Property Expo
×

၂၀၁၆ ျမန္မာ့႐ုပ္ရွင္ထူး ခြၽန္ဆုေပးပြဲအတြက္ ဆုေရြးခ်ယ္ သည့္အပိုင္း၌ အေျပာင္းအလဲမ်ားျပဳလုပ္ရန္ အစီအစဥ္ရွိေၾကာင္း ႐ုပ္ရွင္အစည္းအ႐ံုး နာယက ဒါ႐ိုက္တာ ဦးႏွင္းမိုးက ေျပာ သည္။

ယခုႏွစ္တြင္ ဒါ႐ိုက္တာ၊ သ႐ုပ္ေဆာင္၊ ဓာတ္ပံုပညာရွင္၊ အသံပညာရွင္၊ ဇာတ္ၫႊန္းပညာ ရွင္၊ ေတးဂီတပညာရွင္၊ တည္း ျဖတ္ပညာရွင္ႏွင့္ စာေရးဆရာ မ်ား ပါဝင္သည့္ အဖြဲ႕ရွစ္ဖြဲ႕က ထူးခြၽန္ဆုမ်ားအတြက္ အကဲျဖတ္ ေရြးခ်ယ္မည္ျဖစ္သည္။

‘‘မႏွစ္ကဆုိ စာေရးဆရာအ ဖြဲ႕မပါဘူး။ ဘာလို႔မပါလဲဆုိေတာ့ ပညာရွင္အလိုက္ အကယ္ဒမီေပး ရင္ စာေရးဆရာက ဘယ္ေနရာ ကို ကိုယ္စားျပဳၿပီး ေပးမလဲဆုိတဲ့ ျပႆနာရိွလာေတာ့ သူတုိ႔ကို မထည့္လုိက္ႏုိင္ဘူး။ ဒီႏွစ္မွာ ေတာ့ စာေရးဆရာေတြ ျပန္ထည့္ ထားတယ္။ စာေရးဆရာသည္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ဘယ္သူ ေကာင္းတယ္ဆုိတာ ၾကည့္ႏုိင္ တယ္။ ေနာက္ၿပီး ဇာတ္ကား ဒါ​႐ိုက္တာ သူၾကည့္ၿပီးေဝဖန္ႏုိင္တဲ့ အေျခအေနမွာရိွတယ္’’ဟု ဦးႏွင္း မိုးက ေျပာသည္။

သ႐ုပ္ေဆာင္အလႊာအေန ျဖင့္ သ႐ုပ္ေဆာင္ဆုေလးဆုအပါ အဝင္ ဇာတ္ကားဆုႏွင့္ ဒါ႐ိုက္ တာဆုမ်ား ေရြးခ်ယ္ေပးရမည္ျဖစ္ ၿပီး အျခားအလႊာမ်ားသည္ သက္ ဆုိင္ရာ အလႊာအလိုက္ ဆုေရြး ခ်ယ္ျခင္းႏွင့္ သ႐ုပ္ေဆာင္ဆု ေလးဆု၊ ဇာတ္ကားဆုအတြက္ အလႊာအသီးသီးက ေရြးခ်ယ္ေပး ရမည္ျဖစ္သည္။ ထို႔ေၾကာင့္ အ လႊာတစ္ခုလွ်င္ ဆုေျခာက္ဆုစီ ေရြးခ်ယ္ခြင့္ရရိွမည္ျဖစ္ၿပီး ဒါ႐ိုက္ တာမ်ားက ဆု ၁၁ ဆုစလံုးအ တြက္ ေရြးခ်ယ္ခြင့္ရရွိမည္ျဖစ္ သည္။သို႔ေသာ္ အကဲျဖတ္အဖြဲ႕ဝင္ မ်ားႏွင့္ပတ္သက္၍ သတ္မွတ္ ထားသည့္ စည္းကမ္းခ်က္မ်ား ေၾကာင့္ ထူးခြၽန္ဆုအတြက္ ေရြး ခ်ယ္ေပးမည့္သူမ်ားအား ေရြးခ်ယ္ရာတြင္ အခက္အခဲရွိေၾကာင္း ဦးႏွင္းမုိးက ေျပာသည္။

‘‘အမႈေဆာင္ေတြ မပါရ၊ ကား႐ိုက္တဲ့သူေတြ မပါရဆုိ ေတာ့ ေရြးခ်ယ္ရတာ ေတာ္ေတာ္ ခက္ပါတယ္။ လူလည္းရွားသြား တယ္’’ဟု အကဲျဖတ္အဖြဲ႕အ တြက္ ေရြးခ်ယ္ရမည့္အခက္အခဲ ကို ဆက္လက္ေျပာသည္။

ထို႔အျပင္ အကယ္ဒမီႏွင့္ ပတ္သက္၍ ေဝဖန္မႈမ်ား အၿမဲ တမ္းႀကံဳရေသာေၾကာင့္ အကဲ ျဖတ္မလုပ္လိုသူမ်ားလည္း ရွိ သည္ဟု ၎က ဆုိသည္။

ယခုႏွစ္ ႐ုပ္ရွင္ထူးခြၽန္ဆုအ တြက္ စိစစ္အကဲျဖတ္ရမည့္စာ ရင္းဝင္ ဇာတ္ကားအေရအတြက္ ကို ႏိုဝင္ဘာလကုန္တြင္ သိရမည္ ျဖစ္ၿပီး ဇာတ္ကားအေရအတြက္ ၂၀ ေက်ာ္ရွိႏိုင္ေၾကာင္း ၎က ေျပာသည္။

ထို႔အျပင္ ယခုႏွစ္ ထူးခြၽန္ဆု ေရြးခ်ယ္ရာတြင္ ဇာတ္ပို႔ႏွင့္ ဇာတ္ေဆာင္ အျငင္းပြားမႈအတြက္ အ ကဲျဖတ္အဖြဲ႕သို႔ ထုတ္လုပ္သူႏွင့္ ဒါ႐ိုက္တာတုိ႔ တင္ျပသည့္အေပၚ ၌ စိစစ္မႈမ်ား ျပဳလုပ္မည္ျဖစ္ၿပီး ႐ိုးသားစြာ တင္ခဲ့ျခင္းမရွိပါက ျပန္ လည္ညႇိႏိႈင္းမည္ဟု ဦးႏွင္းမိုးကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

၂၀၁၆ မြန်မာ့ရုပ်ရှင်ထူး ချွန်ဆုပေးပွဲအတွက် ဆုရွေးချယ် သည့်အပိုင်း၌ အပြောင်းအလဲများပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ရုပ်ရှင်အစည်းအရုံး နာယက ဒါရိုက်တာ ဦးနှင်းမိုးက ပြော သည်။

ယခုနှစ်တွင် ဒါရိုက်တာ၊ သရုပ်ဆောင်၊ ဓာတ်ပုံပညာရှင်၊ အသံပညာရှင်၊ ဇာတ်ညွှန်းပညာ ရှင်၊ တေးဂီတပညာရှင်၊ တည်း ဖြတ်ပညာရှင်နှင့် စာရေးဆရာ များ ပါဝင်သည့် အဖွဲ့ရှစ်ဖွဲ့က ထူးချွန်ဆုများအတွက် အကဲဖြတ် ရွေးချယ်မည်ဖြစ်သည်။

‘‘မနှစ်ကဆို စာရေးဆရာအ ဖွဲ့မပါဘူး။ ဘာလို့မပါလဲဆိုတော့ ပညာရှင်အလိုက် အကယ်ဒမီပေး ရင် စာရေးဆရာက ဘယ်နေရာ ကို ကိုယ်စားပြုပြီး ပေးမလဲဆိုတဲ့ ပြဿနာရှိလာတော့ သူတို့ကို မထည့်လိုက်နိုင်ဘူး။ ဒီနှစ်မှာ တော့ စာရေးဆရာတွေ ပြန်ထည့် ထားတယ်။ စာရေးဆရာသည် ရုပ်ရှင်သရုပ်ဆောင် ဘယ်သူ ကောင်းတယ်ဆိုတာ ကြည့်နိုင် တယ်။ နောက်ပြီး ဇာတ်ကား ဒါရိုက်တာ သူကြည့်ပြီးဝေဖန်နိုင်တဲ့ အခြေအနေမှာရှိတယ်’’ဟု ဦးနှင်း မိုးက ပြောသည်။

သရုပ်ဆောင်အလွှာအနေ ဖြင့် သရုပ်ဆောင်ဆုလေးဆုအပါ အဝင် ဇာတ်ကားဆုနှင့် ဒါရိုက် တာဆုများ ရွေးချယ်ပေးရမည်ဖြစ် ပြီး အခြားအလွှာများသည် သက် ဆိုင်ရာ အလွှာအလိုက် ဆုရွေး ချယ်ခြင်းနှင့် သရုပ်ဆောင်ဆု လေးဆု၊ ဇာတ်ကားဆုအတွက် အလွှာအသီးသီးက ရွေးချယ်ပေး ရမည်ဖြစ်သည်။ ထို့ကြောင့် အ လွှာတစ်ခုလျှင် ဆုခြောက်ဆုစီ ရွေးချယ်ခွင့်ရရှိမည်ဖြစ်ပြီး ဒါရိုက် တာများက ဆု ၁၁ ဆုစလုံးအ တွက် ရွေးချယ်ခွင့်ရရှိမည်ဖြစ် သည်။သို့သော် အကဲဖြတ်အဖွဲ့ဝင် များနှင့်ပတ်သက်၍ သတ်မှတ် ထားသည့် စည်းကမ်းချက်များ ကြောင့် ထူးချွန်ဆုအတွက် ရွေး ချယ်ပေးမည့်သူများအား ရွေးချယ်ရာတွင် အခက်အခဲရှိကြောင်း ဦးနှင်းမိုးက ပြောသည်။

‘‘အမှုဆောင်တွေ မပါရ၊ ကားရိုက်တဲ့သူတွေ မပါရဆို တော့ ရွေးချယ်ရတာ တော်တော် ခက်ပါတယ်။ လူလည်းရှားသွား တယ်’’ဟု အကဲဖြတ်အဖွဲ့အ တွက် ရွေးချယ်ရမည့်အခက်အခဲ ကို ဆက်လက်ပြောသည်။

ထို့အပြင် အကယ်ဒမီနှင့် ပတ်သက်၍ ဝေဖန်မှုများ အမြဲ တမ်းကြုံရသောကြောင့် အကဲ ဖြတ်မလုပ်လိုသူများလည်း ရှိ သည်ဟု ၎င်းက ဆိုသည်။

ယခုနှစ် ရုပ်ရှင်ထူးချွန်ဆုအ တွက် စိစစ်အကဲဖြတ်ရမည့်စာ ရင်းဝင် ဇာတ်ကားအရေအတွက် ကို နိုဝင်ဘာလကုန်တွင် သိရမည် ဖြစ်ပြီး ဇာတ်ကားအရေအတွက် ၂၀ ကျော်ရှိနိုင်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ယခုနှစ် ထူးချွန်ဆု ရွေးချယ်ရာတွင် ဇာတ်ပို့နှင့် ဇာတ်ဆောင် အငြင်းပွားမှုအတွက် အ ကဲဖြတ်အဖွဲ့သို့ ထုတ်လုပ်သူနှင့် ဒါရိုက်တာတို့ တင်ပြသည့်အပေါ် ၌ စိစစ်မှုများ ပြုလုပ်မည်ဖြစ်ပြီး ရိုးသားစွာ တင်ခဲ့ခြင်းမရှိပါက ပြန် လည်ညှိနှိုင်းမည်ဟု ဦးနှင်းမိုးကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top