Property Expo
×

 ရန္ကုန္ၿမိဳ႕တြင္ ေနအိမ္စုစုေပါင္း၏ ၇၅ ရာခိုင္ႏႈန္းမွာ အခိုင္အမာတည္ေဆာက္ထားေသာ အိမ္မ်ားျဖစ္ၿပီး  က်န္ ၂၅ ရာခုိင္ႏႈန္းမွာ ခိုင္မာမႈအားနည္းသည့္ တဲအိမ္အမ်ဳိးအစားမ်ားျဖစ္ေၾကာင္း ၿမိဳ႕ ရြာႏွင့္ အိုးအိမ္ဖြံ႕ၿဖိဳးမႈဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမွဴး ဦးသက္ ႏိုင္က ေျပာသည္။

 ၿပီးခဲ့သည့္ ၂၀၁၄ တြင္ ေကာက္ခံခဲ့ေသာ သန္းေခါင္စာ ရင္းမွ အခ်က္အလက္မ်ားျဖစ္ၿပီး အထူးသျဖင့္ အတည္တက်ေနထုိင္ျခင္းမရွိဘဲ က်ဴးေက်ာ္ေနထိုင္သူပမာဏမွာ ႏွစ္စဥ္တိုးပြားေနကာ ရန္ကုန္ၿမိဳ႕တြင္ က်ဴးေက်ာ္ေနထိုင္သူ ေလးသိန္းမွ ေျခာက္သိန္းခန္႔ရွိသည္ဟု ဦးသက္ႏုိင္က ေျပာသည္။

ဆင္ေျခဖံုးရပ္ကြက္မ်ားမွာ တစ္ႏွစ္၊ ၂ ႏွစ္အတြင္း သာမန္ပ်ဥ္ ေထာင္အိမ္မ်ားမွ ကန္ထ႐ိုက္ တိုက္သို႔ ေျပာင္းလဲတည္ေဆာက္ လာသည့္အေရအတြက္ အသိသာဆံုးမ်ားျပားလာခဲ့ေၾကာင္း ျမျမင့္မိုရ္ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ ဦးျမင့္ေဆြက ေျပာသည္။

‘‘ေစ်းကြက္ေၾကာင့္ လံုးခ်င္း ေတြကေန ကန္ထ႐ိုက္တိုက္ေတြ ေျပာင္းကုန္တာ ရပ္ကြက္ေတြထဲ အရမ္းသိသာတယ္’’ဟု ဦးျမင့္ေဆြက ဆိုသည္။

သို႔ေသာ္ အေရအတြက္မ်ား ျပားလာသည့္ ကန္ထ႐ိုက္တိုက္ မ်ား၏ အရည္အေသြးကိုမူ ေမး ခြန္းထုတ္ရဖြယ္ရွိသည္ဟု ဆို သည္။ ရန္ကုန္ၿမိဳ႕တြင္ အေျခခ်ေနထိုင္သည့္ လူဦးေရအရ အိမ္ငွားရမ္းၿပီး ေနထိုင္ရမႈမွာ ၃၅ ရာခိုင္ႏႈန္းရွိၿပီး အိမ္ပိုင္ေနထိုင္ႏုိင္သည့္ လူဦးေရမွာ ၆၅ ရာခိုင္ႏႈန္းရွိေၾကာင္း ေဆာက္လုပ္ေရး၀န္ႀကီးဌာနက စစ္တမ္းျပဳလုပ္ကာ ထုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရန်ကုန်မြို့ရှိ တဲအိမ်များ (ဓာတ်ပုံ − စိုင်းဇော်)

 ရန်ကုန်မြို့တွင် နေအိမ်စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းမှာ အခိုင်အမာတည်ဆောက်ထားသော အိမ်များဖြစ်ပြီး  ကျန် ၂၅ ရာခိုင်နှုန်းမှာ ခိုင်မာမှုအားနည်းသည့် တဲအိမ်အမျိုးအစားများဖြစ်ကြောင်း မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက် နိုင်က ပြောသည်။

 ပြီးခဲ့သည့် ၂၀၁၄ တွင် ကောက်ခံခဲ့သော သန်းခေါင်စာ ရင်းမှ အချက်အလက်များဖြစ်ပြီး အထူးသဖြင့် အတည်တကျနေထိုင်ခြင်းမရှိဘဲ ကျူးကျော်နေထိုင်သူပမာဏမှာ နှစ်စဉ်တိုးပွားနေကာ ရန်ကုန်မြို့တွင် ကျူးကျော်နေထိုင်သူ လေးသိန်းမှ ခြောက်သိန်းခန့်ရှိသည်ဟု ဦးသက်နိုင်က ပြောသည်။

ဆင်ခြေဖုံးရပ်ကွက်များမှာ တစ်နှစ်၊ ၂ နှစ်အတွင်း သာမန်ပျဉ် ထောင်အိမ်များမှ ကန်ထရိုက် တိုက်သို့ ပြောင်းလဲတည်ဆောက် လာသည့်အရေအတွက် အသိသာဆုံးများပြားလာခဲ့ကြောင်း မြမြင့်မိုရ် ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမြင့်ဆွေက ပြောသည်။

‘‘ဈေးကွက်ကြောင့် လုံးချင်း တွေကနေ ကန်ထရိုက်တိုက်တွေ ပြောင်းကုန်တာ ရပ်ကွက်တွေထဲ အရမ်းသိသာတယ်’’ဟု ဦးမြင့်ဆွေက ဆိုသည်။

သို့သော် အရေအတွက်များ ပြားလာသည့် ကန်ထရိုက်တိုက် များ၏ အရည်အသွေးကိုမူ မေး ခွန်းထုတ်ရဖွယ်ရှိသည်ဟု ဆို သည်။ ရန်ကုန်မြို့တွင် အခြေချနေထိုင်သည့် လူဦးရေအရ အိမ်ငှားရမ်းပြီး နေထိုင်ရမှုမှာ ၃၅ ရာခိုင်နှုန်းရှိပြီး အိမ်ပိုင်နေထိုင်နိုင်သည့် လူဦးရေမှာ ၆၅ ရာခိုင်နှုန်းရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက စစ်တမ်းပြုလုပ်ကာ ထုတ်ပြန်ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top