ရန္ကုန္ၿမိဳ႕ရွိ
လိုင္စင္မဲ့ (without) ေမာ္ေတာ္ယာဥ္မ်ားကုိ ထိန္းခ်ဳပ္ေရး
သံုးရက္တစ္စီးႏႈန္း ဖမ္းဆီးရမိရန္ ၫႊန္ၾကားထား ေၾကာင္း အမွတ္(၂)
ယာဥ္ထိန္းရဲ တပ္ဖဲြ႕ခဲြမွဴး႐ံုးမွ သတင္းရရွိ သည္။
လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္
မ်ားကို အေရးယူရန္ ယာဥ္ထိန္း အဖဲြ႕ ၃၁ ဖဲြ႕ကုိ ဖဲြ႕စည္းၿပီး ဖမ္း
ဆီးေရးယာဥ္ ၄၈ စီးျဖင့္ စစ္ေဆး မႈမ်ား လုပ္ေဆာင္ေနေၾကာင္း အ မွတ္(၂)
ယာဥ္ထိန္းရဲတပ္ဖဲြ႕ခဲြမွဴး ႐ံုးမွ ဒုရဲမွဴးႀကီးေအာင္ကိုဦးက ေျပာသည္။
‘‘သံုးရက္ကို
တစ္စီးႏႈန္းဖမ္း ဆီးႏိုင္ဖို႔ ၫႊန္ၾကားထားတယ္။ ဒါမွလည္း
လိုင္စင္မဲ့ယာဥ္ေတြ ေလ်ာ့သြားမယ္။ ေနာက္ၿပီး ယာဥ္ တုိက္ၿပီး ထြက္ေျပးတဲ့အခါ
တခ်ိဳ႕ ယာဥ္ေတြက လိုင္စင္မဲ့ကားေတြ ျဖစ္ေနတဲ့အတြက္ ျပစ္မႈက်ဴးလြန္ သူကို
ဖမ္းဆီးအေရးယူဖို႔လည္း ခက္ခဲတယ္’’ဟု ၎က ေျပာၾကားသည္။
လက္ရွိတြင္
ရန္ကုန္ၿမိဳ႕တြင္း လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ပတ္သက္၍
စီမံခ်က္မ်ားျဖင့္ ထိန္းခ်ဳပ္သြားရန္ လုပ္ေဆာင္ေန ၿပီး ေနာက္ပိုင္းတြင္
နည္းပညာ အကူအညီမ်ားျဖင့္ ဖမ္းဆီးအေရး ယူမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္း
ေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္ အဖဲြ႕မွ
သတင္းရရွိသည္။
ရန္ကုန္တိုင္းတြင္ ၂၀၁၆ ဇန္န၀ါရီမွ ၾသဂုတ္အထိ ရွစ္လအ
တြင္း ဖမ္းမိေသာ လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္ ၅၈ စီးရွိၿပီး
ပုိင္ရွင္မဲ့ဖမ္းဆီးရမိမႈ ၅၆ စီးရွိေၾကာင္း အမွတ္(၂)ယာဥ္ထိန္းရဲတပ္ဖဲြ႕ခဲြ
မွဴး႐ံုးက ထုတ္ျပန္သည္။
လုိင္စင္မဲ့ယာဥ္သည္ ပိုင္ရွင္ ႏွင့္အတူ
ဖမ္းမိလွ်င္ သြင္းကုန္ ထုတ္ကုန္ဥပေဒ ပုဒ္မ ၈ အရ ေထာင္ဒဏ္ ၂ ႏွစ္၊
ဒဏ္ေငြက်ပ္ ႏွစ္သိန္းခ်မွတ္ႏုိင္ၿပီး လိုင္စင္မဲ့ ယာဥ္ကို
ႏုိင္ငံပုိင္သိမ္းဆည္းမည္ ျဖစ္ေၾကာင္း အမွတ္(၂)ယာဥ္
ထိန္းတပ္ဖဲြ႕ခဲြမွဴး႐ံုးမွ သတင္းရရွိ သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily
#Unicode Version
ရန်ကုန်မြို့ရှိ
လိုင်စင်မဲ့ (without) မော်တော်ယာဉ်များကို ထိန်းချုပ်ရေး
သုံးရက်တစ်စီးနှုန်း ဖမ်းဆီးရမိရန် ညွှန်ကြားထား ကြောင်း အမှတ်(၂)
ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိ သည်။
လိုင်စင်မဲ့မော်တော်ယာဉ်
များကို အရေးယူရန် ယာဉ်ထိန်း အဖွဲ့ ၃၁ ဖွဲ့ကို ဖွဲ့စည်းပြီး ဖမ်း
ဆီးရေးယာဉ် ၄၈ စီးဖြင့် စစ်ဆေး မှုများ လုပ်ဆောင်နေကြောင်း အ မှတ်(၂)
ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံးမှ ဒုရဲမှူးကြီးအောင်ကိုဦးက ပြောသည်။
‘‘သုံးရက်ကို
တစ်စီးနှုန်းဖမ်း ဆီးနိုင်ဖို့ ညွှန်ကြားထားတယ်။ ဒါမှလည်း
လိုင်စင်မဲ့ယာဉ်တွေ လျော့သွားမယ်။ နောက်ပြီး ယာဉ် တိုက်ပြီး ထွက်ပြေးတဲ့အခါ
တချို့ ယာဉ်တွေက လိုင်စင်မဲ့ကားတွေ ဖြစ်နေတဲ့အတွက် ပြစ်မှုကျူးလွန် သူကို
ဖမ်းဆီးအရေးယူဖို့လည်း ခက်ခဲတယ်’’ဟု ၎င်းက ပြောကြားသည်။
လက်ရှိတွင်
ရန်ကုန်မြို့တွင်း လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် ပတ်သက်၍
စီမံချက်များဖြင့် ထိန်းချုပ်သွားရန် လုပ်ဆောင်နေ ပြီး နောက်ပိုင်းတွင်
နည်းပညာ အကူအညီများဖြင့် ဖမ်းဆီးအရေး ယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှ
သတင်းရရှိသည်။
ရန်ကုန်တိုင်းတွင် ၂၀၁၆ ဇန်နဝါရီမှ သြဂုတ်အထိ ရှစ်လအ
တွင်း ဖမ်းမိသော လိုင်စင်မဲ့မော်တော်ယာဉ် ၅၈ စီးရှိပြီး
ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှု ၅၆ စီးရှိကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ
မှူးရုံးက ထုတ်ပြန်သည်။
လိုင်စင်မဲ့ယာဉ်သည် ပိုင်ရှင် နှင့်အတူ
ဖမ်းမိလျှင် သွင်းကုန် ထုတ်ကုန်ဥပဒေ ပုဒ်မ ၈ အရ ထောင်ဒဏ် ၂ နှစ်၊
ဒဏ်ငွေကျပ် နှစ်သိန်းချမှတ်နိုင်ပြီး လိုင်စင်မဲ့ ယာဉ်ကို
နိုင်ငံပိုင်သိမ်းဆည်းမည် ဖြစ်ကြောင်း အမှတ်(၂)ယာဉ်
ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိ သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily