Kantharyar Centre
×

ကိုယ္ခံစြမ္းအားေကာင္းေစတယ္လို႔ လူသိမ်ားတဲ့ သြပ္ဓာတ္(ဇင့္)ဟာ ဖ်ားနာမႈေတြနဲ႔ ေရာဂါျဖစ္ပြားမႈေတြကို ကာကြယ္ေပးႏုိင္စြမ္းရွိသလို အေရျပား၊ ဆံပင္၊ အျမင္ အာ႐ံု၊ ရသာခံစားမႈစတာေတြကိုလည္း ေကာင္းက်ိဳးျပဳတဲ့အတြက္ ဇင့္နဲ႔ပတ္သက္တဲ့ ေကာင္းက်ိဳးေတြ သိထားေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

အ႐ိုးက်န္းမာေရးေကာင္းေစျခင္း

ဇင့္ဟာ အ႐ိုးသန္စြမ္းဖို႔အ တြက္ အေထာက္အကူျပဳသလို အ႐ိုးပြေရာဂါမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

ေက်ာက္ကပ္က်န္းမာေရးေကာင္းေစျခင္း

ေက်ာက္ကပ္ရဲ႕ လုပ္ငန္းစဥ္ေတြ ပံုမွန္အလုပ္လုပ္ေစဖို႔ဇင့္ကကူညီေပးႏုိင္ပါတယ္။ ကိုယ္ဝန္ေဆာင္စဥ္ကာလမွာဇင့္ဓာတ္ခ်ိဳ႕တဲ့ခဲ့မယ္ဆုိရင္ ရင္ေသြးေလးရဲ႕ ေက်ာက္ကပ္ဖြံ႕ၿဖိဳးႀကီးထြားလာမႈကို အေႏွာင့္အယွက္ျဖစ္ေစတာမို႔ သတိျပဳရ မွာပါ။

ရာသီမလာမီ နာက်င္ခံစားမႈမ်ားကို သက္သာေစျခင္း

အမ်ိဳးသမီးအမ်ားစု ႀကံဳရ ေလ့ရွိတဲ့ ရာသီမလာခင္ နာက်င္ ခံစားမႈေတြကို သက္သာေစသလို ယင္းနဲ႔ဆက္စပ္ၿပီး   စိတ္ဓာတ္ က်၊ စိတ္ပင္ပန္းတာေတြကိုပါ ထိန္းခ်ဳပ္ၿပီးသား     ျဖစ္ေစပါ တယ္။

ေသြးဖိအားပံုမွန္ျဖစ္ေစျခင္း

ေသြးတိုးေရာဂါျဖစ္ပြားမႈကို ေလွ်ာ့ခ်ေပးတဲ့အျပင္ ေသြးတုိး ေရာဂါေၾကာင့္ ေသြးလႊတ္ေၾကာ ေတြ မထိခိုက္ေအာင္လည္း ကာ ကြယ္ေပးႏုိင္ပါတယ္။

အေရျပားေရာဂါမ်ား ေပ်ာက္ေစ ျခင္း

ဇင့္က ဝက္ၿခံေပ်ာက္ေစ သလို ဝက္ၿခံေၾကာင့္ျဖစ္တဲ့ အမာ ရြတ္ေတြ၊ ဆီပူ၊ ေရေႏြးပူေလာင္ တာေတြ၊ ၾကမ္းေထာ္ၿပီး အနီပိမ့္ မ်ားထတဲ့ အေရျပားေရာဂါေတြ၊ ႏွင္းခူနာ၊ ဖက္ခြက္နာ၊ ျပည္တည္ နာ စတာေတြကိုလည္း ေပ်ာက္ ကင္းေစပါတယ္။ ေနာက္ၿပီး မိတ္၊အင္ပ်ဥ္နဲ႔ အဖုအပိိမ့္၊ အနီကြက္ ထတာေတြကိုလည္း ေပ်ာက္ကင္းေစႏုိင္ပါတယ္။

ကင္ဆာေရာဂါကို ကာကြယ္ေပး ျခင္း

ဇင့္ဓာတ္ဟာ ရင္သားကင္ ဆာေရာဂါကို သက္သာေပ်ာက္ ကင္းေစသလို ေနေရာင္ေၾကာင့္ ျဖစ္တတ္တဲ့ အေရျပားကင္ဆာ ေရာဂါကိုလည္း ကာကြယ္ေပးႏုိင္ တယ္လို႔ ဆုိပါတယ္။

ရင္ေခါင္းစူးေအာင့္မႈကို

သက္သာေစျခင္း

ႏွလံုးဆီကို ေသြးနဲ႔ ေအာက္ ဆီဂ်င္လံုေလာက္တဲ့ပမာဏ မေရာက္တဲ့အခါ ျဖစ္တတ္တဲ့ရင္ ေခါင္းစူးေအာင့္တာေတြကို ဇင့္ က သက္သာေပ်ာက္ကင္းေစပါ တယ္။

ခံတြင္းက်န္းမာေရးေကာင္းေစ ျခင္း

ဇင့္ဟာ သြားဖံုးေရာင္ရမ္း တာေတြ၊ သြားေခ်းတက္တာေတြ နဲ႔ ခံတြင္းေရာဂါေတြကိုလည္း ကာကြယ္ႏုိင္စြမ္းရွိပါတယ္။

ေဗာက္ေပ်ာက္ေစျခင္း

ဦးေရျပားေျခာက္ေသြ႕ၿပီး ေဗာက္ထတာေတြကို ဇင့္က ေပ်ာက္ကင္းေစႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

ကိုယ်ခံစွမ်းအားကောင်းစေတယ်လို့ လူသိများတဲ့ သွပ်ဓာတ်(ဇင့်)ဟာ ဖျားနာမှုတွေနဲ့ ရောဂါဖြစ်ပွားမှုတွေကို ကာကွယ်ပေးနိုင်စွမ်းရှိသလို အရေပြား၊ ဆံပင်၊ အမြင် အာရုံ၊ ရသာခံစားမှုစတာတွေကိုလည်း ကောင်းကျိုးပြုတဲ့အတွက် ဇင့်နဲ့ပတ်သက်တဲ့ ကောင်းကျိုးတွေ သိထားစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

အရိုးကျန်းမာရေးကောင်းစေခြင်း

ဇင့်ဟာ အရိုးသန်စွမ်းဖို့အ တွက် အထောက်အကူပြုသလို အရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကျောက်ကပ်ကျန်းမာရေးကောင်းစေခြင်း

ကျောက်ကပ်ရဲ့ လုပ်ငန်းစဉ်တွေ ပုံမှန်အလုပ်လုပ်စေဖို့ဇင့်ကကူညီပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာဇင့်ဓာတ်ချို့တဲ့ခဲ့မယ်ဆိုရင် ရင်သွေးလေးရဲ့ ကျောက်ကပ်ဖွံ့ဖြိုးကြီးထွားလာမှုကို အနှောင့်အယှက်ဖြစ်စေတာမို့ သတိပြုရ မှာပါ။

ရာသီမလာမီ နာကျင်ခံစားမှုများကို သက်သာစေခြင်း

အမျိုးသမီးအများစု ကြုံရ လေ့ရှိတဲ့ ရာသီမလာခင် နာကျင် ခံစားမှုတွေကို သက်သာစေသလို ယင်းနဲ့ဆက်စပ်ပြီး   စိတ်ဓာတ် ကျ၊ စိတ်ပင်ပန်းတာတွေကိုပါ ထိန်းချုပ်ပြီးသား     ဖြစ်စေပါ တယ်။

သွေးဖိအားပုံမှန်ဖြစ်စေခြင်း

သွေးတိုးရောဂါဖြစ်ပွားမှုကို လျှော့ချပေးတဲ့အပြင် သွေးတိုး ရောဂါကြောင့် သွေးလွှတ်ကြော တွေ မထိခိုက်အောင်လည်း ကာ ကွယ်ပေးနိုင်ပါတယ်။

အရေပြားရောဂါများ ပျောက်စေ ခြင်း

ဇင့်က ဝက်ခြံပျောက်စေ သလို ဝက်ခြံကြောင့်ဖြစ်တဲ့ အမာ ရွတ်တွေ၊ ဆီပူ၊ ရေနွေးပူလောင် တာတွေ၊ ကြမ်းထော်ပြီး အနီပိမ့် များထတဲ့ အရေပြားရောဂါတွေ၊ နှင်းခူနာ၊ ဖက်ခွက်နာ၊ ပြည်တည် နာ စတာတွေကိုလည်း ပျောက် ကင်းစေပါတယ်။ နောက်ပြီး မိတ်၊အင်ပျဉ်နဲ့ အဖုအပိမ့်၊ အနီကွက် ထတာတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေး ခြင်း

ဇင့်ဓာတ်ဟာ ရင်သားကင် ဆာရောဂါကို သက်သာပျောက် ကင်းစေသလို နေရောင်ကြောင့် ဖြစ်တတ်တဲ့ အရေပြားကင်ဆာ ရောဂါကိုလည်း ကာကွယ်ပေးနိုင် တယ်လို့ ဆိုပါတယ်။

ရင်ခေါင်းစူးအောင့်မှုကို

သက်သာစေခြင်း

နှလုံးဆီကို သွေးနဲ့ အောက် ဆီဂျင်လုံလောက်တဲ့ပမာဏ မရောက်တဲ့အခါ ဖြစ်တတ်တဲ့ရင် ခေါင်းစူးအောင့်တာတွေကို ဇင့် က သက်သာပျောက်ကင်းစေပါ တယ်။

ခံတွင်းကျန်းမာရေးကောင်းစေ ခြင်း

ဇင့်ဟာ သွားဖုံးရောင်ရမ်း တာတွေ၊ သွားချေးတက်တာတွေ နဲ့ ခံတွင်းရောဂါတွေကိုလည်း ကာကွယ်နိုင်စွမ်းရှိပါတယ်။

ဗောက်ပျောက်စေခြင်း

ဦးရေပြားခြောက်သွေ့ပြီး ဗောက်ထတာတွေကို ဇင့်က ပျောက်ကင်းစေနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top