Kantharyar Centre
×

အႏွိပ္စက္ခံရသည့္ မိန္းကေလးငယ္တစ္ဦးက လက္မွ အမာရြတ္မ်ားကုိ ျပသေနစဥ္ (ဓာတ္ပုံ-နစ္ကီ)

 ဆယ္ေက်ာ္သက္အရြယ္ အိမ္အကူမိန္းကေလးႏွစ္ဦးကို ညႇဥ္းပန္းႏွိပ္စက္မႈမ်ားအတြက္ ျမန္မာႏုိင္ငံအမ်ိဳးသား လူ႔အခြင့္ အေရးေကာ္မရွင္က နစ္နာေၾကး ေပးသည့္နည္းျဖင့္ ညိႇႏိႈင္းေျဖရွင္း ေပးခဲ့သျဖင့္ ဥပေဒေၾကာင္းအရ ေဆာင္ရြက္ေပးရန္ တိုက္တြန္း မည္ျဖစ္ေၾကာင္းအမႈႏွင့္ပတ္ သက္၍ ရဲစခန္းသို႔ တိုင္ၾကားခဲ့သူ က ေျပာသည္။

‘‘ရာဇ၀တ္မႈက ႀကီးမားလြန္း အားႀကီးတယ္။ ကေလးေတြကို ကၽြန္ျပဳထားတယ္။ ႏွစ္ရွည္လမ်ား ခ်ဳပ္ေႏွာင္ႏွိပ္စက္ၿပီးေတာ့မွ ကၽြန္ ျပဳထားတယ္။ ကေလးေတြ ကိုယ္ တိုင္ကေရာ၊ ကေလးမိဘေတြ ကိုယ္တုိင္ကေရာ ေျဖရွင္းဖို႔အ တြက္ အစစအရာရာ နိမ့္က်ေနတဲ့ အတြက္ေၾကာင့္ ကၽြန္ေတာ္တို႔က ဒါကို ဥပေဒအတုိင္း ထိထိေရာက္ ေရာက္ျဖစ္ေစခ်င္တယ္’’ဟု ျဖစ္ စဥ္ကုိ  ရဲစခန္းသို႔ သတင္းေပး တုိင္ၾကားသူ ကိုေဆြ၀င္းက ေျပာ သည္။

ေက်ာက္တံတားၿမိဳ႕နယ္ လမ္း (၄၀)ရွိ အင္း၀အပ္ခ်ဳပ္ဆုိင္ တြင္ အိမ္အကူမိန္းကေလးမ်ားကို ညႇဥ္းပန္းႏွိပ္စက္ေနေၾကာင္း Myanmar Now သတင္းေအဂ်င္ စီက သတင္းရရွိစံုစမ္းခဲ့ၿပီးေနာက္  ယင္းေအဂ်င္စီမွ သတင္းေထာက္ ကိုေဆြ၀င္းက ယင္းျဖစ္စဥ္ကို စံု စမ္းစစ္ေဆးေပးရန္ လြန္ခဲ့သည့္ သံုးလက ေက်ာက္တံတားၿမိဳ႕နယ္ ရဲစခန္းသို႔ တိုင္ၾကားခဲ့သည္။ ထို႔ ေနာက္ ရဲစခန္းက အေရးယူျခင္းမ ရွိသျဖင့္ ျမန္မာႏုိင္ငံအမ်ိဳးသားလူ႔ အခြင့္အေရးေကာ္မရွင္႐ံုးသို႔ ဆက္လက္တုိင္ၾကားျခင္းျဖစ္ သည္။

ယင္းအိမ္အကူ မိန္းကေလး ႏွစ္ဦးမွာ ေကာ့မွဴးၿမိဳ႕နယ္ ေက်း ရြာမွျဖစ္ၿပီး တစ္ဦးတြင္ လက္ေခ်ာင္းဆယ္ေခ်ာင္းက်ိဳးသည့္ ဒဏ္ရာမ်ား၊ အေရျပားေပၚတြင္ မီး႐ႈိ႕ခံရသည့္ ဒဏ္ရာမ်ား၊ ကတ္ေၾကးျဖင့္ ထိုးထားသည့္ ဒဏ္ရာမ်ားရရွိေနၿပီး က်န္တစ္ဦး၏ ႏွာေခါင္းေပၚ၌ ဓားျဖင့္ ခုတ္ထားျခင္းျဖစ္သည္ဟု အိမ္အကူမိန္းကေလးႏွစ္ဦးက သတင္းေထာက္မ်ားအား   ေျပာ သည္။

လူ႔အခြင့္အေရးေကာ္မရွင္ ၏ ညိႇႏိႈင္းမႈျဖင့္ လက္ေခ်ာင္းဆယ္ ေခ်ာင္းႏွင့္ လက္ေမာင္းတစ္ဖက္ က်ိဳးေနၿပီး အေရျပားမ်ား မီး႐ိႈ႕ခံ ထားရသည့္ အသက္ (၁၆)ႏွစ္အ ရြယ္ မိန္းကေလးအတြက္ ငါးႏွစ္ စာ လုပ္ခအပါအ၀င္ က်ပ္သိန္း ေလးဆယ္၊ ကတ္ေၾကးျဖင့္ အ ထိုးခံရၿပီး ႏွာေခါင္းတြင္ ဓားျဖင့္ ခုတ္ခံရသည္ဆိုသည့္ (၁၇) ႏွစ္ အရြယ္ မိန္းကေလးအတြက္ ငါး ႏွစ္စာလုပ္ခအပါအ၀င္ ေငြက်ပ္ ဆယ္သိန္းကို အိမ္ရွင္မ်ားက နစ္ နာေၾကးေပးမည္ဆုိၿပီး မိဘမ်ား က ေက်နပ္ၾကသျဖင့္ အမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္႐ံုးခန္း တြင္ စက္တင္ဘာ ၁၅ ရက္က ညိႇႏိႈင္းၿပီးစီးခဲ့ျခင္းျဖစ္သည္။

‘‘သူတို႔ ေျပာင္းလာတာ ဘာ မွမၾကာေသးဘူး။ ရပ္ကြက္ထဲမွာ လည္း ဆူညံေနတာပဲ။ ေန႔ဆုိ အိပ္တယ္ မထဘူး။ ညဆိုမအိပ္ ဘူး။ တစ္ခါတေလ အားဆုိတဲ့ အ သံနက္ႀကီးေတြ ၾကားရလို႔ လန္႔ တယ္။ အဲဒီကေလးေတြက ထြက္ လာရင္ အေႏြးထည္လက္ရွည္ ႀကီးေတြနဲ႔ သနပ္ခါးေတြလည္း ဖံု ေနေအာင္လိမ္းထားတတ္တယ္။ ရယ္လည္း မရယ္ ၿပံဳးလည္း မၿပံဳး ဘူး။ ႏွိပ္စက္ေနတာ သိေပမယ့္ အဲဒီေလာက္ဆိုးမယ္မထင္ခဲ့ဘူး။ အခု ေနာက္ထပ္ေကာင္မေလး ေတြ ထပ္ေရာက္ေနျပန္ၿပီ’’ဟု လမ္း (၄၀)တြင္ ေနထိုင္သူတစ္ဦး က ဆုိသည္။

သူကဆက္ၿပီး ‘‘သူတို႔ကုိ ဖမ္းေစခ်င္တယ္။ အဲဒီပဲြစားေတြ ကိုလည္း ဖမ္းဖို႔ေကာင္းတယ္။ ဒီ အိမ္ဆုိးမွန္းသိရင္ မပို႔နဲ႔ေပ့ါ’’ဟု ျဖည့္စြက္ေျပာၾကားသည္။ ၎က ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးထံသို႔ လမ္းေနျပည္သူမ်ားက တိုင္တန္း ၾကေသာ္လည္း ေခၚယူေမးျမန္း သည္က လဲြ၍ ဘာမွမထူးေၾကာင္း ေျပာျပသည္။

ထိုအမႈမွာ ျပစ္မႈဆုိင္ရာ ဥပေဒ ရာဇသတ္ႀကီးပုဒ္မ ၃၆၇၊ ၃၆၈၊ ၃၇၀၊ ၃၇၁၊ ၃၂၅၊ ၃၂၆၊ အျပင္းအထန္နာက်င္ေစမႈ စ သည့္ ရာဇ၀တ္မႈႀကီးမ်ားႏွင့္ အ က်ံဳး၀င္ေနၿပီး အရြယ္မေရာက္ ေသးသည့္ ကေလးမ်ားကို ကၽြန္ျပဳ ရန္ ရည္ရြယ္ခ်က္ႏွင့္ စီမံထိန္း သိမ္းထားျခင္း၊ လွ်ိဳ႕၀ွက္ထားျခင္း ေၾကာင့္ ျပစ္မႈႀကီးျဖစ္ေနသကဲ့သို႔ တစ္သက္တစ္ကၽြန္းအထိ ဒဏ္ခ် မွတ္ႏုိင္၍ ေက်ေအး၍ မရႏိုင္သ လို အာမခံႏွင့္လႊတ္ေပးလည္းမရ ေၾကာင္း ဥပေဒအႀကံေပး ဦးခင္ ေမာင္ျမင့္က ေျပာပါသည္။

‘‘သူ႔ျဖစ္စဥ္မွာ တစ္သက္ တစ္ကၽြန္းက်ေစႏုိင္တဲ့ ျပစ္မႈႀကီး ႏွစ္ခုကို ေတာက္ေလွ်ာက္ႀကီး က်ဴးလြန္လာၿပီး ဒါႀကီးကို လူ႔အ ခြင့္အေရးေကာ္မရွင္ကေရာ၊ သက္ဆုိင္ရာ ရဲတပ္ဖဲြ႕ကေရာ ဥပေဒကို သိပါရဲ႕နဲ႔ ထိမ္ခ်န္ထား တယ္။ တရား႐ံုးမေရာက္ေအာင္ တားဆီးထားတာကိုက ဥပေဒနဲ႔ မညီၫြတ္ဘူးေပါ့ဗ်ာ’’ဟု ဦးခင္ ေမာင္ျမင့္က ေျပာသည္။

ျမန္မာႏုိင္ငံ အမ်ိဳးသားလူ႔ အခြင့္ေရးေကာ္မရွင္ အဖဲြ႕၀င္ ဦးေဇာ္၀င္းက ရဲ၊ အမ်ိဳးသမီးေရး ရာ အဖဲြ႕၀င္တစ္ဦး၊မူလတိုင္ၾကား သူ၊ ကာယကံရွင္မ်ားႏွင့္ ညိႇႏိႈင္းခဲ့ ျခင္းျဖစ္ၿပီး ေကာ္မရွင္၏ လုပ္ထံုး လုပ္နည္းအရ ႀကီးသည့္အမႈကို ငယ္ေစရန္၊ ေပ်ာက္ေစရန္ လုပ္္ရ ျခင္းျဖစ္ေၾကာင္းႏွင့္ သူမနာ၊ ကိုယ္မနာနည္းႏွင့္ ေစ့စပ္ေဆြး ေႏြးျခင္းျဖစ္ေၾကာင္း ေျပာၾကား သည္။ ထို႔အတူ ကာယကံရွင္မ်ား က မေက်နပ္မွသာ ဥပေဒႏွင့္ အညီ သြားမည္ျဖစ္ေၾကာင္း ေျဖ ၾကားသည္။

‘‘ဒါက ေမတၱာတရားနဲ႔ ေျဖ ရွင္းေပးလိုက္တာေပါ့’’ဟု 7Day Daily သတင္းစာ၏ ေမးျမန္းခ်က္ ကို ဦးေဇာ္၀င္းက ေျဖၾကားသည္။

ဥပေဒပညာရွင္မ်ား၏ တရားဥပေဒႏွင့္မညီၫြတ္ဟုဆုိ သည့္ ေ၀ဖန္ခ်က္မ်ားကို ‘‘တို႔က လူ႔အခြင့္အေရး ႐ႈေထာင့္ကေနၿပီး ေတာ့ ျဖစ္တာ။ အဲဒါကိုမွ ဆန္႔ က်င္တယ္လို႔ ယူဆတယ္ဆုိရင္ တုိ႔ကို တရားစဲြေပါ့’’ဟု ဦးေဇာ္၀င္း က ဆုိသည္။

အင္း၀အပ္ခ်ဳပ္ဆုိင္ပိုင္ရွင္ မိသားစုက ႏုိင္ငံေတာ္အဆင့္ ေကာ္မရွင္က ေျဖရွင္းေပးထား ျခင္းျဖစ္၍ မီဒီယာသို႔ ေျပာၾကားစ ရာဘာမွ်မရွိဟုသာ ေျဖၾကား သည္။

ေကာ့မွဴးၿမိဳ႕နယ္ တုိင္းေဒသ ႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေဇာ္မင္းေအာင္ကလည္း ကာယကံရွင္ မိဘမ်ားက အမႈဖြင့္လို သည့္ဆႏၵ မရွိသလို လႊတ္ေတာ္ ကုိယ္စားလွယ္တစ္ေယာက္ အ ေနျဖင့္လည္း အလုပ္မ်ားေနသ ျဖင့္ အမႈဖြင့္သည့္ကိစၥမ်ားကုိ မ လုပ္ႏုိင္ေၾကာင္းေျပာသည္။ သို႔ ေသာ္ ထိုကိစၥမ်ား ေနာက္ထပ္မ ျဖစ္ပြားေစရန္ သက္ဆုိင္ရာတာ ၀န္ရွိသူမ်ားႏွင့္ ေဆြးေႏြးညိႇႏိႈင္း မည္ဟု ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အနှိပ်စက်ခံရသည့် မိန်းကလေးငယ်တစ်ဦးက လက်မှ အမာရွတ်များကို ပြသနေစဉ် (ဓာတ်ပုံ-နစ်ကီ)

 ဆယ်ကျော်သက်အရွယ် အိမ်အကူမိန်းကလေးနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်မှုများအတွက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်က နစ်နာကြေး ပေးသည့်နည်းဖြင့် ညှိနှိုင်းဖြေရှင်း ပေးခဲ့သဖြင့် ဥပဒေကြောင်းအရ ဆောင်ရွက်ပေးရန် တိုက်တွန်း မည်ဖြစ်ကြောင်းအမှုနှင့်ပတ် သက်၍ ရဲစခန်းသို့ တိုင်ကြားခဲ့သူ က ပြောသည်။

‘‘ရာဇဝတ်မှုက ကြီးမားလွန်း အားကြီးတယ်။ ကလေးတွေကို ကျွန်ပြုထားတယ်။ နှစ်ရှည်လများ ချုပ်နှောင်နှိပ်စက်ပြီးတော့မှ ကျွန် ပြုထားတယ်။ ကလေးတွေ ကိုယ် တိုင်ကရော၊ ကလေးမိဘတွေ ကိုယ်တိုင်ကရော ဖြေရှင်းဖို့အ တွက် အစစအရာရာ နိမ့်ကျနေတဲ့ အတွက်ကြောင့် ကျွန်တော်တို့က ဒါကို ဥပဒေအတိုင်း ထိထိရောက် ရောက်ဖြစ်စေချင်တယ်’’ဟု ဖြစ် စဉ်ကို  ရဲစခန်းသို့ သတင်းပေး တိုင်ကြားသူ ကိုဆွေဝင်းက ပြော သည်။

ကျောက်တံတားမြို့နယ် လမ်း (၄၀)ရှိ အင်းဝအပ်ချုပ်ဆိုင် တွင် အိမ်အကူမိန်းကလေးများကို ညှဉ်းပန်းနှိပ်စက်နေကြောင်း Myanmar Now သတင်းအေဂျင် စီက သတင်းရရှိစုံစမ်းခဲ့ပြီးနောက်  ယင်းအေဂျင်စီမှ သတင်းထောက် ကိုဆွေဝင်းက ယင်းဖြစ်စဉ်ကို စုံ စမ်းစစ်ဆေးပေးရန် လွန်ခဲ့သည့် သုံးလက ကျောက်တံတားမြို့နယ် ရဲစခန်းသို့ တိုင်ကြားခဲ့သည်။ ထို့ နောက် ရဲစခန်းက အရေးယူခြင်းမ ရှိသဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ရုံးသို့ ဆက်လက်တိုင်ကြားခြင်းဖြစ် သည်။

ယင်းအိမ်အကူ မိန်းကလေး နှစ်ဦးမှာ ကော့မှူးမြို့နယ် ကျေး ရွာမှဖြစ်ပြီး တစ်ဦးတွင် လက်ချောင်းဆယ်ချောင်းကျိုးသည့် ဒဏ်ရာများ၊ အရေပြားပေါ်တွင် မီးရှို့ခံရသည့် ဒဏ်ရာများ၊ ကတ်ကြေးဖြင့် ထိုးထားသည့် ဒဏ်ရာများရရှိနေပြီး ကျန်တစ်ဦး၏ နှာခေါင်းပေါ်၌ ဓားဖြင့် ခုတ်ထားခြင်းဖြစ်သည်ဟု အိမ်အကူမိန်းကလေးနှစ်ဦးက သတင်းထောက်များအား   ပြော သည်။

လူ့အခွင့်အရေးကော်မရှင် ၏ ညှိနှိုင်းမှုဖြင့် လက်ချောင်းဆယ် ချောင်းနှင့် လက်မောင်းတစ်ဖက် ကျိုးနေပြီး အရေပြားများ မီးရှို့ခံ ထားရသည့် အသက် (၁၆)နှစ်အ ရွယ် မိန်းကလေးအတွက် ငါးနှစ် စာ လုပ်ခအပါအဝင် ကျပ်သိန်း လေးဆယ်၊ ကတ်ကြေးဖြင့် အ ထိုးခံရပြီး နှာခေါင်းတွင် ဓားဖြင့် ခုတ်ခံရသည်ဆိုသည့် (၁၇) နှစ် အရွယ် မိန်းကလေးအတွက် ငါး နှစ်စာလုပ်ခအပါအဝင် ငွေကျပ် ဆယ်သိန်းကို အိမ်ရှင်များက နစ် နာကြေးပေးမည်ဆိုပြီး မိဘများ က ကျေနပ်ကြသဖြင့် အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးခန်း တွင် စက်တင်ဘာ ၁၅ ရက်က ညှိနှိုင်းပြီးစီးခဲ့ခြင်းဖြစ်သည်။

‘‘သူတို့ ပြောင်းလာတာ ဘာ မှမကြာသေးဘူး။ ရပ်ကွက်ထဲမှာ လည်း ဆူညံနေတာပဲ။ နေ့ဆို အိပ်တယ် မထဘူး။ ညဆိုမအိပ် ဘူး။ တစ်ခါတလေ အားဆိုတဲ့ အ သံနက်ကြီးတွေ ကြားရလို့ လန့် တယ်။ အဲဒီကလေးတွေက ထွက် လာရင် အနွေးထည်လက်ရှည် ကြီးတွေနဲ့ သနပ်ခါးတွေလည်း ဖုံ နေအောင်လိမ်းထားတတ်တယ်။ ရယ်လည်း မရယ် ပြုံးလည်း မပြုံး ဘူး။ နှိပ်စက်နေတာ သိပေမယ့် အဲဒီလောက်ဆိုးမယ်မထင်ခဲ့ဘူး။ အခု နောက်ထပ်ကောင်မလေး တွေ ထပ်ရောက်နေပြန်ပြီ’’ဟု လမ်း (၄၀)တွင် နေထိုင်သူတစ်ဦး က ဆိုသည်။

သူကဆက်ပြီး ‘‘သူတို့ကို ဖမ်းစေချင်တယ်။ အဲဒီပွဲစားတွေ ကိုလည်း ဖမ်းဖို့ကောင်းတယ်။ ဒီ အိမ်ဆိုးမှန်းသိရင် မပို့နဲ့ပေ့ါ’’ဟု ဖြည့်စွက်ပြောကြားသည်။ ၎င်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ လမ်းနေပြည်သူများက တိုင်တန်း ကြသော်လည်း ခေါ်ယူမေးမြန်း သည်က လွဲ၍ ဘာမှမထူးကြောင်း ပြောပြသည်။

ထိုအမှုမှာ ပြစ်မှုဆိုင်ရာ ဥပဒေ ရာဇသတ်ကြီးပုဒ်မ ၃၆၇၊ ၃၆၈၊ ၃၇၀၊ ၃၇၁၊ ၃၂၅၊ ၃၂၆၊ အပြင်းအထန်နာကျင်စေမှု စ သည့် ရာဇဝတ်မှုကြီးများနှင့် အ ကျုံးဝင်နေပြီး အရွယ်မရောက် သေးသည့် ကလေးများကို ကျွန်ပြု ရန် ရည်ရွယ်ချက်နှင့် စီမံထိန်း သိမ်းထားခြင်း၊ လျှို့ဝှက်ထားခြင်း ကြောင့် ပြစ်မှုကြီးဖြစ်နေသကဲ့သို့ တစ်သက်တစ်ကျွန်းအထိ ဒဏ်ချ မှတ်နိုင်၍ ကျေအေး၍ မရနိုင်သ လို အာမခံနှင့်လွှတ်ပေးလည်းမရ ကြောင်း ဥပဒေအကြံပေး ဦးခင် မောင်မြင့်က ပြောပါသည်။

‘‘သူ့ဖြစ်စဉ်မှာ တစ်သက် တစ်ကျွန်းကျစေနိုင်တဲ့ ပြစ်မှုကြီး နှစ်ခုကို တောက်လျှောက်ကြီး ကျူးလွန်လာပြီး ဒါကြီးကို လူ့အ ခွင့်အရေးကော်မရှင်ကရော၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကရော ဥပဒေကို သိပါရဲ့နဲ့ ထိမ်ချန်ထား တယ်။ တရားရုံးမရောက်အောင် တားဆီးထားတာကိုက ဥပဒေနဲ့ မညီညွတ်ဘူးပေါ့ဗျာ’’ဟု ဦးခင် မောင်မြင့်က ပြောသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်ရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းက ရဲ၊ အမျိုးသမီးရေး ရာ အဖွဲ့ဝင်တစ်ဦး၊မူလတိုင်ကြား သူ၊ ကာယကံရှင်များနှင့် ညှိနှိုင်းခဲ့ ခြင်းဖြစ်ပြီး ကော်မရှင်၏ လုပ်ထုံး လုပ်နည်းအရ ကြီးသည့်အမှုကို ငယ်စေရန်၊ ပျောက်စေရန် လုပ်ရ ခြင်းဖြစ်ကြောင်းနှင့် သူမနာ၊ ကိုယ်မနာနည်းနှင့် စေ့စပ်ဆွေး နွေးခြင်းဖြစ်ကြောင်း ပြောကြား သည်။ ထို့အတူ ကာယကံရှင်များ က မကျေနပ်မှသာ ဥပဒေနှင့် အညီ သွားမည်ဖြစ်ကြောင်း ဖြေ ကြားသည်။

‘‘ဒါက မေတ္တာတရားနဲ့ ဖြေ ရှင်းပေးလိုက်တာပေါ့’’ဟု 7Day Daily သတင်းစာ၏ မေးမြန်းချက် ကို ဦးဇော်ဝင်းက ဖြေကြားသည်။

ဥပဒေပညာရှင်များ၏ တရားဥပဒေနှင့်မညီညွတ်ဟုဆို သည့် ဝေဖန်ချက်များကို ‘‘တို့က လူ့အခွင့်အရေး ရှုထောင့်ကနေပြီး တော့ ဖြစ်တာ။ အဲဒါကိုမှ ဆန့် ကျင်တယ်လို့ ယူဆတယ်ဆိုရင် တို့ကို တရားစွဲပေါ့’’ဟု ဦးဇော်ဝင်း က ဆိုသည်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုက နိုင်ငံတော်အဆင့် ကော်မရှင်က ဖြေရှင်းပေးထား ခြင်းဖြစ်၍ မီဒီယာသို့ ပြောကြားစ ရာဘာမျှမရှိဟုသာ ဖြေကြား သည်။

ကော့မှူးမြို့နယ် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင်ကလည်း ကာယကံရှင် မိဘများက အမှုဖွင့်လို သည့်ဆန္ဒ မရှိသလို လွှတ်တော် ကိုယ်စားလှယ်တစ်ယောက် အ နေဖြင့်လည်း အလုပ်များနေသ ဖြင့် အမှုဖွင့်သည့်ကိစ္စများကို မ လုပ်နိုင်ကြောင်းပြောသည်။ သို့ သော် ထိုကိစ္စများ နောက်ထပ်မ ဖြစ်ပွားစေရန် သက်ဆိုင်ရာတာ ဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း မည်ဟု ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top