Property Expo
×

 မက်က္ေသာ အသားမ်ားစားျခင္းေၾကာင့္ လူမ်ားသို႔ ေဆးမတိုး ေသာ ေရာဂါပိုးမႊားမ်ား ကူးစက္ႏုိင္ေၾကာင္း ၿဗိတိန္အစိုးရအစီရင္ ခံစာတစ္ခုအရ သိရသည္။


ေမြးျမဴေရးလုပ္ငန္းမ်ားတြင္ ပဋိဇီဝေဆးမ်ား လြန္ကဲစြာအသံုး ျပဳမႈေၾကာင့္ လူမ်ားစားသံုးေသာ အသားမ်ားထဲ၌ ပဋိဇီဝေဆးဝါးမ်ားကို ခုခံႏုိင္သည့္ ဘက္တီးရီးယားမ်ားရွိေနႏုိင္ေၾကာင္း ေရာဂါ ပိုးမႊားတိုက္ဖ်က္ေရး သံုးသပ္မႈအဖြဲ႕၏ အစီရင္ခံစာအရ သိရ သည္။

အသားစိမ္း(သို႔မဟုတ္)ေကာင္းစြာမက်က္ေသာ အသားမ်ား ကို စားေသာက္ပါက ကုသရန္ ခက္ခဲေသာ ေရာဂါပိုးမႊားမ်ား ကူးစက္ႏုိင္ၿပီး နာမက်န္းျဖစ္လာႏိုင္သည့္ အႏၲရာယ္ရွိေၾကာင္း ပညာရွင္မ်ားက ေျပာသည္။

ဘက္တီးရီးယားမ်ားသည္ အၿမဲမျပတ္ ဆင့္ကဲေျပာင္းလဲေနၿပီး ကြၽႏု္ပ္တို႔အသံုးျပဳေသာ ေဆးဝါးမ်ားကို ေရွာင္ရွားရမည့္နည္းလမ္း အား တတ္ကြၽမ္းသြားႏုိင္သည္။

ပဋိဇီဝေဆးဝါးမ်ားအေပၚ မွီခိုမႈလြန္ကဲျခင္းေၾကာင့္ ေဆးမတိုးျခင္း ျဖစ္လာႏိုင္သည္။

အစားအစာအတြက္ ေမြးျမဴထားေသာ တိရစၧာန္မ်ားအတြက္ ပဋိဇီဝေဆးမ်ား ပံုမွန္အသံုးျပဳျခင္းေၾကာင့္ ေဆးမတိုးေသာ ဘက္တီးရီးယားမ်ား ျဖစ္ေပၚလာႏိုင္သည့္ အေျခအေနမ်ား ျဖစ္ေပၚေစ သည္။

အားနည္းေသာ၊ အလြယ္တကူထိခိုက္ေသဆံုးႏိုင္ေသာ ဘက္တီးရီးယားမ်ားမွာ ပဋိဇီဝေဆးမ်ားေၾကာင့္ ေသဆံုးသြားေသာ္လည္းပဋိဇီဝေဆးမ်ားကို ခုခံႏိုင္ေသာ ဘက္တီးရီးယားမ်ားမွာ ဆက္ လက္ ရွင္သန္ႏုိင္သည္။

ဥပမာ ေရာဂါပိုးရွိေသာ အသားကို စားမိျခင္းေၾကာင့္ကဲ့သို႔ ေမြးျမဴေရးသမား၊ တိရစၧာန္မ်ားႏွင့္ အနီးကပ္ထိေတြ႕မိျခင္းမွ ယင္း ဘက္တီးရီးယားမ်ား၊ လူသားမ်ားသို႔ ကူးစက္လာႏုိင္သည္။

အစာအဆိပ္သင့္ျခင္းအမ်ားစုေၾကာင့္ မသက္မသာ ခံစားရ ေသာ္လည္း ေဆးဝါးကုသရန္ မလုိေပ။

သို႔ေသာ္ အခ်ိဳ႕လူမ်ားအေနျဖင့္ ပဋိဇီဝေဆးမ်ား ေသာက္သံုးရန္ လုိအပ္ႏိုင္သည္။

အကယ္၍ ပဋိဇီဝေဆးမ်ားကို တြန္းလွန္ႏိုင္သာ ေရာဂါပိုးမႊားမ်ား ခႏၶာကိုယ္ထဲ ဝင္ေရာက္ေနပါက ကုသရခက္ခဲမည္ျဖစ္သည္။

အသားစားမည္ဆိုပါက ေကာင္းစြာက်က္ေအာင္ ခ်က္ျပဳတ္ ျခင္းမွာ အေကာင္းဆံုးနည္းလမ္းျဖစ္ၿပီး ေကာင္းစြာ ခ်က္ျပဳတ္ျခင္း ျဖင့္ အသားမ်ားထဲတြင္ ရွိေနႏိုင္ေသာ ဘက္တီးရီးယားမ်ားကို ေသဆံုးေစႏိုင္သည္။

ေကာင္းစြာခ်က္ျပဳတ္မထားေသာ အသားမ်ားတြင္ အစားအစာမွျဖစ္ေသာ ဘက္တီးရီးယားပိုးမႊားမ်ားပါႏုိင္ၿပီး ေရာဂါျဖစ္ႏုိင္ေသာ္လည္း ေဆးမတိုးေသာ ေရာဂါပိုးပံုစံမ်ိဳး မဟုတ္ေပ။

အသားစိမ္းမ်ားကို မခ်က္ျပဳတ္မီ သီးျခားသိမ္းဆည္းထားၿပီး အသားစိမ္းမ်ားအတြက္ ပန္းကန္ခြက္ေယာက္မ်ားကိုလည္း သီးျခားအသံုးျပဳ၍ ခ်က္ျပဳတ္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 မကျက်သော အသားများစားခြင်းကြောင့် လူများသို့ ဆေးမတိုး သော ရောဂါပိုးမွှားများ ကူးစက်နိုင်ကြောင်း ဗြိတိန်အစိုးရအစီရင် ခံစာတစ်ခုအရ သိရသည်။


မွေးမြူရေးလုပ်ငန်းများတွင် ပဋိဇီဝဆေးများ လွန်ကဲစွာအသုံး ပြုမှုကြောင့် လူများစားသုံးသော အသားများထဲ၌ ပဋိဇီဝဆေးဝါးများကို ခုခံနိုင်သည့် ဘက်တီးရီးယားများရှိနေနိုင်ကြောင်း ရောဂါ ပိုးမွှားတိုက်ဖျက်ရေး သုံးသပ်မှုအဖွဲ့၏ အစီရင်ခံစာအရ သိရ သည်။

အသားစိမ်း(သို့မဟုတ်)ကောင်းစွာမကျက်သော အသားများ ကို စားသောက်ပါက ကုသရန် ခက်ခဲသော ရောဂါပိုးမွှားများ ကူးစက်နိုင်ပြီး နာမကျန်းဖြစ်လာနိုင်သည့် အန္တရာယ်ရှိကြောင်း ပညာရှင်များက ပြောသည်။

ဘက်တီးရီးယားများသည် အမြဲမပြတ် ဆင့်ကဲပြောင်းလဲနေပြီး ကျွနု်ပ်တို့အသုံးပြုသော ဆေးဝါးများကို ရှောင်ရှားရမည့်နည်းလမ်း အား တတ်ကျွမ်းသွားနိုင်သည်။

ပဋိဇီဝဆေးဝါးများအပေါ် မှီခိုမှုလွန်ကဲခြင်းကြောင့် ဆေးမတိုးခြင်း ဖြစ်လာနိုင်သည်။

အစားအစာအတွက် မွေးမြူထားသော တိရစ္ဆာန်များအတွက် ပဋိဇီဝဆေးများ ပုံမှန်အသုံးပြုခြင်းကြောင့် ဆေးမတိုးသော ဘက်တီးရီးယားများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ ဖြစ်ပေါ်စေ သည်။

အားနည်းသော၊ အလွယ်တကူထိခိုက်သေဆုံးနိုင်သော ဘက်တီးရီးယားများမှာ ပဋိဇီဝဆေးများကြောင့် သေဆုံးသွားသော်လည်းပဋိဇီဝဆေးများကို ခုခံနိုင်သော ဘက်တီးရီးယားများမှာ ဆက် လက် ရှင်သန်နိုင်သည်။

ဥပမာ ရောဂါပိုးရှိသော အသားကို စားမိခြင်းကြောင့်ကဲ့သို့ မွေးမြူရေးသမား၊ တိရစ္ဆာန်များနှင့် အနီးကပ်ထိတွေ့မိခြင်းမှ ယင်း ဘက်တီးရီးယားများ၊ လူသားများသို့ ကူးစက်လာနိုင်သည်။

အစာအဆိပ်သင့်ခြင်းအများစုကြောင့် မသက်မသာ ခံစားရ သော်လည်း ဆေးဝါးကုသရန် မလိုပေ။

သို့သော် အချို့လူများအနေဖြင့် ပဋိဇီဝဆေးများ သောက်သုံးရန် လိုအပ်နိုင်သည်။

အကယ်၍ ပဋိဇီဝဆေးများကို တွန်းလှန်နိုင်သာ ရောဂါပိုးမွှားများ ခန္ဓာကိုယ်ထဲ ဝင်ရောက်နေပါက ကုသရခက်ခဲမည်ဖြစ်သည်။

အသားစားမည်ဆိုပါက ကောင်းစွာကျက်အောင် ချက်ပြုတ် ခြင်းမှာ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ကောင်းစွာ ချက်ပြုတ်ခြင်း ဖြင့် အသားများထဲတွင် ရှိနေနိုင်သော ဘက်တီးရီးယားများကို သေဆုံးစေနိုင်သည်။

ကောင်းစွာချက်ပြုတ်မထားသော အသားများတွင် အစားအစာမှဖြစ်သော ဘက်တီးရီးယားပိုးမွှားများပါနိုင်ပြီး ရောဂါဖြစ်နိုင်သော်လည်း ဆေးမတိုးသော ရောဂါပိုးပုံစံမျိုး မဟုတ်ပေ။

အသားစိမ်းများကို မချက်ပြုတ်မီ သီးခြားသိမ်းဆည်းထားပြီး အသားစိမ်းများအတွက် ပန်းကန်ခွက်ယောက်များကိုလည်း သီးခြားအသုံးပြု၍ ချက်ပြုတ်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top