Property Expo
×

ေကာ္ဖီအမ်ားအျပားေသာက္သုံးျခင္းက အမ်ိဳးသမီးတစ္ေယာက္ရဲ့ရင္သားအရြယ္အစားကို ေသးသြားေစ ေၾကာင္း ဆီြဒင္သုေတသနပညာရွင္ေတြက ရွာေဖြေတြ ့ရွိခဲ့ပါတယ္။

ယခုသုေတသနကိုဦးေဆာင္သူ၊ ကင္ဆာသုေတသနပညာရွင္ Helena Jernstroem ဟာ ရင္သားၾကီးတဲ့ အမ်ိဳးသမီးေတြနဲ ့ရင္သားကင္ဆာျဖစ္ႏိုင္ေျချမင့္မားမွဳ ဆက္စပ္ပုံကို ေလ့လာေနခဲ့တာျဖစ္ျပီး ေကာ္ဖီနဲ ့ ရင္သားအရြယ္အစားတုိ ့အၾကားဆက္စပ္မွဳကို ေတြ ့ရွိခဲ့တာျဖစ္ပါတယ္။ ေတြ ့ရွိခ်က္အရ တစ္ေန ့ကို ေကာ္ဖီ သုံးခြက္ထက္ ပုိေသာက္တတ္တဲ့ အမ်ိဳးသမီးေတြဟာ ရင္သားကင္ဆာျဖစ္ႏိုင္ေျခ က်ဆင္းသြားေၾကာင္း ဆက္စပ္ ေတြ ့ရွိခဲ့ရပါတယ္။

အမ်ိဳးသမီးေပါင္း ၂၇၀ ဦးကို ျပဳလုပ္ခဲ့တဲ့ သုေတသနမွာ ေကာ္ဖီၾကိဳက္သူ အမ်ိဳးသမီးေတြရဲ့ ထက္၀က္ေလာက္မွာ ရင္သားအရြယ္အစားေသးငယ္သြားမွဳကိုျဖစ္ေပၚေစတဲ့ မ်ိဳးဗီဇတစ္မ်ိဳး ပါရွိေနေၾကာင္း ေတြ ့ရွိခဲ့ပါတယ္။“ ေကာ္ဖီတစ္ေန ့သုံးခြက္ေလာက္ေသာက္တတ္တဲ့ အမ်ိဳးသမီးေတြမွာ ရင္သားက ပုိေသးသြားႏိုင္ေပမယ့္ ရင္သားေတြ လုံး၀မရွိေတာ့တာမ်ိဳးေတာ့ မျဖစ္ႏိုင္ပါဘူး” လုိ ့Jernstroem က အခုိင္အမာေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ ေကာ္ဖီၾကိဳက္သူအမ်ိဳးသမီးေတြအတြက္ သတင္းေကာင္းတစ္ခုကေတာ့ ကဖင္းဓာတ္ကို ပုံမွန္ရေနျခင္းက ရင္သားကင္ဆာျဖစ္ႏိုင္ေျခအႏၱရာယ္ကို ေလွ်ာ့ခ်ႏိုင္ေၾကာင္းကိုလည္း သုေတသနပညာရွင္ ေတြက ေတြ ့ရွိခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

ကော်ဖီအများအပြားသောက်သုံးခြင်းက အမျိုးသမီးတစ်ယောက်ရဲ့ရင်သားအရွယ်အစားကို သေးသွားစေ ကြောင်း ဆွီဒင်သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ယခုသုတေသနကိုဦးဆောင်သူ၊ ကင်ဆာသုတေသနပညာရှင် Helena Jernstroem ဟာ ရင်သားကြီးတဲ့ အမျိုးသမီးတွေနဲ့ရင်သားကင်ဆာဖြစ်နိုင်ခြေမြင့်မားမှု ဆက်စပ်ပုံကို လေ့လာနေခဲ့တာဖြစ်ပြီး ကော်ဖီနဲ့ ရင်သားအရွယ်အစားတို့အကြားဆက်စပ်မှုကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ တွေ့ရှိချက်အရ တစ်နေ့ကို ကော်ဖီ သုံးခွက်ထက် ပိုသောက်တတ်တဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ကျဆင်းသွားကြောင်း ဆက်စပ် တွေ့ရှိခဲ့ရပါတယ်။

အမျိုးသမီးပေါင်း ၂၇၀ ဦးကို ပြုလုပ်ခဲ့တဲ့ သုတေသနမှာ ကော်ဖီကြိုက်သူ အမျိုးသမီးတွေရဲ့ ထက်ဝက်လောက်မှာ ရင်သားအရွယ်အစားသေးငယ်သွားမှုကိုဖြစ်ပေါ်စေတဲ့ မျိုးဗီဇတစ်မျိုး ပါရှိနေကြောင်း တွေ့ရှိခဲ့ပါတယ်။“ ကော်ဖီတစ်နေ့သုံးခွက်လောက်သောက်တတ်တဲ့ အမျိုးသမီးတွေမှာ ရင်သားက ပိုသေးသွားနိုင်ပေမယ့် ရင်သားတွေ လုံးဝမရှိတော့တာမျိုးတော့ မဖြစ်နိုင်ပါဘူး” လို့Jernstroem က အခိုင်အမာပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ကော်ဖီကြိုက်သူအမျိုးသမီးတွေအတွက် သတင်းကောင်းတစ်ခုကတော့ ကဖင်းဓာတ်ကို ပုံမှန်ရနေခြင်းက ရင်သားကင်ဆာဖြစ်နိုင်ခြေအန္တရာယ်ကို လျှော့ချနိုင်ကြောင်းကိုလည်း သုတေသနပညာရှင် တွေက တွေ့ရှိခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top