Property Expo
×

သစ္ေတာ္သီးလို ခႏၶာကိုယ္မ်ိဳးရွိတဲ့ အမ်ိဳးသမီးေတြဟာ ဆီးခ်ိဳေသြးခ်ိဳ ေရာဂါ ျဖစ္ပြားဖို႔အခြင့္အလမ္းနည္းေစတယ္လို႔ သုေတသန အသစ္တစ္ခုက ေဖာ္ျပလိုက္ပါတယ္။

သစ္ေတာ္သီး ခႏၶာကိုယ္ဆိုတာဟာ တင္ပါး ႀကီးတဲ့ အမ်ိဳးသမီးေတြကို ဆိုလိုတာပါ။ ဒီေလ့လာမႈကေဖာ္ျပခဲ့တာကေတာ့ အဆီပါ၀င္မႈမ်ားတဲ့ တင္ပါးႀကီးႀကီးေတြ ပိုင္ဆိုင္ထားတဲ့ အမ်ိဳးသမီးေတြဟာ တင္ပါးေသးငယ္တဲ့ အမ်ိဳးသမီး ေတြထက္စာရင္ ဆီးခ်ိဳ ၊ ေသြးခ်ိဳ ေရာဂါ ျဖစ္ပြားဖို႔ အခြင့္အလမ္းနည္းေစတယ္ ဆိုတာပါပဲ။

ဒါဟာ ေမြးကတည္းက လက္ဆင့္ကမ္းပါလာခဲ့တဲ့ မ်ိဳးရိုး ဗီဇ ဆိုင္ရာ ကြဲျပားျခားနား မႈကို ေက်းဇူးတင္ရမွာပါ။ ျဖစ္ႏိုင္ေခ်ရွိတဲ့ မ်ိဳးရိုးဗီဇကေတာ့ KLF14 ျဖစ္ၿပီး ထို မ်ိဳးရိုးဗီဇဟာ အဆီ သိုေလွာင္တဲ့ ဆဲလ္ေတြကို ကြဲျပားျခားနားစြာ လုပ္ေဆာင္ေစၿပီး အမ်ိဳးသမီးေတြရဲ႕ တင္ပါး ပံုစံ အရြယ္အစားေတြကို ျဖစ္ေပၚေစတာပဲ ျဖစ္ပါတယ္။

ေလ့လာမႈ က ျပသခဲ့တာကေတာ့ တင္ပါးႀကီးတဲ့ အမ်ိဳးသမီးေတြဟာ ထို မ်ိဳးရိုးဗီဇ မွာ အဓိက အားျဖင့္ ကြဲျပားျခားနားေနၾကတယ္လို႔ သိရပါတယ္။သုေတသီေတြ ထပ္မံ ရွာေဖြေတြ႕ရွိခဲ့တာကေတာ့ KLF14 သက္ေရာက္မႈ ေတြနဲ႔ အဆီတစ္သွ်ဴးေတြ ရဲ႕ ရလဒ္ဟာ မိခင္ ဆီက ရလာခဲ့တဲ့ မ်ိဳးရိုးဗီဇ လက္ဆင့္ကမ္းမႈ ျဖစ္တယ္ဆိုတာပါပဲ။

"ခႏၶာကိုယ္တစ္ခုလံုးရဲ႕ အဆင့္မွာဆိုရင္ ထို မ်ိဳးရိုးဗီဇ ကြဲျပားျခားနားမႈေၾကာင့္ျဖစ္တဲ့ အဆီသိုေလွာင္ျခင္းေတြဟာ ကိုယ္အေလးခ်ိန္ေပၚမွာ ေျပာင္းလဲသြားေစျခင္းမရွိေပမယ့္ အမ်ိဳးသမီးေတြရဲ႕ တင္ပါး ပံုစံ အရြယ္အစားအေပၚမွာေတာ့ သက္ေရာက္မႈ ရွိခဲ့ပါတယ္။" လို႔ ထိုေလ့လာမႈ ကို ဦးေဆာင္ခဲ့တဲ့ ေဒါက္တာ Kerrin Small က ဆိုပါတယ္။

ဒီေလ့လာေတြ႕ရွိမႈေတြကိုေတာ့ လူသားမ်ိဳးရိုးဗီဇဆိုင္ရာ အေမရိကန္ လူ႔အဖြဲ႕အစည္း ရဲ႕ Baltimore ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ ႏွစ္ပတ္လည္ အစည္းအေ၀းပြဲမွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:သစ္ထူးလြင္

#Unicode Version

 သစ်တော်သီးလို ခန္ဓာကိုယ်မျိုးရှိတဲ့ အမျိုးသမီးတွေဟာ ဆီးချိုသွေးချို ရောဂါ ဖြစ်ပွားဖို့အခွင့်အလမ်းနည်းစေတယ်လို့ သုတေသန အသစ်တစ်ခုက ဖော်ပြလိုက်ပါတယ်။

သစ်တော်သီး ခန္ဓာကိုယ်ဆိုတာဟာ တင်ပါး ကြီးတဲ့ အမျိုးသမီးတွေကို ဆိုလိုတာပါ။ ဒီလေ့လာမှုကဖော်ပြခဲ့တာကတော့ အဆီပါဝင်မှုများတဲ့ တင်ပါးကြီးကြီးတွေ ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေဟာ တင်ပါးသေးငယ်တဲ့ အမျိုးသမီး တွေထက်စာရင် ဆီးချို ၊ သွေးချို ရောဂါ ဖြစ်ပွားဖို့ အခွင့်အလမ်းနည်းစေတယ် ဆိုတာပါပဲ။

ဒါဟာ မွေးကတည်းက လက်ဆင့်ကမ်းပါလာခဲ့တဲ့ မျိုးရိုး ဗီဇ ဆိုင်ရာ ကွဲပြားခြားနား မှုကို ကျေးဇူးတင်ရမှာပါ။ ဖြစ်နိုင်ချေရှိတဲ့ မျိုးရိုးဗီဇကတော့ KLF14 ဖြစ်ပြီး ထို မျိုးရိုးဗီဇဟာ အဆီ သိုလှောင်တဲ့ ဆဲလ်တွေကို ကွဲပြားခြားနားစွာ လုပ်ဆောင်စေပြီး အမျိုးသမီးတွေရဲ့ တင်ပါး ပုံစံ အရွယ်အစားတွေကို ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။

လေ့လာမှု က ပြသခဲ့တာကတော့ တင်ပါးကြီးတဲ့ အမျိုးသမီးတွေဟာ ထို မျိုးရိုးဗီဇ မှာ အဓိက အားဖြင့် ကွဲပြားခြားနားနေကြတယ်လို့ သိရပါတယ်။သုတေသီတွေ ထပ်မံ ရှာဖွေတွေ့ရှိခဲ့တာကတော့ KLF14 သက်ရောက်မှု တွေနဲ့ အဆီတစ်သျှူးတွေ ရဲ့ ရလဒ်ဟာ မိခင် ဆီက ရလာခဲ့တဲ့ မျိုးရိုးဗီဇ လက်ဆင့်ကမ်းမှု ဖြစ်တယ်ဆိုတာပါပဲ။

"ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အဆင့်မှာဆိုရင် ထို မျိုးရိုးဗီဇ ကွဲပြားခြားနားမှုကြောင့်ဖြစ်တဲ့ အဆီသိုလှောင်ခြင်းတွေဟာ ကိုယ်အလေးချိန်ပေါ်မှာ ပြောင်းလဲသွားစေခြင်းမရှိပေမယ့် အမျိုးသမီးတွေရဲ့ တင်ပါး ပုံစံ အရွယ်အစားအပေါ်မှာတော့ သက်ရောက်မှု ရှိခဲ့ပါတယ်။" လို့ ထိုလေ့လာမှု ကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Kerrin Small က ဆိုပါတယ်။

ဒီလေ့လာတွေ့ရှိမှုတွေကိုတော့ လူသားမျိုးရိုးဗီဇဆိုင်ရာ အမေရိကန် လူ့အဖွဲ့အစည်း ရဲ့ Baltimore မြို့မှာ ပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည် အစည်းအဝေးပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:သစ်ထူးလွင်
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top