ တွက် များပြားလာခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က မကြာမီက သတိပေးထားသည်။

ကမ္ဘာတစ်ဝန်းမှတ်ဉာဏ်ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရသူ ၄၇ ဒသမ ၅ သန်းရှိပြီး နှစ်စဉ်ထပ်မံဖြစ်ပွားသူ ၇ ဒသမ ၇ သန်းရှိသည်ဟု WHOက ပြောသည်။

ထို့ကြောင့် ဦးနှောက်ကျန်းမာရေးအတွက် အားကောင်းစေနိုင် သည့်အစားအစာများကို ဖော်ပြပေးလိုက်ပါသည်။

ကြက်ဥ၊ ဘဲဥတို့အပါအဝင် ဥများတွင် ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံးအာဟာရဓာတ်များ ပါဝင်သောကြောင့် ကျန်းမာရေးအကျိုး ကျေးဇူးများစွာ ပေးစွမ်းနိုင်သည်။ ကြက်ဥအနှစ်တွင် ဦးနှောက်အ တွက် အရေးကြီးသော ဘီတာမင်ဘီဓာတ်ပေါင်းစု ပါဝင်သော ကြောင့် ရေတိုမှတ်ဉာဏ်လုပ်ဆောင်ချက်အတွက် အရေးကြီးသော အစားအစာဖြစ်သည်။

နေကြာစေ့တွင် ဗီတာမင်အီး ကြွယ်ဝစွာပါဝင်သောကြောင့် မှတ်ဉာဏ်လုပ်ဆောင်ချက်ချောမွေ့စေရန် အရေးပါသည်။ နေကြာ စေ့မှ ထုတ်ယူသော အဆီကိုလည်း ကမ္ဘာတစ်ဝန်း အသုံးပြုနေကြ သည်။

ငါးတွင်ပါဝင်သော အဆီများသည် အိုမီဂါ-၃ ကြွယ်ဝစွာ ပါဝင်သောကြောင့် ဦးနှောက်လုပ်ဆောင်ချက်များနှင့် ဖွံ့ဖြိုးမှုတို့အတွက် အရေးကြီးသည်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း ငါးစားပေးခြင်းဖြင့် ကလေးငယ်၏ ဦးနှောက်လုပ်ဆောင်ချက်ကို တိုးတက်စေနိုင်သည်။ ဆော်လမွန်ငါးနှင့် တူနာငါးတို့တွင် အိုမီဂါ-၃ ကြွယ်ဝစွာပါဝင်သည်။စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီနှင့် ဘလူးဘယ်ရီအသီးများတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ပြီး ဦးနှောက်ကျန်းမာရေးအတွက် အကျိုးရှိသည်။

ဒေါက်ခွရွက်သည် ခန္ဓာကိုယ်တည်ဆောက်မှုဆိုင်ရာ စွမ်းအင် ပေးစွမ်းနိုင်သည့် အစားအစာတစ်မျိုးဖြစ်ပြီး စဉ်းစားတွေးတောမှု ဆိုင်ရာ ဉာဏ်ရည်လျော့ပါးခြင်းကို ကာကွယ်နိုင်သည်။

ဘီတွတ်မြစ်တွင် ဦးနှောက်သို့ သွေးစီးဆင်းမှုကို အားကောင်း စေနိုင်သည့် နိုက်ထရိစ်ဓာတ် ပါဝင်သောကြောင့် ဦးနှောက်လုပ် ဆောင်ချက်ကို အားကောင်းလာစေနိုင်သည်။

ဗာဒံစေ့၊ မြေပဲစသော အစေ့အဆန်များတွင် ဗီတာမင်အီး ကြွယ်ဝစွာ ပါဝင်သောကြောင့် ဦးနှောက်ကျန်းမာရေးအတွက် စား ပေးသင့်သည်။

သဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းတို့ စားပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် သွေးစီးဆင်းမှုကို အားကောင်းစေနိုင်သည်။

အနက်ရောင်ချောကလက်စားပေးခြင်းဖြင့်လည်း ခန္ဓာကိုယ် အတွက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများရရှိနိုင်မည်ဖြစ်ပြီး ဦးနှောက် လုပ်ဆောင်ချက်ကို အထောက်အကူဖြစ်စေနိုင်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top